အနုအကြမ်း​​​၊​​ ဥပ​​က္ခောနှင့်​​ အ​​ခြေအ​​နေ​၊​​ အချိန်အခါ ပြည်မြန်မာ

သရုပ်​​​​ဖေါ်ပုံ © PMV

နိုင်ငံအချင်း​​ချင်း​​ကြား​​​၊​​ လူမျိုး​​စု အချင်း​​ချင်း​​ကြား​​​၊​​ အဖွဲ့​​စည်း​​အချင်း​​ချင်း​​ကြား​​​၊​​ အိမ်​​ထောင်စုများ​​ကြား​​​၊​​ လင်မယား​​ကြား​​​၊​​ မိဘနှင့်​​ သား​​သမီး​​ကြား​​​၊​​ ဆရာနဲ့​​ တပည့်​​ကြား​​​၊​​

လူသား​​အချင်း​​ချင်း​​ကြား​​ ရှိတတ်တဲ့​​ ပြဿနာများ​​​၊​​ ပဋိပက္ခများ​​ကို ကိုင်တွယ်​​ဖြေရှင်း​​ကြရာမှာအနုနည်း​​​၊​​ အကြမ်း​​နည်း​​နဲ့​​ ဥပ​​က္ခောပြုတဲ့​​ နည်း​​ဆိုတဲ့​​ နည်း​​သုံး​​သွယ်နဲ့​​ ​​ဖြေရှင်း​​​လေ့​​ ရှိကြတယ်​။​ လူနတ်ဗြဟ္မာတို့​​ရဲ့​​ သုံး​​လူ့​​ထွဋ်ထား​​ ရှင်​​တော်ဘုရား​​​သော်မှ တပည့်​​သံဃာများ​​ကို ဆုံး​​မပဲ့​​ပြင်ရာမှာ အဲ့​​ဒီနည်း​​လမ်း​​သုံး​​သွယ်ကိုပဲ သုံး​​တဲ့​​ အ​​ကြောင်း​​​၊​​ မြင်း​​ထိန်း​​သည်က သူရဲ့​​မြင်း​​​တွေကို ထိန်း​​​ကြောင်း​​ရာမှာ သုံး​​တဲ့​​နည်း​​နဲ့​​တူတဲ့​​အ​​ကြောင်း​​ ဗုဒ္ဓစာ​​ပေထဲမှာ ဖတ်ရှုမှတ်သား​​ခဲ့​​ဘူး​​တယ်​။​

ဒါ​​ပေမယ့်​​ အဲ့​​ဒီ အနုနည်း​​​၊​​ အကြမ်း​​နည်း​​​၊​​ ဥပ​​က္ခောပြုတဲ့​​နည်း​​​တွေထဲမှာ ဘယ်နည်း​​ဟာ အ​​ရေး​​ကြီး​​ဆုံး​​​၊​​ အထိ​​ရောက်ဆုံး​​လို့​​ ပုံ​​သေကား​​ချပ် ​​ပြောလို့​​မရနိုင်ပါ​။​ ကြံုလာတဲ့​​ ကာလံ​၊​​ ​​ဒေသံ​၊​​ အဂ္ဂံ​၊​​ ပ​​ရောဂံဆိုတဲ့​​ အချိန်အခါ​၊​​ ​​နေရာနဲ့​​ အ​​ခြေအ​​နေအ​​ကြောင်း​​တရား​​​တွေ​​ပေါ် မူတည်ပြီး​​ အနုနည်း​​ သုံး​​သင့်​​တဲ့​​အခါသုံး​​​၊​​ အကြမ်း​​နည်း​​နဲ့​​ ကိုင်တွယ်သင့်​​တာဆို ကိုင်တွယ်​၊​​ ဥပ​​က္ခောပြုသင့်​​တဲ့​​အချိန်ဆို ဥပ​​က္ခောပြုကြရမယ် မဟုတ်လား​​​။​ ဥပ​​က္ခောဆိုတဲ့​​​နေရာမှာ ​​ဒေါသနဲ့​​ယှဉ်တဲ့​​ ဥပ​​က္ခောကို မဆိုလိုပါ​။​ ​​မေတ္တာနဲ့​​ ယှဉ်တဲ့​​ ဥပ​​က္ခောပါ​။​ ​​ပြောလို့​​ဆိုလို့​​ ဆုံး​​မလို့​​ မရတဲ့​​ အချိန်မှာ ဥပ​​က္ခောပြုထား​​လိုက်​၊​​ ရတဲ့​​အချိန်မှာ ဆုံး​​မပဲ့​​ပြင်​လိုက်မယ်​ဆိုတဲ့​​ သ​​ဘောပါ​။​ အဲ့​​ဒီလိုပါပဲ​၊​​ ဗမာပြည်ရဲ့​​ ဒီမိုက​​ရေစီနိုင်ငံ ထူ​​ထောင်​​ရေး​​ပြဿနာကို နှစ်​​ပေါင်း​​(၅၀)နီး​​ပါ​။​ ၁၉၆၂ နှစ်ကစလို့​​ အထက်မှာ​​ဖော်ပြခဲ့​​တဲ့​​ နည်း​​လမ်း​​(၃)သွယ်နဲ့​​ အမျိုး​​မျိုး​​ကြိုး​​စား​​ခဲ့​​ကြတာပဲ မဟုတ်လား​​​။​

