ဟို​​ရောက် ဒီ​​ရောက်​​​ပြော​ချင်တဲ့​​​​စကား​​များ​​

သရုပ်​​​ဖေါ်ပုံ © PMV

အပစ်ရပ်လိုက်၊​ ပြန်ချလိုက်နဲ့​​။ ​​သေတဲ့​​သူက​​သေ ပြတ်တဲ့​​သူကပြတ်ကုန်ကြပြီ။ မြန်မာပြည်ရဲ့​​ပြည်တွင်း​​စစ်က

ဘယ်သူ့​​အတွက်မှန်း​​ကို မသိ​​တော့​​ဘူး​​။ လည်တဲ့​​သူစား​​တဲ့​​ ပြည်တွင်း​​စစ်ပွဲဖြစ်​​နေပြီလို့​​ပဲထင်တယ်။

နယ်စပ်က ​​အေဘီအက်စ်ဒီအက်ဖ်က ​​ရှေ့​​တန်း​​မှာ ရန်သူနဲ့​​တိုက်တယ်။ ဘန်​​ကောက်၊​ ချင်း​​မိုင်မှာရှိတဲ့​​ ​​အေဘီအက်စ်ဒီအက်ဖ်​​ခေါင်း​​​ဆောင်​​ဟောင်း​​ကြီး​​​တွေက ရန်သူနဲ့​​ပူး​​​ပေါင်း​​တယ်။ ထိုင်း​​မှာ​​တော့​​ စစ်တိုက်တဲ့​​​အေဘီရယ်၊​ ရန်သူနဲ့​​ပူး​​​ပေါင်း​​တဲ့​​​အေဘီက ​​ခေါင်း​​​ဆောင်ကြီး​​​တွေက ရယ်ရယ်​​မော​​မောနဲ့​​ ဆို​​တော့​​ ကြည့်​​ရတာ တမျိုး​​ပဲ။ ဒါ့​​​ကြောင့်​​ နိုင်ငံ​​ရေး​​ဆိုတာ ဘာကို​​ပြောမှန်း​​​တောင်မသိ​​တော့​​ဘူး​​။

ဦး​​သိန်း​​စိန်က အရမ်း​​ရိုး​​တယ်လို့​​နာမည်ထွက်တယ်။ ဒီ​​ခေတ်မှာ လူရိုး​​ဆိုတာ သချိုင်း​​မှာ​​တောင် ရှာလို့​​မရဘူး​​။ အကုန်လုံး​​ ပြာဖြစ်ကုန်လို့​​။ ဒါ့​​​ကြောင့်​​ ဦး​​သိန်း​​စိန်း​​ရိုး​​တာက ဦး​​သန်း​​​ရွှေထက်နဲနဲပဲ ပို​​လျှော့​​မယ်ထင်တယ်။ ရိုး​​တဲ့​​လူက ဘယ်​​တော့​​မှ သမ္မတမဖြစ်ပါဘူး​​ဗျာ။ ရိုး​​ချင်​​ယောင်​​ဆောင်တာပဲဖြစ်မှာ​​ပေါ့​​။

​​ရွေး​​​ကောက်ပွဲ​​တွေဝင်ကြပါလို့​​​ဒေါ်​​အောင်ဆန်း​​စုကြည်ကို ဝိုင်း​​ပြီး​​တိုက်တွန်း​​ကြ​​နေပြီ။ အများ​​စုက​​တော့​​ ဝင်​​စေချင်ပြီ။ ဝင်တာမဝင်တာ သူတို့​​အလုပ်ပါ။ ဝင်ပြီး​​ အစိုး​​ရအဖွဲ့​​ထဲမှာပါ​​တော့​​လည်း​​ ဘယ်အချိန်ကြမှ ကျ​​နော်တို့​​လိုချင်တဲ့​​တိုင်း​​ပြည်ဖြစ်မှာလဲ။

လွှတ်​​တော်ဥက္ကဌဦး​​ခင်​​အောင်မြင့်​​က​​ပြောတယ်။ Regime Change ကိုလုပ်ရမှာ မဟုတ်ဘူး​​။ Society Change ကိုလုပ်ရမှာဖြစ်တယ်လို့​​ အင်တာဗျူး​​တစ်ခုမှာ ​​တွေ့​​တယ်။ နှစ်ခုလုံး​​ကိုချိန်း​​ပစ်လိုက်ရင် မ​​ကောင်း​​ဘူး​​လား​​။ ဘာ့​​​ကြောင့်​​လဲဆို​​တော့​​ နှစ်ခုစလုံး​​က ​​ပြောင်း​​ဖို့​​လိုအပ်​​နေပြီပဲ။

