ကမ္ဘာ့​​​သက်တမ်း​​​​အရင့်​​​ဆုံး​​​​ကား​​​​ ​​​လေလံတင်​​​ရောင်း​​​​ချမည်

alt

ကမ္ဘာ့​​​သက်တမ်း​​​​အရင့်​​​ဆုံး​​​​ ​​​မော်​​​တော်ကား​​​​ကို ​​​လေလံတင် ​​​ရောင်း​​​​ချသွား​​​​မည်ဖြစ်သည်။ ကမ္ဘာ​​​ပေါ်တွင် သက်တမ်း​​​​ အရှည်ကြာဆုံး​​​​ ​​​မော်​​​တော်ကား​​​​အဖြစ် တရား​​​​ဝင် သတ်မှတ်ခြင်း​​​​ ခံထား​​​​ရသည့်​​​ ​​​မော်​​​တော်ကား​​​​ကို စတင်ထုတ်လုပ်ထား​​​​သည်မှာ ၁၂၇ နှစ် ကြာမြင့်​​​ခဲ့​​​ပြီဖြစ်သည်။

ယခုအခါ အဆိုပါ ​​​မော်​​​တော်ကား​​​​ကို ကြမ်း​​​​ခင်း​​​​​​ဈေး​​​​ ​​​ပေါင်စတာလင် ၁.၆ သန်း​​​​ သတ်မှတ်ကာ လာမည့်​​​လာတွင် ​​​လေလံတင်သွား​​​​မည်ဖြစ်သည်။ De Dion Bouton Et Trepardouxဟု အမည်​​​ပေး​​​​ထား​​​​​​သော ​​​မော်​​​တော်ကား​​​​ကို ၁၈၈၄ ခုနှစ်က ပြင်သစ်နိုင်ငံတွင် မြို့​​​စား​​​​ ဒီဒိုင်ယွန်အတွက် တည်​​​ဆောက်ခဲ့​​​ခြင်း​​​​ဖြစ်သည်။ ထိုအချိန်သည် ဟင်နရီဖို့​​​ဒ်၏ ပထမဆုံး​​​​ ​​​မော်​​​တော်ကား​​​​ကို စတင်ထုတ်လုပ်သည့်​​​ ကာလထက် ၁၂ နှစ် ​​​စော​​​နေ​​​သေး​​​​သည်။ La Marquiseဟု ချစ်စနိုး​​​​ ​​​ခေါ်​​​ဝေါ်သည့်​​​ ​​​မော်​​​တော်ကား​​​​​​လေး​​​​သည် ၉ ​​​ပေသာရှိပြီး​​​​ ၁၅၀ စတုံသာ​​​လေး​​​​သည်။ ​​​လောင်စာအဖြစ် စက္ကူအပိုင်း​​​​အစများ​​​​၊​ ​​​ကျောက်မီး​​​​​​သွေး​​​​၊​ သစ်သား​​​​ အတိုအစများ​​​​ကို မီး​​​​ရှို့​​​ပြီး​​​​ ရရှိလာ​​​သော ​​​ရေ​​​နွေး​​​​​​ငွေ့​​​ စွမ်း​​​​အင်ကို အသုံး​​​​ပြုရ​​​သော ​​​မော်​​​တော်ကား​​​​သည် တစ်နာရီ ၃၈ မိုင်နှုန်း​​​​ထိ အမြန်ဆုံး​​​​ ​​​မောင်း​​​​နှင်နိုင်သည်။

အဆိုပါကား​​​​ကို ဆက်လက် ထိန်း​​​​သိမ်း​​​​မှု မရှိသဖြင့်​​​ ပထမကမ္ဘာစစ် ကာလတွင် ​​​မောင်း​​​​နိုင်သည့်​​​ အ​​​ခြေအ​​​နေ မရှိ​​​တော့​​​​​ပေ။ ၁၉၈၇ ခုနှစ်တွင် ​​​မော်​​​တော်ကား​​​​ ကျွမ်း​​​​ကျင်သူ တင်မိုး​​​​လက်သို့​​​ ယင်း​​​​ကား​​​​​​လေး​​​​ ​​​ရောက်ရှိလာပြီး​​​​​​နောက် ​​​မောင်း​​​​နိုင်​​​အောင် ပြန်လည်ပြုပြင်ကာ ​​​ခေတ်​​​ဟောင်း​​​​ ကား​​​​ပြိုင်ပွဲ အချို့​​​တွင်ပင် ပါဝင်နိုင်ခဲ့​​​​​သေး​​​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here