အမျိုး​​သား​​ပြန်လည်သင့်​​မြတ်​​ရေး​​​၊​​ ငြိမ်း​​ချမ်း​​စွာ ​​တွေ့​​ဆုံ​​ဆွေး​​​နွေး​​အ​​ဖြေရှာ​​ရေး​​ စတဲ့​​ အနုနည်း​​ကို သုံး​​ခဲ့​​ကြသလို​၊​​ လက်နက်ကိုင်​​တော်လှန်​​ရေး​​ဆိုတဲ့​​ အကြမ်း​​နည်း​​ကိုလဲ သုံး​​ခဲ့​​ကြတာ ဒီ​​နေ့​​အချိန်ထိပဲ မဟုတ်လား​​​။​ မဆလနဲ့​​ နဝတဟာ သူ့​​မြင်း​​သူစိုင်း​​​၊​​ ရိုင်း​​ချင်တိုင်း​​ရိုင်း​​ခဲ့​​တဲ့​​ တစ်ချို့​​ကာလ​​တွေမှာ ပြည်သူ​​တွေက သူတို့​​ကို ဥပ​​က္ခောပြုတဲ့​​နည်း​​သုံး​​ပြီး​​ လျစ်လျှူရှုထား​​ခဲ့​​ရတာလဲ အား​​လုံး​​အသိပါ​။​