မျက်ရည်လွယ်တဲ့​​မင်း​​သား​​ကြီး​​ ဦး​​​ကျော်ဆန်း​​နဲ့​​ဗွီအို​​အေ အင်တာဗျူး​​မှာ ထူး​​ခြား​​တာက ဒီလိုပါ။ ​​မေး​​တဲ့​​သူက ပြံုး​​စိစိ နဲ့​​ကြပ်တယ်။ ​​ဖြေတဲ့​​မင်း​​သား​​ကြီး​​က ရိတိတိနဲ့​​ပြံုး​​ပြီး​​ ​​ဖြေချင်တာ​​လျှောက်​​ဖြေ​​တော့​​ ဦး​​​ကျော်ဆန်း​​က သရုပ်​​ဆောင်အ​​တော်​​ကောင်း​​တာပဲလို့​​ထင်တယ်။ ဒါ့​​​ကြောင့်​​ ပြန်ကြား​​ဝန်ကြီး​​ဖြစ်တာထင်တယ်။ ဦး​​​ကျော်ဆန်း​​​ရေ ဝန်ကြီး​​သက်တမ်း​​က အများ​​ဆုံး​​ ငါး​​နှစ်ပါဗျာ။ ပြုတ်သွား​​ရင်​​တော့​​ သိတဲ့​​အတိုင်း​​ပဲ။ ဒါ့​​​ကြောင့်​​အရမ်း​​မလိမ်ပါနဲ့​​​တော့​​။

​​ရွေး​​​ကောက်ပွဲတနှစ်ပြည့်​​တဲ့​​အချိန်မှာ အစိုး​​ရက ဘာ​​တွေများ​​တိုး​​တက်​​ပြောင်း​​လဲမှုလုပ်​​ပေး​​ခဲ့​​လဲဆို​​တော့​​ လူကြား​​ထဲမှာ ဝင်တိုး​​တာက အဓိကအ​​ပြောင်း​​အလဲဖြစ်ပါတယ်။ အရင်တုန်း​​က ပါး​​စပ်မပါတဲ့​​အစိုး​​ရဟာ ဒီ​​နေ့​​မှာ ပါး​​စပ်ဟ..လာ​​တော့​​ အစိုး​​ရမှာ ထပ်ပြီး​​ကလိမ်ကကျစ်ကြဖို့​​ ပိုများ​​လာပြီလား​​။ ဘာပဲဖြစ်ဖြစ် အတိုက်အခံအတွင်း​​မှာ​​တော့​​ သ​​ဘောထား​​​တွေကွဲတာ​​တော့​​ ပိုလို့​​ထူး​​ခြား​​လာပါတယ်။ နအဖအစိုး​​ရရဲ့​​မဟာဗျူဟာက အ​​တော်​​လေး​​ကို ထိ​​ရောက်ပါတယ်။ သုံး​​​ကောင်​​ကျွေး​​ပြီး​​ ကင်း​​တင်မကဘူး​​ ဘုရင်မပါ ဖမ်း​​လိုက်ပြီဗျို့​​။

သုံး​​ပွင့်​​ဆိုင်၊​ ဖက်ဒရယ်၊​ အိုင်စီစီ၊​ လူထုတိုက်ပွဲ၊​ လက်နက်ကိုင်တိုက်ပွဲ​​တွေ ဘယ်​​ရောက်ကုန်ပြီလဲ​​တောင် မသိဘူး​​။ ပူး​​​ပေါင်း​​​ဆောင်ရွက်​​ရေး​​ဆိုတာ ကျ​​နော်တို့​​ပါး​​စပ်က​​ပြောတာပါ။ နအဖက ဘယ်တုန်း​​ကမှ လာပြီး​​ပူး​​​ပေါင်း​​ရင် ဝန်ကြီး​​ရာထူး​​နဲ့​​လုပ်ပိုင်ခွင့်​​​ပေး​​မယ်လို့​​မ​​ပြောပါ။

ပြည်တွင်း​​စစ်၊​ ပြည်ပ အလုပ်သမား​​​ခြောက်သန်း​​၊​ ဒုက္ခသည်ကိစ္စ၊​ စီး​​ပွား​​​ရေး​​ဖွံ့​​ဖြိုး​​မှု၊​ အလုပ်အကိုင်ဖန်တီး​​​ပေး​​​ရေး​​၊​ နိုင်ငံတကာ​​ငွေ​​ကြေး​​နဲ့​​ချိန်ဆက်နိုင်​​ရေး​​ စတဲ့​​ အဓိကလိုအပ်ချက်​​တွေအ​​ရေး​​မ​​ရောက်ပဲ ​​ဒေါ်စု​​ရွေး​​​ကောက်ပွဲဝင်​​ရေး​​နဲ့​​ပါလီမန်မှာ ဥပ​​ဒေပြု၊​ ပြင်၊​ ဖြုတ်စတဲ့​​ (မ​​ယောင်ရာဆီလူး​​​နေတာလို့​​လည်း​​မ​​ပြောချင်ပါဘူး​​) အသံ​​တွေကိုပဲ ပြည်ပ မီဒီယာမှာ ​​နေ့​​တိုင်း​​​တွေ့​​​နေရ​​တော့​​ စိတ်ထဲမှာ နိုင်ငံ​​ရေး​​​တောင်စိတ်ကုန်ချင်လာပြီ။

