ဩစ​​တြေး​​လျတွင် ဘီကနီမယ်မယ် အများ​​ဆုံး​​စုရုံး​​နိုင်မှုအဖြစ် စံချိန်တင်

alt

ဩစ​​တြေး​​လျတွင် ဘီကနီဝတ် အမျိုး​​သမီး​​များ​​ စုရုံး​​ချီတက်ကာ ကမ္ဘာ​​ပေါ်တွင် ဘီကနီမယ် အများ​​ဆုံး​​ စုရုံး​​နိုင်မှုအဖြစ် စံချိန်သစ် တင်ခဲ့​​​ကြောင်း​​ သိရှိရသည်။ အမျိုး​​သမီး​​ ၃၅၇ ဦး​​သည် အဆိုပါ ဆန်း​​ဆန်း​​ပြား​​ပြား​​ လုပ်​​ဆောင်မှုအတွက် ဝမ်း​​​မြောက်ဝမ်း​​သာ စုရုံး​​ပါဝင်ခဲ့​​ကြသည်။ ကွင်း​​စလန်ပြည်နယ်၊​ ဂိုး​​လ်ကို့​​စ်ရှိ ကာဗီအဗီနျူး​​ ကမ်း​​​ခြေတွင် ယခုလို စုရုံး​​ခဲ့​​ပြီး​​​နောက်

သူမတို့​​၏ အဓိက ရည်ရွယ်ချက်အတိုင်း​​ ဂင်း​​နစ် ကမ္ဘာ့​​မှတ်တမ်း​​ စာအုပ်တွင် စာရင်း​​ထည့်​​သွင်း​​ ခံရ​​ကြောင်း​​ သိရှိရသည်။ ​​ဒေသခံသတင်း​​စာ ဂိုး​​လ်ကို့​​စ်ဘူလက်တင်က အမျိုး​​သမီး​​ တစ်ဦး​​စီသည် ယခုကဲ့​​သို့​​ နိုး​​နိုး​​ကြား​​ကြား​​ ပါဝင်မှုအတွက် ဩစ​​တြေး​​လျသုံး​​ ၂၄ ​​ဒေါ်လာစီ ရရှိခဲ့​​​ကြောင်း​​ ​​ဖော်ပြခဲ့​​သည်။ Surfers Paradiseက ဆွဲ​​ဆောင်မှု ပြင်း​​ပြ​​သော အမျိုး​​သမီး​​များ​​ကို စုရုံး​​​ပေး​​သည့်​​ စီမံကိန်း​​ကို ဦး​​​ဆောင်ခဲ့​​ခြင်း​​ဖြစ်သည်။ “ကျွန်​​တော်တို့​​မှာ လှပတဲ့​​ ကမ်း​​​ခြေ​​တွေ ရှိသလို ကျန်း​​မာသန်စွမ်း​​ပြီး​​ ငယ်ရွယ်လှပတဲ့​​ မိန်း​​က​​လေး​​​တွေလည်း​​ ရှိတယ်ဆိုတာ လက်​​တွေ့​​ပြနိုင်ခဲ့​​ပါတယ်”ဟု Surfers Paradiseမှ ပုဂ္ဂိုလ်တစ်ဦး​​က ​​ပြောကြား​​ခဲ့​​သည်။

မူလက ယင်း​​အစီအစဉ်တွင် ၃၆၁ ဦး​​ ပါဝင်ခဲ့​​​သော်လည်း​​ ၄ ဦး​​ကို လွန်လွန်ကျွံကျွံ ဝတ်ဆင်မှု​​ကြောင့်​​ စာရင်း​​မှ ပယ်ဖျက်ခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here