အ​​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည့်​​ ဓာတ်ပုံထွက်​​ပေါ်

alt

အ​​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရသည်။ အိုဟိုင်အိုတွင် ​​နေထိုင်​​သော ဒိုင်ယာနီ ကာလက်စလီက သူမ၏ ​​မြေး​​မ​​လေး​​ ရိုက်ယူခဲ့​​​သော ဓာတ်ပုံတစ်ခုတွင် အိမ်​​ရှေ့​​ ဧည့်​​ခန်း​​အတွင်း​​ အချစ်ပလူး​​​နေသည်ဟု ယူဆရသည့်​​ အရိပ်များ​​၏ ဓာတ်ပုံကို ​​တွေ့​​ရှိခဲ့​​ရသည်။

“သူတို့​​ ဘာလုပ်​​နေတယ်ဆိုတာကို ​​တွေ့​​နိုင်ပါတယ်။ အမျိုး​​သမီး​​က ​​ဒေါက်မြင့်​​ဖိနပ် စီး​​ထား​​တာ​​တောင် မြင်ရပါတယ်”ဟု ဒိုင်ယာနီက ဆိုသည်။ အမျိုး​​သမီး​​တစ်ဦး​​၏ ​​ခြေ​​ထောက်နှင့်​​ အမျိုး​​သား​​ တစ်ဦး​​၏ ခန္ဓာကိုယ် ​​အောက်ပိုင်း​​တို့​​၏ အရိပ်များ​​ ပါရှိ​​သော ဓာတ်ပုံကို ၄ နှစ်သမီး​​​လေး​​က ရိုက်ကူး​​ခဲ့​​မိခြင်း​​ဖြစ်သည်။ မိမိအ​​နေနှင့်​​ တ​​စ္ဆေသရဲများ​​ ရှိခြင်း​​ကို ယုံကြည်​​သော်လည်း​​ ၎င်း​တို့​​အ​​နေနှင့်​​ ခံစား​​ချက်ရှိသည်၊​ လိင်ဆက်ဆံမှု ရှိသည်ကို မသိခဲ့​​​ကြောင်း​​လည်း​​ ဆိုသည်။ သူမပြသ​​သော ဓာတ်ပုံနှင့်​​ ပတ်သက်ပြီး​​ တိတိကျကျ အ​​ဖြေထုတ်နိုင်မှု မရှိ​​သေး​​​ချေ။

က​​လေး​​ ၃ ဦး​​၏ မိခင်ဖြစ်​​သော ဒိုင်ယာနီကမူ ဓာတ်ပုံနှင့်​​ ပတ်သက်၍ သူမ၏ ထင်မြင်ယူဆမှု ​​ကောက်ချက်သည် ​​သေချာ​​ပေါက် အမှန်ဖြစ်​​ကြောင်း​​ အခိုင်အမာ ​​ပြောဆိုလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here