ဘရာဇီး​​​​လ်ရှိ ​​​တော​​​နေလူတန်း​​​​စား​​​​ အမျိုး​​​​သား​​​​ ၃၅ ရာခိုင်နှုန်း​​​​မှာ တိရစ္ဆာန်များ​​​​နှင့်​​​ လိင်ဆက်ဆံ​​​လေ့​​​ရှိ

alt

ဘရာဇီး​​​​လ်နိုင်ငံရှိ မြို့​​​ကြီး​​​​ပြကြီး​​​​များ​​​​နှင့်​​​ ​​​ဝေး​​​​လံသီ​​​ခေါင်​​​သော ​​​ဒေသများ​​​​တွင် ​​​နေထိုင်​​​သော အမျိုး​​​​သား​​​​များ​​​​၏ ၃၅ ရာခိုင်နှုန်း​​​​ခန့်​​​သည် တိရစ္ဆာန်များ​​​​နှင့်​​​ လိင်ဆက်ဆံ​​​လေ့​​​ရှိ​​​ကြောင်း​​​​ စစ်တမ်း​​​​တစ်ခုက ​​​ဖော်ထုတ် ​​​တွေ့​​​ရှိခဲ့​​​သည်။ ​​​

တော​​​နေလူတန်း​​​​စား​​​​ အမျိုး​​​​သား​​​​ ၄၉၂ ဦး​​​​ကို ​​​မေး​​​​မြန်း​​​​ခဲ့​​​မှုအရ ၎င်း​​​တို့​​​အနက် ၃ ပုံ ၁ ပုံမျှသည် တိရစ္ဆာန်များ​​​​ကို ကာမစပ်ယှက်ခဲ့​​​​​ကြောင်း​​​​ ဝန်ခံခဲ့​​​သည်။ အဆိုပါ စစ်တမ်း​​​​တွင် သ​​​ဘောထား​​​​ ​​​မေး​​​​မြန်း​​​​သူများ​​​​သည် အသက် ၁၈ နှစ်မှ ၈၀ ကြား​​​​ အရွယ်များ​​​​ ဖြစ်သည်။ ကျွဲနွား​​​​စ​​​သော တိရစ္ဆာန်များ​​​​၏ လိင်အင်္ဂါ ဖွဲ့​​​စည်း​​​​မှုသည် လူများ​​​​ထက် နူး​​​​ညံ့​​​​​ပျော့​​​​​ပြောင်း​​​​​​သော်လည်း​​​​ လူ့​​​​​သွေး​​​​သား​​​​အတွက် ဓာတ်မတည့်​​​ဖြစ်ကာ လိင်တံကင်ဆာ ဖြစ်နိုင်​​​သော အန္တရာယ်မျိုး​​​​ ရှိ​​​နေ​​​ကြောင်း​​​​ ဆရာဝန်များ​​​​က သတိ​​​ပေး​​​​ထား​​​​သည်။ ​​​လေ့​​​လာမှုများ​​​​အရ တိရစ္ဆာန်များ​​​​ကို ကာမပြု ဆက်ဆံခဲ့​​​သူ ၄၅ ရာခိုင်နှုန်း​​​​ခန့်​​​သည် လိင်တံကင်ဆာ ဖြစ်ပွား​​​​​​နေသည်ကိုလည်း​​​​ သိရှိရသည်။ တိရစ္ဆာန်များ​​​​နှင့်​​​ လိင်ဆက်ဆံခဲ့​​​ဖူး​​​​​​ကြောင်း​​​​ ဝန်ခံခဲ့​​​သူ ၅၉ ရာခိုင်နှုန်း​​​​က ထိုအ​​​လေ့​​​အထကို ၁ နှစ်မှ ၅ နှစ်ထိ စွဲစွဲလန်း​​​​လန်း​​​​ လုပ်​​​ဆောင်ခဲ့​​​​​ကြောင်း​​​​လည်း​​​​ ဆိုသည်။

သို့​​​​​သော်လည်း​​​​ တိရစ္ဆာန် အ​​​ရေအတွက် မည်၍မည်မျှ များ​​​​ပြား​​​​သည့်​​​အခါမှ လိင်တံကင်ဆာနှင့်​​​ ဆက်နွယ်နိုင်သည်ဆို​​​သော အချက်ကိုမူ ပညာရှင်များ​​​​အ​​​နေနှင့်​​​ ​​​ခြေရာမခံနိုင်ခဲ့​​​​​ချေ။ ဘရာဇီး​​​​လ် ​​​တော​​​နေလူတန်း​​​​စား​​​​များ​​​​သည် မြည်း​​​​မများ​​​​၊​ နွား​​​​မများ​​​​၊​ ဝက်မများ​​​​အပြင် ကြက်မနှင့်​​​ အခြား​​​​​​သော တိရစ္ဆာန်များ​​​​ကိုပါ အလွတ်​​​ပေး​​​​​​လေ့​​​ မရှိ​​​ကြောင်း​​​​လည်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here