ဩစ​​​တြေး​​လျပင့်​​ကူများ​​ ဗြိတိန်လူ​​​နေ​​​ဒေသများ​​သို့​​ ​​​ရောက်ရှိလာ

alt

ဩစ​​​တြေး​​လျ ​​​ကျောနီ ပင့်​​ကူများ​​ ဗြိတိန်နိုင်ငံအတွင်း​​ရှိ လူ​​​နေ​​​ဒေသများ​​သို့​​ ကျူး​​​​ကျော်ဝင်​​​ရောက်လာမှုကို တာဝန်ရှိသူများ​​က စိုး​​ရိမ်​​​နေ​​​ကြောင်း​​ သိရသည်။

နာမည်​​​ကျော် အဆိပ်ရှိ ပင့်​​ကူမျိုး​​နွယ် အနက်​​​ရောက် မုဆိုး​​မနှင့်​​ ဆက်စပ်​​​နေ​​​သော အဆိုပါ ပင့်​​ကူများ​​ ကိုက်ခဲပါက ဆိုး​​ရွား​​ပြင်း​​ထန်​​​သော နာကျင်မှု ​​​ဝေဒနာကို ခံစား​​ရ​​​လေ့​​ရှိသည်။ အနက်​​​ရောင် မုဆိုး​​မ ပင့်​​ကူများ​​သည် လူကို ​​​သေ​​​စေနိုင်​​​လောက်​​​အောင် အဆိပ်ပြင်း​​​​လေ့​​ ရှိ​​​သော်လည်း​​ ​​​ကျောနီပင့်​​ကူများ​​ကမူ ထိုမျှ​​​လောက် အန္တရာယ် မကြီး​​​​ပေ။ သို့​​​​သော် ၎င်း​တို့​​တွင်လည်း​​ ကိုယ်ပိုင် အဆိပ်စွမ်း​​အား​​ ရှိ​​​နေပြီး​​ ရှား​​ပါး​​ဖြစ်စဉ်အ​​​နေနှင့်​​ လူ​​​သေသည်အထိ အဆိပ်သင့်​​မှုများ​​လည်း​​ ဖြစ်ခဲ့​​ဖူး​​သည်။

ပရက်စတန်ရှိ စက်ရုံတစ်ခုတွင် ဒါဇင်နှင့်​​ချီ​​​သော ပင့်​​ကူများ​​ ​​​တွေ့​​ခဲ့​​ရသလို ဗြိတိန်၏ အချို့​​​​သော ​​​နေရာများ​​တွင်လည်း​​ ​​​ကျောနီပင့်​​ကူများ​​ကို မြင်​​​နေရခြင်း​​အ​​​ပေါ် ပညာရှင်များ​​က စိုး​​ရိမ်​​​နေသည်။ ယင်း​​ပင့်​​ကူ အကိုက်ခံရပါက နာကျင်ခံစား​​ရပြီး​​ ဒဏ်ရာ​​​နေရာတွင် ​​​ရောင်ရမ်း​​​​နေတတ်သည်။ ထို့​​အပြင် ရင်ဘတ်နာခြင်း​​၊​ အဖျား​​တက်ခြင်း​​တို့​​ကို ကြံုရတတ်ပြီး​​ အလွန်အဆိပ်ပြင်း​​သဖြင့်​​ ​​​သေသည်အထိ ကြံုရသူ ၁၄ ဦး​​မျှထိ ရှိပြီး​​ဖြစ်​​​ကြောင်း​​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here