သီလရှင်ဖြစ်ချင်ခဲ့​​သည့်​​ မိန်က​​လေး​​ မယ်​ကမ္ဘာ​ဆု​ပိုင်ရှင်​ဖြစ်​လာ

alt

သီလရှင်တစ်ဦး​​ ဖြစ်ရန် ဆန္ဒရှိခဲ့​​​သော မိန်း​​က​​လေး​​ငယ်တစ်ဦး​​သည် မယ်ကမ္ဘာဆုကို ပိုင်ဆိုင်ဆွတ်ခူး​​ခွင့်​​ ရရှိလာခဲ့​​သည်။ ဗင်နီဇွဲလား​​ကို ကိုယ်စား​​ပြု​​သော အိုင်ဗီယန် လူနယ်ဆို ဆာ​​ကော့​​စ် ကိုမန်နာရက်စ်သည် လန်ဒန်ရှိ အား​​လ်ကုတ်တွင် မယ်ကမ္ဘာ သရဖူကို ဂုဏ်ယူဝံ့​​ကြွား​​စွာ ဆင်မြန်း​​ဝတ်ဆင်ခွင့်​​ ရရှိခဲ့​​သည်။

အသက် ၂၁ နှစ်ရှိ အလှမယ်​​လေး​​က သူမသည် မယ်ကမ္ဘာအ​​နေနှင့်​​ လူသား​​အကျိုး​​ပြု လုပ်ငန်း​​များ​​တွင် တတ်စွမ်း​​သမျှ ကြိုး​​ပမ်း​​​ဆောင်ရွက်သွား​​မည်ဟု ပရိသတ်များ​​ထံ ကတိပြု ​​ပြောကြား​​ခဲ့​​သည်။ “ဒီဆုကို ရတာဟာ ကျွန်မအတွက် အရာအား​​လုံး​​ ပြည့်​​စုံ​​စေပါတယ်။ ကျွန်မ မယုံနိုင်​​လောက်​​အောင် ဖြစ်​​နေသလို ​​ပျော်လည်း​​ ​​ပျော်မိတယ်။ ကျွန်မအ​​နေနဲ့​​ အရမ်း​​လှပပြီး​​ ထူး​​ချွန်တဲ့​​ မိန်း​​က​​လေး​​​တွေ အများ​​ကြီး​​ကို ​​ကျော်ဖြတ်နိုင်ခဲ့​​တဲ့​​အတွက် ဂုဏ်လည်း​​ယူပါတယ်။ ကျွန်မ ငယ်ငယ်က မယ်သီလရှင်တစ်ပါး​​ ဖြစ်ဖို့​​ ဆန္ဒရှိခဲ့​​တာပါ။ ကျွန်မ ငယ်ငယ်​​လေး​​ကတည်း​​က ကံမ​​ကောင်း​​စွာနဲ့​​ပဲ မိဘနှစ်ပါး​​ကို ဆုံး​​ရှံုး​​ခဲ့​​ရတာပါ။ ကျွန်မကို သီလရှင်ကြီး​​တစ်ပါး​​က သူ့​​​ကျောင်း​​မှာ ၅ နှစ် စာသင်​​ပေး​​ပါတယ်။

ကျွန်မ အဲဒီမှာ အချိန်ကုန်ရင်း​​ အမြဲတမ်း​​ ​​တွေး​​​နေဖြစ်တာက သီလရှင်တစ်ပါး​​ ဖြစ်လာဖို့​​ပါပဲ”ဟု ကိုမန်နာရက်စ်က ဖွင့်​​ဟခဲ့​​သည်။ သူမသည် ပြိုင်ဘက် ၁၁၂ ဦး​​ကို အနိုင်ရကာ မယ်ကမ္ဘာအဖြစ် ရပ်တည်နိုင်ခဲ့​​ခြင်း​​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here