​​​ထောင်ထဲမဝင်ခင် အ​​​ဖော်အချွတ်ဓာတ်ပုံ အရိုက်ခံမည့်​​​ လင်​​​ဆေး​​​​လိုဟန်

alt

လင်း​​​​​​ဆေး​​​​လိုဟန်အ​​​နေနှင့်​​​ ​​​ထောင်ထဲမဝင်ခင် အဝတ်အစား​​​​များ​​​​ ချွတ်ခွင့်​​​ရမည်ဖြစ်သည်။ နာမည်​​​ကျော် ​​​ဟောလီး​​​​ဝုဒ် မင်း​​​​သမီး​​​​နှင့်​​​ အဆို​​​တော် မ​​​လေး​​​​သည် Playboy မဂ္ဂဇင်း​​​​တွင် အ​​​ဖော်အချွတ် ဓာတ်ပုံအရိုက်ခံရန် သ​​​ဘောတူညီထား​​​​သည့်​​​အတွက် သူမ၏ ​​​ထောင်ဒဏ်စတင် ကျခံရမည့်​​​​​နေ့​​​ကို ​​​ရွှေ့​​​ဆိုင်း​​​​ခွင့်​​​ ရခဲ့​​​သည်။

အသက် ၂၅ နှစ်ရှိ လိုဟန်၏ ပြစ်ဒဏ်ကျခံမှုကို နိုဝင်ဘာလ ၉ ရက်​​​နေ့​​​ထိ ​​​ရွှေ့​​​ဆိုင်း​​​​ထား​​​​ရန် တရား​​​​သူကြီး​​​​ စက်ဖနီ ​​​ဆော်တာက ခွင့်​​​ပြုခဲ့​​​သဖြင့်​​​ လိုဟန်သည် ​​​ဒေါ်လာ ၁ သန်း​​​​တန် ဓာတ်ပုံများ​​​​ကို ရိုက်ကူး​​​​ခွင့်​​​ ရခဲ့​​​ခြင်း​​​​ဖြစ်သည်။ Playboyသည် လိုဟန်၏ အလှပုံရိပ်များ​​​​အတွက် ​​​ဒေါ်လာ ၁ သန်း​​​​ဖြင့်​​​ ကမ်း​​​​လှမ်း​​​​ စာချုပ်ခဲ့​​​ခြင်း​​​​ဖြစ်သည်။ လိုဟန်သည် အရက်မူး​​​​ပြီး​​​​ ကား​​​​​​မောင်း​​​​မှုနှင့်​​​ အန္တရာယ် ဖြစ်​​​စေနိုင်​​​လောက်​​​သော လုပ်​​​ဆောင်မှုများ​​​​​​ကြောင့်​​​ ​​​ထောင်ဒဏ်ချမှတ် ခံထား​​​​ရပြီး​​​​ သူမ၏ ပြစ်ဒဏ်ကို ဆိုင်း​​​​ငံ့​​​​​ပေး​​​​ထား​​​​သည်။

လိုဟန်သည် မတ်လ ၂၉ ရက်​​​နေ့​​​ မတိုင်မီ သူမ၏ လူမှု​​​ရေး​​​​ဆိုင်ရာ လုပ်​​​ဆောင်ချက်များ​​​​ကို အပြီး​​​​သတ်ရမည်ဖြစ်ပြီး​​​​ မဟုတ်ပါက ​​​ထောင်ဒဏ် ရက်​​​ပေါင်း​​​​ ၂၇၀ ကျခံရမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here