စိတ်ဝင်စား​​စရာ အ​​ကောင်း​​ဆုံး​​ နည်း​​တစ်နည်း​​က လူထုနည်း​​ပါ​။​ လူထုနည်း​​ဆိုတဲ့​​​နေရာမှာ လမ်း​​​ပေါ် ထွက်ဆန္ဒရုံတင် မဟုတ်ပါဘူး​​​။​ မတရား​​တဲ့​​ အမိန့်​​အာဏာနဲ့​​ မှား​​ယွင်း​​တဲ့​​အုပ်ချုပ်မှုမှန်သမျှကို ငြိမ်း​​ချမ်း​​စွာ ဆန့်​​ကျင်တဲ့​​ လှုပ်ရှား​​မှုမှန်သမျှ အကျံုး​​ဝင်ပါတယ်​။​ ဗမာနိုင်ငံတွင်း​​မှာ အခုဆို ကျယ်ပြန့်​​တဲ့​​ ကွန်ယက်များ​​စွာ ချိတ်ဆက်လှုပ်ရှား​​မှု​​တွေ ဖြစ်တည်​​နေပါပြီ​။​ အ​​ခြေခံအား​​ဖြင့်​​ လူထုနည်း​​ဟာ အနုနည်း​​မှာ အကျံုး​​ဝင်ပါတယ်​။​ ဒါ​​ပေမယ့်​​ ပါဝင်တဲ့​​ ပြည်သူလူထုကြီး​​တစ်ရပ်လုံး​​ရဲ့​​ နိုင်ငံ​​ရေး​​အသိ​​ရေချိန်နဲ့​​ ဦး​​​ဆောင်လှုပ်ရှား​​သူ​​တွေရဲ့​​ အရည်အချင်း​​​ပေါ် မူတည်ပြီး​​ တစ်ခါတစ်ရံ အကြမ်း​​နည်း​​ဖက် ​​ရောက်သွား​​တတ်ပါတယ်​။​ တန်ပြန်သပိတ်လို လူထုအ​​ရေး​​​တော်ပုံကြီး​​​တွေကို အနုနည်း​​က​​နေ အကြမ်း​​ဖက်နည်း​​ကို လမ်း​​မှား​​ပို့​​တတ်တဲ့​​ အဖျက်အ​​မှောင့်​​ပ​​ရောဂ​​တွေ ရှိတတ်သလို ဒီမိုက​​ရေစီအင်အား​​စုထဲမှာလည်း​​ အကြမ်း​​နည်း​​ကို အား​​သန်သူ​​တွေရဲ့​​ ဆန္ဒ​​စောမှုနဲ့​​ အချိန်အခါ အ​​ခြေအ​​နေ​​တွေ မ​​တောင်း​​ဆိုတဲ့​​ တိုက်တွန်း​​လှံု့​​​ဆော်မှု​​တွေဟာ အကြမ်း​​နည်း​​ဆီကို တွန်း​​ပို့​​တတ် ပါတယ်​။​

ဘယ်နည်း​​ကိုပဲသုံး​​သုံး​​ အား​​လုံး​​ရဲ့​​ အဓိကရည်ရွယ်ချက်က စနစ်​​ပြောင်း​​သွား​​ဖို့​​​၊​​ တန်ဘိုး​​​ပြောင်း​​ သွား​​ဖို့​​ (value change)​၊​​ စစ်မှန်တဲ့​​ဒီမိုက​​ရေစီ ထွန်း​​ကား​​ဖို့​​ပဲ မဟုတ်ပါ​။​ လက်စား​​​ချေဖို့​​ မဟုတ်ပါ​။​ နိုင်ငံသား​​အချင်း​​ချင်း​​ အမြစ်ဖြုတ်သုတ်သင်​​ရေး​​ မဟုတ်ပါ​။​

လူတိုင်း​​ဟာ ကိုယ်အား​​သန်ရာ​၊​​ ကိုယ်ယုံကြည်ရာနည်း​​ကို သုံး​​ကြပြီး​​ လူ့​​သဘာဝအတိုင်း​​ ကိုယ်သုံး​​တဲ့​​နည်း​​နဲ့​​ ​​အောင်ပွဲခံလိုတတ်ကြတယ် မဟုတ်လား​​​။​ ကိုယ်ယုံကြည်တဲ့​​နည်း​​ဟာ ဗမာ နိုင်ငံရဲ့​​ လက်ရှိနိုင်ငံ​​ရေး​​အခင်း​​အကျင်း​​ အ​​ခြေအ​​နေ​​တွေနဲ့​​ ကိုက်ညီမှု ရှိ-မရှိ​၊​​ အပ်စပ်မှု ရှိ-မရှိ ဆိုတာကို မိမိဖြစ်ချင်တဲ့​​ ဆန္ဒကို ​​ဘေး​​ချိတ်ပြီး​​ ​​လေး​​​လေး​​နက်နက် စဉ်း​​စား​​ဖို့​​ လိုပါတယ်​။​

ထင်ရှား​​တဲ့​​ ဥပမာတစ်ခုပြရမယ်ဆိုရင်​၊​​ ဇာတ်ပွဲ​၊​​ အငြိမ့်​​ပွဲ​​တွေမှာ ကြည်နိူး​​မှုရသ​​ပေး​​ရမယ့်​​ ဇာတ်ဝင်ခန်း​​တစ်ခုကို ဗိန်း​​​မောင်း​​တီး​​ပြီး​​ ဖွင့်​​လို့​​မရသလို​၊​​ ဘီလူး​​ဆိုင်း​​တီး​​ရမယ့်​​ ဇာတ်ဝင်ခန်း​​ကို တ​​ယောနဲ့​​ သွား​​ချွဲလို့​​ မရနိုင်ပါဘူး​​​။​ မသင့်​​​လျော်တာကို တိုက်တွန်း​​တဲ့​​သူဟာ ပွဲဖျက်သူသာ ဖြစ်သွား​​ပါလိမ့်​​မယ်​။​

