Webcam သုံး​​​​၍ Online မှ စကား​​​​​​ပြော​​​နေစဉ် မိမိကိုယ်ကိုယ် ​​​သေ​​​ကြောင်း​​​​ကြံသွား​​​​

alt

ပြင်သစ်နိုင်ငံတွင် စစ်သား​​​​တစ်ဦး​​​​သည် Webcamတွင် အခြား​​​​တစ်ဦး​​​​နှင့်​​​ Onlineမှ စကား​​​​​​ပြော​​​နေစဉ်ပင် မိမိကိုယ်ကိုယ် ​​​သေ​​​ကြောင်း​​​​ကြံသွား​​​​​​ကြောင်း​​​​ သိရှိရသည်။ ပြင်သစ် သတင်း​​​​စာ လာပဲရစ်ဆီယန်က အသက် ၂၂ နှစ်အရွယ်ရှိပြီး​​​​ ဂျင်း​​​​အီဒူရက်ဟုသာ အမည်​​​ဖော်ပြ​​​သော စစ်သား​​​​သည် ပြင်သစ်​​​တောင်ပိုင်း​​​​၊​ မာ​​​ဆေး​​​​မြို့​​​ရှိ ၎င်း​​​၏ ဦး​​​​​​လေး​​​​ ​​​နေအိမ်တွင် ​​​သေ​​​ကြောင်း​​​​ကြံခဲ့​​​ခြင်း​​​​ဟု ​​​ဖော်ပြသွား​​​​သည်။

အီဒူရက်သည် ကျန်း​​​​မာ​​​ရေး​​​​ Forumတစ်ခု​​​ပေါ်တွင် အခြား​​​​သူ တစ်ဦး​​​​နှင့်​​​ စကား​​​​​​ပြော​​​နေစဉ်ပင် ​​​သေ​​​ကြောင်း​​​​ကြံခဲ့​​​ခြင်း​​​​ဖြစ်သည်။ ဖြစ်စဉ်ကို ​​​တွေ့​​​ရှိလိုက်ရသည့်​​​ Ravioliဆို​​​သော အင်တာနက် သုံး​​​​စွဲသူက အခြား​​​​​​သော Online​​​ပေါ်မှ ဆက်စပ်ပုဂ္ဂိုလ်များ​​​​ကို သတိ​​​ပေး​​​​ပြီး​​​​​​နောက် ရဲထံ အ​​​ကြောင်း​​​​ကြား​​​​ခဲ့​​​သည်။ မှတ်တမ်း​​​​များ​​​​အရ အီဒူရက်၏ အသက်ကင်း​​​​မဲ့​​​​​သော ရုပ်အ​​​လောင်း​​​​သည် Webcamထဲတွင် နာရီ​​​ပေါင်း​​​​ အ​​​တော်ကြာ ရှိ​​​နေခဲ့​​​​​ကြောင်း​​​​ သိရသည်။ ​​​နောက်ပိုင်း​​​​တွင် ဝက်ဆိုက်၏ Adminအဖွဲ့​​​က ယင်း​​​​ပုံရိပ်များ​​​​ကို ပိတ်ပင်ပစ်ခဲ့​​​သည်။

ယင်း​​​​​​သေ​​​ကြောင်း​​​​ကြံရသည့်​​​ အ​​​ကြောင်း​​​​ရင်း​​​​ကို ရဲများ​​​​က စုံစမ်း​​​​​​နေဆဲဖြစ်ပြီး​​​​ ၎င်း​​​နှင့်​​​ စကား​​​​​​ပြောခဲ့​​​သည့်​​​ Ravioliဆိုသူကိုလည်း​​​​ ရှာ​​​ဖွေ​​​နေ​​​ကြောင်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here