MTV ဆု​​ပေး​​ပွဲစင်မြင့်​​​ပေါ်သို့​​ အဝတ်ဗလာဖြင့်​​ ​​ပြေး​​တက်ခဲ့​​သူ

alt

MTVဆု​​ပေး​​ပွဲ အခမ်း​​အနား​​တွင် အဝတ်မပါ ကိုယ်ဗလာဖြင့်​​ စင်​​ပေါ် ​​ပြေး​​တက်လာသူ တစ်ဦး​​​ကြောင့်​​ မင်း​​သမီး​​ ​​ဟေဒန် ပန်နက်ထရီတစ်​​ယောက် အံ့​​ဩမင်သက်ခဲ့​​ရသည်။ ဥ​​ရောပ MTVဆု​​ပေး​​ပွဲကို ပြီး​​ခဲ့​​သည့်​​ သီတင်း​​ပတ်ကုန်က ​​မြောက်အိုင်ယာလန် နိုင်ငံတွင် ပြုလုပ်ခဲ့​​သည်။ Heroes ဇာတ်ကား​​မှ မင်း​​သမီး​​သည် ဆု​​ပေး​​ပွဲအတွက်

အခမ်း​​အနား​​မှူး​​အဖြစ် တာဝန်ယူကာ အ​​ကောင်း​​ဆုံး​​ သီချင်း​​ဆုကို ​​ကြေညာရန် ပြင်ဆင်​​နေစဉ် အမည်မသိ လူတစ်ဦး​​က စင်​​ပေါ်သို့​​ ကိုယ်တုံး​​လုံး​​ဖြင့်​​ ​​ပြေး​​တက်လာခြင်း​​ဖြစ်သည်။ ​​ဟေဒန်သည် ရုတ်တရက် အံ့​​ဩမင်သက်သွား​​ဟန် ရှိ​​သော်လည်း​​ အ​​ခြေအ​​နေကို ​​သွေး​​​အေး​​​အေး​​ ထိန်း​​သိမ်း​​ကာ တက်လာသူအား​​ နှုတ်ဆက်ပြီး​​ မိုက်ကရိုဖုန်း​​ကို ထိုး​​​ပေး​​ခဲ့​​သည်။ ထို့​​​နောက် သူမက ၎င်း​အား​​ အဘယ်​​ကြောင့်​​ ထိုသို့​​ပြုမူသည်ကို ​​မေး​​မြန်း​​ခဲ့​​ရာ ထိုသူက မိမိသည် ​​ဟေဒန်၏ ပရိသတ်တစ်ဦး​​ဖြစ်​​ကြောင်း​​ ​​ဖြေကြား​​ခဲ့​​သည်။ ထိုအခါ မင်း​​သမီး​​က ဆု​​ပေး​​ပွဲအပြီး​​တွင် ဘီယာအတူ​​သောက်ရန် ဖိတ်ကြား​​ခဲ့​​ရာ အဆိုပါ အမျိုး​​သား​​က ဝမ်း​​သာအား​​ရ လက်ခံပြီး​​ ကိုယ်တုံး​​လုံး​​ဖြင့်​​ပင် ​​ပြေး​​ဆင်း​​သွား​​ခဲ့​​သည်။ ပွဲအပြီး​​တွင် ​​ဟေဒန်နှင့်​​ ၎င်း​တို့​​ ဘီယာအတူ​​သောက်ဖြစ်၊​ မ​​သောက်ဖြစ်ဆိုသည်နှင့်​​ အဘယ်ရည်ရွယ်ချက်​​ကြောင့်​​ ထိုသို့​​ ပြုလုပ်ရခြင်း​​တို့​​ကိုမူ ရှင်း​​ရှင်း​​လင်း​​လင်း​​ မသိရ​​သေး​​​ချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here