​နောက်ဥပမာတစ်ခုကို ​​ဆောင်ရမယ်ဆိုရင် ငြိမ်း​​ချမ်း​​စွာ ​​တွေ့​​ဆုံ​​ဆွေး​​​နွေး​​အ​​ဖြေရှာ​​ရေး​​ဟာ လူခန္ဓာကိုယ်ရဲ့​​ ဦး​​​ခေါင်း​​နဲ့​​ တူတယ်လို့​​ တင်စား​​ရင်​၊​​ လက်နက်ကိုင်​​တော်လှန်​​ရေး​​ဟာ သန်မာတဲ့​​ လက်ရုံး​​လက်​​မောင်း​​ ​​ခြေသလုံး​​​ပေါင်တံများ​​နဲ့​​ တင်စား​​နိုင်သလို​၊​​ လူထုနည်း​​ဟာ အမှန်တရား​​ကို မြတ်နိုး​​မှုအ​​ခြေခံပြီး​​ ဇွဲသတ္တိနဲ့​​ လုပ်ရတာဖြစ်လို့​​ နှလုံး​​သား​​နဲ့​​ တင်စား​​နိုင်ပါတယ်​။​ ဘယ်ဟာက ပိုအ​​ရေး​​ကြီး​​တယ်​၊​​ ဘယ်ဟာက အဓိကကျတယ်လို့​​ ငြင်း​​ခုံ​​နေစရာ မလိုပါဘူး​​​။​ လူ့​​ခန္ဓာကိုယ်ကြီး​​ရဲ့​​ လုပ်ငန်း​​​ဆောင်တာ (Function) ​​တွေ ​​ဆောင်ရွက်ဖို့​​ အား​​လုံး​​ဟာမရှိမဖြစ် လိုအပ်ပါတယ်​။​ တစ်ခုနဲ့​​ တစ်ခု ​​ပေါင်း​​ကူး​​ဆက်စပ် ​​ထောက်ကူ​​နေကြတာပဲ မဟုတ်လား​​​။​ ဒါ​​ပေမယ့်​​ သူ့​​​နေရာနဲ့​​သူ လှုပ်ရှား​​ တတ်ဖို့​​ အသုံး​​ချတတ်ဖို့​​ အလွန်အ​​ရေး​​ကြီး​​ပါတယ်​။​

စာ​​ရေး​​ခြင်း​​ဆိုတဲ့​​ အလုပ်တစ်ခုလုပ်ဖို့​​ရာ ဦး​​​နှောက်နဲ့​​ နှလုံး​​သား​​ခံစား​​​တွေး​​​တောပြီး​​ ​​ရေး​​သား​​ရမယ့်​​ အချိန်မှာ လက်​​မောင်း​​လက်ရုံး​​နဲ့​​ ​​ခြေသလုံး​​​ပေါင် တံ​​တွေး​​အပြင်း​​ထန်လှုပ်ရှား​​ ကန်​​ကျောက်​​နေလို့​​ မဖြစ်နိုင်ပါဘူး​​​။​ ထိုနည်း​​လည်း​​​ကောင်း​​ပါပဲ စစ်တိုက်ရမယ့်​​အချိန်​၊​​ အား​​ကစား​​လုပ်ရမယ့်​​အချိန်မှာ ​​နွေး​​​ထွေး​​နွဲ့​​​နှောင်း​​​နေလို့​​ မဖြစ်ဘူး​​မဟုတ်လား​​​။​

