မိုက်ကယ်ဂျက်ဆင်၏ ​​​​နောက်ဆုံး​​​​အိပ်ရာအား​​​​ ​​​​လေလံတင်​​​​ရောင်း​​​​ချမည်

alt

မိုက်ကယ်ဂျက်ဆင် ​​​​နောက်ဆုံး​​​​ ​​​​ခေါင်း​​​​ချသွား​​​​သည့်​​​ အိပ်ရာကို ​​​​လေလံတင် ​​​​ရောင်း​​​​ချရန် စီစဉ်​​​​နေ​​​​ကြောင်း​​​​ သိရှိရသည်။ ဂျက်ဆင်၏ ဆရာဝန်ဖြစ်သူ ​​​​ဒေါက်တာ ကွန်း​​​​ရက်မာ​​​​ရေး​​​​သည်

ကမ္ဘာ​​​​ကျော် Popဂီတ အဆို​​​​တော်ကြီး​​​​ ​​​​သေဆုံး​​​​မှုတွင် တာဝန်ရှိ​​​​ကြောင်း​​​​ တရား​​​​ရုံး​​​​က အတည်ပြု ဆုံး​​​​ဖြတ်ခဲ့​​​ပြီး​​​​​​​နောက် ဂျက်ဆင်၏ ​​​​နောက်ဆုံး​​​​အိပ်ခဲ့​​​​​​သော အိပ်ရာကို ​​​​ရောင်း​​​​ချမည့်​​​ သတင်း​​​​လည်း​​​​ ထွက်​​​​ပေါ်လာခဲ့​​​ခြင်း​​​​ဖြစ်သည်။ အဆိုပါ အိပ်ရာကို ​​​​လေလံတင် ​​​​ရောင်း​​​​ချမည့်​​​ Julien’s Auctions၏ အမှု​​​​ဆောင်ချုပ် ဒါရင်ဂျူလီယန်က ကြမ်း​​​​ခင်း​​​​​​​ဈေး​​​​သည် ​​​​ဒေါ်လာ ၃၀၀၀ မှ ၅၀၀၀ ကြား​​​​ ဖြစ်နိုင်​​​​ကြောင်း​​​​ ​​​​ပြောကြား​​​​ခဲ့​​​သည်။ ထို့​​​အပြင် ဂျက်ဆင်၏ အခြား​​​​အမှတ်ရစရာ ပစ္စည်း​​​​များ​​​​နှင့်​​​ ဆုတံဆိပ် အချို့​​​ကိုလည်း​​​​ ​​​​လေလံတင် ​​​​ရောင်း​​​​ချမည်ဟု သိရှိရသည်။ ထို့​​​အပြင် အခြား​​​​​​​သော ​​​​ရှေး​​​​​​​ဟောင်း​​​​လက်ရာ အနုပညာ ပစ္စည်း​​​​အချို့​​​လည်း​​​​ ​​​​လေလံပွဲတွင် ပါဝင်လာမည်ဖြစ်သည်။

ဂျူလီယန်က လာမည့်​​​လအတွင်း​​​​ ကျင်း​​​​ပရန် စီစဉ်ထား​​​​​​​သော ​​​​လေလံပွဲသည် ဂျက်ဆင်ကို ချစ်ခင်အား​​​​​​​ပေး​​​​​​​သော ပရိသတ်များ​​​​အား​​​​ ဆွဲ​​​​ဆောင်နိုင်မည်ဟု ယုံကြည်​​​​ကြောင်း​​​​လည်း​​​​ သုံး​​​​သပ်​​​​ပြောဆိုသွား​​​​ခဲ့​​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here