မိဘတို့​​၏ အရိုး​​ပြာများ​​ကို ကမ္ဘာ​​ကျော်အထိမ်း​​အမှတ်​​နေရာများ​​တွင် ဖြန့်​​ကြဲရန် စီစဉ်​​နေသည့်​​ က​​နေဒါအမျိုး​​သမီး​​

alt

မိခင်၊​ ဖခင်တို့​​၏ အရိုး​​ပြာများ​​ကို ကမ္ဘာ​​ပေါ်ရှိ နာမည်​​ကျော် အထိမ်း​​အမှတ် ​​နေရာအသီး​​သီး​​တွင် သွား​​​ရောက်ဖြန့်​​ကြဲရန်အတွက် အမျိုး​​သမီး​​တစ်ဦး​​က ​​စေတနာ့​​ ဝန်ထမ်း​​များ​​ ရှာ​​ဖွေလျက်ရှိသည်။ က​​နေဒါနိုင်ငံ၊​ ဗန်ကူး​​ဗား​​တွင် ​​နေထိုင်သည့်​​ အသက် ၄၅ နှစ်အရွယ် ဒက်ဘ်ဂရင်း​​က သူမ၏ မိဘနှစ်ပါး​​ဖြစ်သူ အဲလစ်ဆာနှင့်​​ ဝီလျံတို့​​၏ အရိုး​​ပြာများ​​ကို ကမ္ဘာ့​​​နေရာ

အနှံ့​​အပြား​​တွင် ကြဲဖြန့်​​သွား​​နိုင်ရန် ​​မျှော်လင့်​​​နေပြီး​​ ထို့​​အတွက် ကမ္ဘာအရပ်ရပ်မှ ​​စေတနာရှင်များ​​ကို စု​​ဆောင်း​​ခဲ့​​ခြင်း​​ဖြစ်သည်။ သူမအ​​နေနှင့်​​လည်း​​ ကမ္ဘာပတ်ပြီး​​ လည်ပတ်နိုင်​​လောက်​​အောင် ​​ငွေအင်အား​​ ​​တောင့်​​တင်း​​မှု မရှိ​​ကြောင်း​​ ဂရင်း​​က ဝန်ခံခဲ့​​သည်။ Craigslist.org ဝက်ဘ်ဆိုက်မှတဆင့်​​ ယင်း​​အခက်အခဲကို သူမက လွှင့်​​တင် အသိ​​ပေး​​ခဲ့​​ပြီး​​​နောက် စိတ်ဝင်တစား​​ ကူညီခဲ့​​သူများ​​ ရှိလာ​​ကြောင်း​​ ဂရင်း​​ကဆိုသည်။ “ကျွန်မမိဘ​​တွေရဲ့​​ အရိုး​​ပြာ​​တွေကို လူ​​တွေက အထိမ်း​​အမှတ် ​​နေရာ​​တွေမှာ ကြဲဖြန့်​​​နေတာကို ဓာတ်ပုံရိုက်ထား​​ပြီး​​ ကျွန်မဆီကို ပြန်ပို့​​​ပေး​​ခဲ့​​ပါတယ်။ ခုဆိုရင် ကျွန်မရဲ့​​ မိဘ​​တွေဟာ လက်စ်​​ဗေး​​ဂက်စ်က ​​ရေပန်း​​​တွေနဲ့​​ ပြင်သစ်က အီဖယ်လ်​​မျှော်စင်ကြီး​​တို့​​ဆီကို ​​ရောက်ခဲ့​​သလိုမျိုး​​ ကျွန်မခံစား​​မိပါတယ်”ဟု ဂရင်း​​က ဖွင့်​​ဟသွား​​သည်။

ဂရင်း​​၏ မိဘနှစ်ဦး​​သည် တစ်သက်တာလုံး​​ အခြား​​နိုင်ငံများ​​သို့​​ ခရီး​​ထွက် လည်ပတ်နိုင်​​လောက်​​အောင် ​​ငွေ​​ကြေး​​​ချောင်လည်မှု မရှိခဲ့​​ဟုလည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here