လူသစ်တန်း​​​တွေနဲ့​​မြန်မာ့​​နိုင်ငံ​​ရေး​​ကို အစား​​ထိုး​​သင့်​​ပြီ။ အ​​တွေး​​အ​​ခေါ်သစ်၊​ နိုင်ငံတကာ အမြင်ရှိပြီး​​ အ​​တွေ့​​အကြံုရှိတဲ့​​လူသစ်တန်း​​၊​ ဘယ်ဘက်ကိုမှ မလိုက်တဲ့​​လူသစ်တန်း​​စတဲ့​​ လူငယ် လူလတ်​​တွေနဲ့​​ အစား​​ထိုး​​မဲ့​​အချိန်​​ရောက်ရင်​​တော့​​ ​​ပေါ်ရင်​​တော့​​ လက်ရှိအ​​ခြေအ​​နေ​​တွေက​​နေ မြန်မြန်​​ကျော်နိုင်မယ်ထင်တယ်။

နှစ်ဘက်စလုံး​​က လူ​​ဟောင်း​​​တွေဟာ တကယ်တမ်း​​ကြ​​တော့​​ ဘာမှသုံး​​စား​​လို့​​မရဘူး​​။ ဒါ့​​​ကြောင့်​​လည်း​​ တိုင်း​​ပြည်က ဒီအတိုင်း​​ဖြစ်​​နေတာ​​ပေါ့​​။ သူတို့​​သာသုံး​​စား​​လို့​​ရတဲ့​​ လူ​​တွေဆိုရင် ပြီး​​တာကြာပြီ။

တိုင်း​​ပြည်ထဲမှာ ဘွဲ့​​ရပြီး​​ အသက်ကြီး​​လာတဲ့​​လူ​​တွေအ​​နေနဲ့​​လုံး​​ဝကို နိုင်ငံ​​ရေး​​မလုပ်သင့်​​ဘူး​​။ အစိုး​​ရ​​ခေါင်း​​​ဆောင်လည်း​​မဖြစ်သင့်​​​တော့​​ဘူး​​။ ဒီပတ်ဝန်း​​ကျင်က​​နေ ထွက်လာတဲ့​​လူတိုင်း​​က ဒီပုတ်ထဲက ဒီပဲဆို​​တော့​​ ဒါပဲဖြစ်မှာပဲ။ တကယ်လို့​​လွှတ်​​တော်အမတ်ဖြစ်ချင်ရင် နိုင်ငံခြား​​တိုင်း​​ပြည်တခုခုက ဘွဲ့​​​တော့​​ရသင့်​​တယ်။ လွှတ်​​တော်အမတ်ဖြစ်ချင်ရင် ကျိုး​​စား​​ပြီး​​သင်​​ပေါ့​​။ မရတဲ့​​သူက​​တော့​​ ညံ့​​လို့​​​ပေါ့​​ဗျာ။ ဒါမှ ဘိုလိုတက်ပြီး​​ နိုင်ငံတကာအ​​တွေ့​​အကြံုရှိမယ်။ နို့​​မို့​​ဆိုရင် ရန်ကုန်တက္ကသိုလ်က ဘာမှသုံး​​စား​​လို့​​မရတဲ့​​ဘွဲ့​​၊​ ​​မေမြို့​​စစ်တက္ကသိုလ်က ချီး​​​ပေဘွဲ့​​လိုမျိုး​​ အ​​တွေ့​​အကြံုမျိုး​​ တိုင်း​​ပြည်ကို ထပ်ပြီး​​အုပ်ချုပ်ရင် အရင်အတိုင်း​​ပဲဖြစ်မှာပဲ။ ပြည်ပက ဘွဲ့​​ရတဲ့​​လူ​​တွေ၊​ အလုပ်လုပ်​​နေတဲ့​​လူ​​တွေ၊​ အ​​တွေ့​​အကြံုကြီး​​တဲ့​​သူ​​တွေကို ပြည်တွင်း​​မှာ ​​နေရာများ​​များ​​​ပေး​​ဖို့​​အချိန်တန်ပြီ။

တကယ်တန်း​​​ပြောရရင် ပြည်ပကလူ​​တွေဟာ ပြည်တွင်း​​ကလူ​​တွေထက်ပိုပြီး​​ သိတယ်။ ပိုပြီး​​တက်တယ်။ ပိုပြီး​​ ခံစား​​တက်တဲ့​​ နှလုံး​​သား​​ရှိတယ်ဆိုတာကို ​​ပြောချင်တယ်။ ဒါက တကယ်လက်​​တွေ့​​ပဲ။ မျက်စိမှိတ်ပြီး​​ ငြင်း​​လို့​​မရပါဘူး​​။

ဘုန်း​​​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here