မိုင် ၄၀၀ အကျယ်အဝန်း​​​​ရှိ ဥက္ကာခဲကြီး​​​​ ကမ္ဘာအနီး​​​​မှဖြတ်သန်း​​​​သွား​​​​ခဲ့​​​

alt

မိုင် ၄၀၀ အကျယ်အဝန်း​​​​ရှိ​​​သော ဥက္ကာခဲကြီး​​​​ တစ်ခုသည် အင်္ဂါ​​​နေ့​​​ (နိုဝင်ဘာ ၈) က ကမ္ဘာအနီး​​​​မှ ဖြတ်သန်း​​​​သွား​​​​​​ကြောင်း​​​​ သိရသည်။

သို့​​​​​သော်လည်း​​​​ ကြီး​​​​မား​​​​​​သော ဥက္ကာခဲကြီး​​​​သည် ကမ္ဘာကို မည်သို့​​​မျှ ထိခိုက်သက်​​​ရောက်မှု ရှိမည် မဟုတ်​​​ကြောင်း​​​​ ပညာရှင်များ​​​​က ကြိုတင် ​​​ပြောကြား​​​​ထား​​​​သည်။ ဥက္ကာခဲ အမှတ် 2005 YU55သည် ကမ္ဘာနှင့်​​​ အနီး​​​​ကပ်ဆုံး​​​​ အ​​​နေအထား​​​​ဖြင့်​​​ ဖြတ်သန်း​​​​ခြင်း​​​​ဖြစ်ပြီး​​​​ မိုင်​​​ပေါင်း​​​​ ၃၂၅၀၀၀ မှ ​​​ကျော်ဖြတ်သွား​​​​ခြင်း​​​​ဖြစ်သည်။ ယင်း​​​​ကို ကမ္ဘာ့​​​​​နေရာ အချို့​​​တွင် မျက်စိဖြင့်​​​ ​​​တွေ့​​​မြင်နိုင်ခဲ့​​​ပြီး​​​​ သု​​​တေသီများ​​​​က အဆိုပါ ဖြစ်စဉ်သည် နက္ခတ်​​​ဗေဒ ပညာရှင်များ​​​​အတွက် ​​​ကောင်း​​​​မွန်​​​သော အခွင့်​​​အ​​​ရေး​​​​တစ်ခုအဖြစ် ​​​လေ့​​​လာနိုင်ခဲ့​​​​​ကြောင်း​​​​ ​​​ပြောကြား​​​​ခဲ့​​​သည်။

2005 YU55အ​​​နေနှင့်​​​ ကမ္ဘာကို ထိခိုက်မည် မဟုတ်သလို ​​​နောက်ထပ် နှစ်ရာ​​​ပေါင်း​​​​ အ​​​တော်များ​​​​များ​​​​ထိ ၎င်း​​​ကို ကမ္ဘာအနီး​​​​တွင် ထပ်မြင်ရဖွယ် မရှိဟု NASA၏ သု​​​သေတီ လန့်​​​စ်ဘန်နာက ​​​ပြောကြား​​​​သွား​​​​သည်။ အ​​​ပျော်တမ်း​​​​ နက္ခတ်​​​ဗေဒ ဝါသနာရှင်များ​​​​က အဆိုပါ ဥက္ကာခဲကြီး​​​​ကို လိုက်လံ ကြည့်​​​ရှုကြသည်။ ကမ္ဘာအနီး​​​​မှ ကြီး​​​​မား​​​​​​သော ဥက္ကာခဲကြီး​​​​များ​​​​ ဖြတ်သန်း​​​​မှုသည် ၂၀၂၉ နှင့်​​​ ၂၀၃၆ ခုနှစ်တို့​​​တွင်လည်း​​​​ ထပ်မံ ဖြစ်​​​ပေါ်မည်ဟု NASAက ကြိုတင် ခန့်​​​မှန်း​​​​ထား​​​​​​ကြောင်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here