ဓား​​​​ပြတိုက်ခံရစဉ်က ပြတ်သွား​​​​သည့်​​​လက်အား​​​​ ပြန်​​​တောင်း​​​​​​သော်လည်း​​​​ ထိုင်ဝမ်ရဲက သိမ်း​​​​ဆည်း​​​​ထား​​​​

alt

ထိုင်ဝမ်နိုင်ငံသား​​​​ တစ်ဦး​​​​သည် တရုတ်နိုင်ငံတွင် လူတစ်ဦး​​​​သည် ဓား​​​​ပြများ​​​​၏ အကြမ်း​​​​ဖက် တိုက်ခိုက်ကာ လက်တစ်ဖက် ဖြတ်​​​တောက်ခြင်း​​​​ကို ခံရပြီး​​​​​​နောက် ယင်း​​​​လက်ပြတ်ကို ပြန်​​​တောင်း​​​​​​နေ​​​သော်လည်း​​​​ ရဲများ​​​​က သက်​​​သေအဖြစ် သိမ်း​​​​ဆည်း​​​​ထား​​​​ပြီး​​​​ ပြန်မ​​​ပေး​​​​သဖြင့်​​​ စိတ်ပျက်​​​နေ​​​ကြောင်း​​​​ သိရှိရသည်။

အသက် ၆၀ အရွယ် ဟူချီယန်သည် မိန်း​​​​က​​​လေး​​​​ မိတ်​​​ဆွေနှင့်​​​အတူ တရုတ်နိုင်ငံရှိ၊​ ပူတီယန်မြို့​​​တွင် လမ်း​​​​​​လျှောက်​​​နေစဉ် လုယက်သူများ​​​​နှင့်​​​ ​​​တွေ့​​​ဆုံခဲ့​​​သည်။ နိုဝင်ဘာ ၄ ရက်​​​နေ့​​​က ဓား​​​​ပြ ၃ ဦး​​​​သည် ဟူတို့​​​စုံတွဲကို တား​​​​ဆီး​​​​ကာ လုယက်ပြီး​​​​​​နောက် ယွမ်​​​ငွေ ၃၀၀၀ ​​​ကျော်နှင့်​​​ ထိုင်ဝမ်​​​ဒေါ်လာ ၂၀၀၀၀ ​​​ကျော်ကို ယူ​​​ဆောင်သွား​​​​သည်။ ထို့​​​​​နောက် ဟူ၏ ဘယ်လက်တွင် ဝတ်ထား​​​​​​သော လက်စွပ်ကို ​​​တွေ့​​​သွား​​​​ပြီး​​​​ ချွတ်ခိုင်း​​​​ရာ ဟူက ငြင်း​​​​ဆန်ခဲ့​​​သည်။ ထို့​​​​​ကြောင့်​​​ ၎င်း​​​၏လက်ကို ဖြတ်ပြီး​​​​ လက်စွပ်ကို ယူသွား​​​​ခဲ့​​​သည်။

ဟူက တရုတ်ရဲများ​​​​သည် ၎င်း​​​၏ လက်ပြတ်ကို သက်​​​သေအဖြစ် သိမ်း​​​​ထား​​​​ပြီး​​​​ ထိုလက်ပြတ်ကို ​​​ဆေး​​​​ရုံယူသွား​​​​ကာ ပြန်ဆက်နိုင်ရန် ကြိုး​​​​ပမ်း​​​​မျုကို တား​​​​ဆီး​​​​ခဲ့​​​​​ကြောင်း​​​​ ​​​ပြောကြား​​​​ခဲ့​​​သည်။ ၄ ရက်ကြာပြီး​​​​​​နောက်တွင်လည်း​​​​ လက်ကို ပြန်မရဘဲ ထိုင်ဝမ်သို့​​​ ပြန်သွား​​​​ရသည်။ ဟူ၏ သမီး​​​​ဖြစ်သူ ဟူယီလင်း​​​​က ယင်း​​​​ကိစ္စကို ထိုင်ဝမ်တွင် သတင်း​​​​စာ ရှင်း​​​​လင်း​​​​ပွဲတစ်ခု ပြုလုပ်ပြီး​​​​ ကန့်​​​ကွက်ခဲ့​​​သည်။ သို့​​​​​သော်လည်း​​​​ လက်ရှိအချိန်ထိ ဟူသည် ၎င်း​​​၏ ခန္ဓာကိုယ် အစိတ်အပိုင်း​​​​ကို ပြန်လည်ရယူနိုင်ခြင်း​​​​ မရှိ​​​သေး​​​​​​ကြောင်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here