James Bond ဇာတ်ကား​​​​သစ်အား​​​​ Skyfall ဟု အမည်​​​​ပေး​​​​သတ်မှတ်

alt

James Bond ဇာတ်ကား​​​​သစ် အမည်ကို Skyfallဟု အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်​​​​ကြောင်း​​​​ သိရသည်။ ၂၃ ခု​​​​မြောက် Bondဇာတ်ကား​​​​ ထုတ်လုပ်သူများ​​​​က အဆိုပါ အမည်ကို ​​​​ရွေး​​​​ချယ်ကြာင်း​​​​ အတည်ပြုခဲ့​​​သည်။

​​​​နောက်ဆုံး​​​​ Bondသရုပ်​​​​ဆောင် ဗြိတိန်မင်း​​​​သား​​​​ ဒင်နီရယ် ကရိတ်ဂျ်ပင် 007 စုံ​​​​ထောက်ကြီး​​​​အဖြစ် တတိယ အကြိမ်​​​​မြောက် ပြန်လည် ပါဝင်လာခဲ့​​​သည်။ ဇာတ်ကား​​​​ကို အကယ်ဒမီဆုရှင် ဆမ်မန်း​​​​ဒက်စ်က ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူး​​​​သွား​​​​မည်ဟုလည်း​​​​ သိရသည်။ “ဇာတ်ကား​​​​နဲ့​​​ ပတ်သက်ပြီး​​​​ အံ့​​​ဩစရာ​​​​တွေ အများ​​​​ကြီး​​​​ ဖြစ်ပါလိမ့်​​​မယ်”ဟု မန်း​​​​ဒက်စ်ကဆိုသည်။ ၎င်း​​​က ရိုက်ကွင်း​​​​​​​နေရာများ​​​​အတွက် စ​​​​ကော့​​​တလန်နိုင်ငံ၊​ တူရကီနိုင်ငံ၊​ အီစတန်ဘူလ်မြို့​​​နှင့်​​​ တရုတ်နိုင်ငံရှိ ရှန်ဟိုင်း​​​​မြို့​​​တို့​​​ကို ​​​​ရွေး​​​​ချယ်ထား​​​​​​​ကြောင်း​​​​လည်း​​​​ ​​​​ပြောကြား​​​​ခဲ့​​​သည်။

ထိုဇာတ်ကား​​​​သည် လန်ဒန်၏ Whitehallတွင် အစပြုမည်ဟုလည်း​​​​ ဆိုသည်။ အင်္ဂလိပ် ရုပ်ရှင်မင်း​​​​သမီး​​​​ နာအိုမီဟား​​​​ရစ်သည် အိဗ်အမည်ရှိ ကွင်း​​​​ဆင်း​​​​ ​​​​အေး​​​​ဂျင့်​​​အဖြစ် ပါဝင်မည်ဖြစ်ပြီး​​​​ ဂျူဒီဒန့်​​​ချ်က သူလျှိုဌာန အကြီး​​​​အကဲ Mအဖြစ် ပြန်လည် ပါဝင်လာမည်ဖြစ်သည်။ ထိုဇာတ်ကား​​​​တွင် ပြင်သစ် မင်း​​​​သမီး​​​​ ဘာရီနိုက်စ် မာလိုဟီလည်း​​​​ ဝင်​​​​ရောက် သရုပ်​​​​ဆောင်ထား​​​​သည်။ Bondဇာတ်ကား​​​​သစ်သည် ၂၀၁၀ ပြည့်​​​နှစ်က MGMကုမ္ပဏီ၏ ​​​​ငွေ​​​​ကြေး​​​​အကျပ်အတည်း​​​​​​​ကြောင့်​​​ မ​​​​ရေမရာ ဖြစ်ခဲ့​​​​​​သေး​​​​​​​သော်လည်း​​​​ ​​​​နောက်ပိုင်း​​​​တွင် အဆင်​​​​ပြေကာ ရိုက်ကူး​​​​​​​ရေး​​​​ စတင်ရန် စီမံနိုင်ခဲ့​​​ခြင်း​​​​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here