Apple iPhones 4S သုံး​​​စွဲသူများ​​​ထံမှ မ​​ကျေနပ်မှုများ​​​ ပိုမိုများ​​​ပြား​​​လာ

alt

Apple ကုမ္ပဏီ၏ ​​နောက်ဆုံး​​​ထုတ် မိုဘိုင်း​​​လ်ဖုန်း​​​ အမျိုး​​​အစား​​​သစ် iPhone 4S နှင့်​​ ပတ်သက်ပြီး​​​ သုံး​​​စွဲသူများ​​​ထံမှ ​​စောဒကတက်မှုများ​​​ တစ်စထက်တစ်စ များ​​​ပြား​​​လာခဲ့​​သည်။ ဘက်ထရီပိုင်း​​​ဆိုင်ရာ အား​​​နည်း​​​ချက်များ​​​ ရှိ​​နေ​​ကြောင်း​​​ ​​ထောက်ပြမှုများ​​​ ခံရပြီး​​​​နောက် Appleသည် iPhone 4Sတွင် သုံး​​​ထား​​​သည့်​​ iOS 5၏ Update Versionဖြစ်​​သော iOS 5.0.1ကို iTuneတွင် လွှင့်​​တင်​​ပေး​​​ခဲ့​​သည်။

အချို့​​ဖုန်း​​​ပိုင်ရှင်များ​​​က ၁ နာရီအတွင်း​​​ ဘက်ထရီ ကျဆင်း​​​မှု ၁၅ ရာခိုင်နှုန်း​​​ထိ ရှိ​​နေခြင်း​​​ကို မ​​ကျေမနပ် အ​​ရေး​​​ဆိုခဲ့​​ပြီး​​​​နောက် Appleက ယခုလို ​​ဖြေရှင်း​​​​ပေး​​​ခဲ့​​ခြင်း​​​ဖြစ်သည်။ သို့​​​သော်လည်း​​​ ဘက်ထရီ ချွတ်ယွင်း​​​ချက်နှင့်​​ ပတ်သက်ပြီး​​​ မ​​ကျေနပ်ချက်များ​​​သည် ပိုမို၍သာ တိုး​​​ပွား​​​လာခဲ့​​သည်။ Appleသည် ဖုန်း​​​အချို့​​တွင် ဘက်ထရီသက်တမ်း​​​ လျင်မြန်စွာ ကျဆင်း​​​သွား​​​ရခြင်း​​​နှင့်​​ ပတ်သက်ပြီး​​​ တိကျ​​သော ​​ဖြေရှင်း​​​ချက် မထုတ်ပြန်ခဲ့​​​သေး​​​​ချေ။ အချို့​​ကလည်း​​​ iOS၏ ​​နေရာပြစနစ်က လက်ရှိတည်​​နေရာကို ​​တောက်​​လျှောက် ​​ခြေရာခံ ရှာ​​ဖွေ​​နေခြင်း​​​​ကြောင့်​​ ဖြစ်နိုင်​​ကြောင်း​​​ သုံး​​​သပ်ခဲ့​​သည်။

Appleအ​​နေနှင့်​​ အသုံး​​​ပြုသူများ​​​ထံမှ ​​စောဒကတက်မှုများ​​​အတွက် အင်ဂျင်နီယာများ​​​က သိုသိုသိပ်သိပ် တစ်ဆင့်​​ခံ ​​ဖြေရှင်း​​​​ပေး​​​​နေသည်ဟု သတင်း​​​များ​​​ ထွက်​​ပေါ်​​နေ​​သော်လည်း​​​ ကုမ္ပဏီ အ​​နေနှင့်​​မူ မည်သည့်​​ အတည်ပြု ​​ကြေညာချက်မှ မရှိ​​သေး​​​​ကြောင်း​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here