Angry Birds ဂိမ်း​​အား​​ Download ပြုလုပ်သူ သန်း​​ ၅၀၀ ​​ကျော်ပြီဖြစ်

alt

Angry Birds ဂိမ်း​​ကို Downloadပြုလုပ်သူ သန်း​​ ၅၀၀ ​​ကျော်ဖြစ်သွား​​ပြီဟု ဂိမ်း​​ကို ထုတ်လုပ်သည့်​​ Rovio ကုမ္ပဏီက ​​ကြေညာခဲ့​​သည်။ ရူပ​​ဗေဒ အ​​ခြေခံ ဉာဏ်စမ်း​​ဂိမ်း​​​လေး​​သည် ​​အောင်မြင်မှု ကြီး​​မား​​စွာ ရရှိပြီး​​​နောက် ယခုအခါ ကမ္ဘာ​​ပေါ်တွင် ​​နေ့​​စဉ် မိနစ် သန်း​​ ၃၀၀ ထိ ​​ဆော့​​ကစား​​ခြင်း​​ ခံ​​နေရသည်။

Level​​ပေါင်း​​ ၂၆၆ သန်း​​ကို ဂိမ်း​​ချစ်သူများ​​က ကစား​​ခဲ့​​ပြီး​​ ​​လောက်လွှဲမှ ပစ်လွှတ်လိုက်​​သော ငှက်​​ကောင်​​ရေသည် ဘီလျံ ၄၀၀ ရှိ​​နေပြီဟု သိရသည်။ ဂိမ်း​​၏ ​​အောင်မြင်မှုအလိုက် သတ်မှတ်​​ပေး​​​သော ​​ရွှေကြယ် အ​​ရေအတွက်သည် ၄၄ ဘီလျံ​​ကျော် ရှိ​​နေပြီဖြစ်သည်။ Rovio၏ အမှု​​ဆောင် အရာရှိချုပ် မစ်ကယ်ဟတ်က “ဒါဟာ ဂုဏ်ယူ​​လောက်စရာ ကိန်း​​ဂဏန်း​​​တွေပါ။ ကျွန်​​တော်တို့​​ဂိမ်း​​ကို ​​ဆော့​​ကစား​​ရင်း​​ ​​ပျော်​​နေတဲ့​​လူ​​တွေ ဘယ်​​လောက်များ​​​နေတယ်ဆိုတာ သိခွင့်​​ရတာ ကြည်နူး​​ဖို့​​ ​​ကောင်း​​တယ်”ဟု ​​ပြောကြား​​ခဲ့​​သည်။ အဆိုပါ ဂိမ်း​​သည် iPhoneအတွက် ရည်ရွယ်ကာ ၂၀၀၉ ခုနှစ်က ပထမဆုံး​​အကြိမ် ထုတ်​​ဝေခဲ့​​ပြီး​​​နောက် အခြား​​OSမျိုး​​စုံမှ ဖုန်း​​များ​​၊​ အိမ်သုံး​​ PCနှင့်​​ Macကွန်ပျူတာများ​​၊​ Web Browserများ​​နှင့်​​ PSPတို့​​တွင် Platformမျိုး​​စုံနှင့်​​ ထုတ်​​ဝေခဲ့​​ခြင်း​​ဖြစ်​​ကြောင်း​​ သိရှိရသည်။

Angry Birds၏ အမည်သတင်း​​ ​​ကျော်​​ဇောမှု​​ကြောင့်​​ Diamond Comic စာအုပ် ထုတ်​​ဝေသူများ​​က Angry Birdsအတွက် စာအုပ်စီး​​ရီး​​ တစ်ခုကို မူပိုင်ခွင့်​​ စာချုပ် ချုပ်ဆိုခဲ့​​​ကြောင်း​​လည်း​​ သတင်း​​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here