ဒူလန်သိုး​​​​များ​​​​ကို တန်ဖိုး​​​​ကြီး​​​​အိမ်​​​​မွေး​​​​တိရစ္ဆာန်အဖြစ် တရုတ်သူ​​​​ဌေး​​​​များ​​​​က ​​​​မွေး​​​​မြူ

alt

တရုတ်နိုင်ငံတွင် အလွန်ကြွယ်ဝ ချမ်း​​​​သာသူများ​​​​အတွက် အလှ​​​​မွေး​​​​ရန် ​​​​နောက်ထပ် တိရစ္ဆာန် အမျိုး​​​​အစား​​​​သစ်တစ်ခု ​​​​ပေါ်​​​​ပေါက်လာပြီဖြစ်သည်။

ဇီဂျီအန်း​​​​၏ ရတနာဟု တင်စား​​​​ခံရ​​​​သော ဒူလန်သိုး​​​​များ​​​​သည် ယခုအခါ တန်ဖိုး​​​​ကြီး​​​​ အိမ်​​​​မွေး​​​​ တိရစ္ဆာန်များ​​​​ ဖြစ်လာသည်။ ရှား​​​​ပါး​​​​လှသည့်​​​ အဆိုပါ သိုး​​​​​​​လေး​​​​များ​​​​သည် ကမ္ဘာ​​​​ပေါ်တွင် ​​​​ကောင်​​​​ရေ ၁၀၀၀ မျှသာ ရှိ​​​​တော့​​​​​​ကြောင်း​​​​ သိရသည်။ နှာတံ​​​​ကောက်​​​​ကောက်၊​ အပြား​​​​ကြီး​​​​ကြီး​​​​ နား​​​​ရွက်များ​​​​နှင့်​​​ အမြီး​​​​နှစ်ခွ ပါ​​​​သော သတ္တဝါ​​​​လေး​​​​များ​​​​သည် တစ်​​​​ကောင်လျင် ယွမ်​​​​ငွေ ၁၄ သန်း​​​​မျှထိ ​​​​ဈေး​​​​နှုန်း​​​​ရှိ​​​​နေ​​​​ကြောင်း​​​​ သိရသည်။ ယင်း​​​​တို့​​​ကို ဇီဂျီအန်း​​​​ရှိ အွိုင်ဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်​​​ရ ​​​​ဒေသတွင် သား​​​​​​​ဖောက်​​​​မွေး​​​​မြူ ​​​​ရောင်း​​​​ချလျက်ရှိသည်။ မိုင်ဂိုင်တီဟုလည်း​​​​ အမည်​​​​ခေါ်​​​​ဝေါ်​​​​သော သတ္တဝါများ​​​​ကို မျိုး​​​​မပွား​​​​နိုင်​​​​အောင် ပြုလုပ်ပြီး​​​​မှ အလှ​​​​မွေး​​​​ တိရစ္ဆာန်အဖြစ် ​​​​ရောင်း​​​​ချ​​​​နေခြင်း​​​​ဖြစ်သည်။ ၎င်း​​​တို့​​​သည် အာဖဂန် နစ္စတန်မှ စတင်ဆင်း​​​​သက် ​​​​ပေါက်ဖွား​​​​လာ​​​​ကြောင်း​​​​ သိရသည်။ သိုး​​​​များ​​​​၏ ခန္ဓာကိုယ်အ​​​​ရောင် ပိုရင့်​​​ပြီး​​​​ နား​​​​ရွက်ပိုကြီး​​​​လျင် လူကြိုက်ပိုများ​​​​​​​ကြောင်း​​​​လည်း​​​​ သတင်း​​​​များ​​​​ကဆိုသည်။

"အ​​​​ကောင်း​​​​ဆုံး​​​​ ​​​​ကောင်​​​​တွေက​​​​တော့​​​ ခန္ဓာကိုယ် မည်း​​​​နက်ပြီး​​​​ အဖြူ​​​​ရောင် အမြီး​​​​နဲ့​​​​​​ပေါ့​​​"ဟု ယင်း​​​​သိုး​​​​များ​​​​ကို ​​​​မွေး​​​​မြူ​​​​ရောင်း​​​​ချ​​​​နေသည့်​​​ လျူကဆိုသည်။ ၎င်း​​​သည် အထီး​​​​အမ တစ်စုံကို ၂၀၀၉ ခုနှစ်က ယွမ်​​​​ငွေ ၂၅၀၀၀ ဖြင့်​​​ ဝယ်ယူခဲ့​​​သည်။ ထို့​​​​​​နောက်တွင်မူ သိုး​​​​များ​​​​၏ ​​​​ဈေး​​​​နှုန်း​​​​သည် မယုံနိုင်​​​​လောက်​​​​အောင် တရိပ်ရိပ် မြင့်​​​တက်လာခဲ့​​​ခြင်း​​​​ဖြစ်​​​​ကြောင်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here