တရုတ်အမျိုး​​သား​​ ၁ သန်း​​​ကျော် မျိုး​​ပွား​​မှုဆိုင်ရာ ကျန်း​​မာ​​ရေး​​ချွတ်ယွင်း​​ချက်များ​​ရှိ

alt

တရုတ်နိုင်ငံတွင် အမျိုး​​သား​​​ပေါင်း​​ ၁ သန်း​​​ကျော်မျှသည် မျိုး​​ပွား​​မှုဆိုင်ရာ ကျန်း​​မာ​​ရေး​​ ချွတ်ယွင်း​​ချက်များ​​နှင့်​​ ရင်ဆိုင်​​နေရ​​ကြောင်း​​ သိရှိရသည်။ သု​​တေသန စစ်တမ်း​​ တစ်ခုအရ တရုတ် အမျိုး​​သား​​ အများ​​အပြား​​သည် အဖိုစွမ်း​​​ဆောင်မှု မူမမှန်သည့်​​ အ​​ခြေအ​​နေနှင့်​​ ကြုံ​​နေရ​​ကြောင်း​​ ​​ဘေဂျင်း​​တိုင်း​​မ် သတင်း​​စာက ​​ဖော်ပြခဲ့​​သည်။

လူ​​ပေါင်း​​ ၁ သန်း​​​ကျော်သည် သား​​သမီး​​ရ​​အောင် စွမ်း​​​ဆောင်နိုင်ခြင်း​​ မရှိဘဲ မြံု​​နေပြီး​​ အသက် ၄၀ အထက် အမျိုး​​သား​​များ​​၏ ၅၀ ရာခိုင်နှုန်း​​မျှသည် လိင်အင်္ဂါ ​​ထောင်မတ်နိုင်မှု အား​​နည်း​​ချက်များ​​ ရှိ​​နေသည်။ တရုတ်နိုင်ငံတွင် အမျိုး​​သား​​များ​​ စွမ်း​​​ဆောင်ရည် ​​လျော့​​နည်း​​ကျဆင်း​​မှုသည် တစ်​​နေ့​​ထက်တစ်​​နေ့​​ တိုး​​ပွား​​လာ​​နေ​​ကြောင်း​​ ​​ဘေဂျင်း​​အ​​ခြေစိုက် 304 စစ်​​ဆေး​​ရုံမှ ဒါရိုက်တာ ယီလင်ယန်က ​​ပြောကြား​​ခဲ့​​သည်။ “အသက် ၆၀ ​​ကျော်​​လောက်ကျမှ ဖြစ်သင့်​​တဲ့​​ အား​​နည်း​​ချက်မျိုး​​​တွေကို အသက် ၄၀ ​​ကျော် အရွယ်​​တွေမှာတင် ​​တွေ့​​လာရတာမျိုး​​ ဆိုပါ​​တော့​​”ဟု ယီက ရှင်း​​ပြခဲ့​​သည်။

တရုတ်နိုင်ငံတွင် အမျိုး​​သား​​များ​​၏ ကျန်း​​မာ​​ရေး​​နှင့်​​ ပတ်သက်ပြီး​​ ပြည်သူ့​​ပညာ​​ပေး​​ လှုပ်ရှား​​မှု တစ်ခုကို တရုတ်ကျန်း​​မာ​​ရေး​​ ပညာ​​ရေး​​ဌာနက ပြုလုပ်သွား​​ရန် စီစဉ်​​နေ​​ကြောင်း​​လည်း​​ သိရှိရသည်။ ယင်း​​စီမံကိန်း​​တွင် နိုင်ငံ လူဦး​​​ရေ၏ ၂၀ ရာခိုင်နှုန်း​​နှင့်​​ ညီမျှသည့်​​ လူ​​ပေါင်း​​ သန်း​​ ၂၅၀ ထံသို့​​ ကျန်း​​မာ​​ရေး​​ဆိုင်ရာ စာ​​စောင်များ​​၊​ ပိုစတာများ​​နှင့်​​ စာအုပ်များ​​ ဖြန့်​​ကျက်​​ပေး​​သွား​​နိုင်ရန် ရည်ရွယ်ထား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here