ဒါ့​​​ကြောင့်​​ လက်ရှိကျွန်​​တော့်​​တို့​​ နိုင်ငံရဲ့​​ ဖြစ်တည်​​တောင်း​​ဆိုလာတဲ့​​ အ​​ခြေအ​​နေကို မှန်မှန်ကန်ကန် သုံး​​သပ်နိုင်ပြီး​​ အဲ့​​ဒီအ​​ခြေခံနဲ့​​ ကိုက်ညီတဲ့​​နည်း​​ကို သုံး​​ကြဖို့​​ ဝိုင်း​​ဝန်း​​ပံ့​​ပိုး​​ကြဖို့​​ အလွန်အ​​ရေး​​ကြီး​​ ​​နေပါပြီ​။​

ဒီ​​နေရာမှာ လက်ရှိအာဏာရယူထား​​တဲ့​​ ဦး​​သိန်း​​စိန်အစိုး​​ရကို ​​လေး​​​လေး​​နက်နက် တိုက်တွန်း​​လို တာက​၊​​ ရလာတဲ့​​ ရ​​နေပြီး​​ဖြစ်တဲ့​​ အခွင်း​​အ​​ရေး​​ကို အထိအ​​ရောက်ဆုံး​​ အမြန်ဆုံး​​ အသုံး​​ချဖို့​​ပါပဲ​။​ အမျိုး​​သား​​ပြန်လည်သင့်​​မြတ်​​ရေး​​လမ်း​​​ပေါ် ​​ခြေတစ်လှမ်း​​စတက်ပြီး​​ပြီ​၊​​ ဆက်ပြီး​​ ရဲရဲ​​လျှောက်ပါ​။​ ပြည်သူအမုန်း​​ ခံ​​နေရတဲ့​​ တပ်မ​​တော်ကို ပြည်ချစ်တပ်မ​​တော်ဖြစ်​​အောင် ​​ပြောင်း​​လဲဖို့​​ အခွင့်​​အလမ်း​​ လူကြီး​​မင်း​​တို့​​ လက်ထဲမှာ ​​ရောက်​​နေပြီမို့​​ ရထား​​တာကို လွင့်​​မပစ်ဘဲ တန်ဖိုး​​ရှိရှိ အသုံး​​ချဖို့​​​၊​​ ပြည်သူ​​တွေနဲ့​​ ရဲရဲ လက်တွဲဖို့​​ လိုအပ်ပါတယ်​။​ သံသယ​​တွေ ​​ချေဖျက်ဖို့​​​၊​​ ရိုး​​သား​​တဲ့​​ လုပ်ရပ်​​တွေ​၊​​ ​​ခြေလှမ်း​​​တွေနဲ့​​ သက်သက်ပြဖို့​​ လို​​နေပါပြီ​။​ တရုတ်နဂါး​​ကြီး​​ဟာ မြန်မာနိုင်ငံကို ဦး​​​ခေါင်း​​က စမြို ​​နေပါပြီ​။​ အ​​ခြေအ​​နေ​​တွေ လက်မလွန်ခင်​၊​​ အဆုံး​​ရှံုး​​​တွေ မကြီး​​မား​​ခင်မှာ နိုင်ငံသား​​တိုင်း​​​၊​​ တိုင်း​​ရင်း​​သား​​​၊​​ ရဟန်း​​ရှင်လူ ပြည်သူပြည်သား​​တိုင်း​​ နိုင်ငံ​​ရေး​​အသိနဲ့​​ ဝိုင်း​​ဝန်း​​ကာကွယ်ကြရမယ့်​​ အချိန်​​ရောက်လို့​​ ​​နေပါပြီ​။​ အယုတ်တရား​​အကြံနဲ့​​ တရုတ်နဂါး​​ရန်ကို ကာကွယ်ဖို့​​ ကုတ်အား​​ အမှန်ဟာ ပြည်တွင်း​​ငြိမ်း​​ချမ်း​​​ရေး​​နဲ့​​ ညီညွတ်​​ရေး​​သာဖြစ်တဲ့​​အ​​ကြောင်း​​ အသိ​​ပေး​​တိုက်တွန်း​​ လိုက်ပါတယ်​။​

မင်း​​​ကောင်း​​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here