တရုတ်နိုင်ငံမှ တိတ်တိတ်ပုန်း​ဇနီး​ ကိုယ်တုံး​လုံး​ကျွတ်ဖြင့်​ တိုက်​ပေါ်မှခုန်ချ

alt

တရုတ်နိုင်ငံတွင် တိတ်တိတ်ပုန်း​ ဇနီး​အဖြစ် ခံယူထား​​သော အမျိုး​သမီး​ တစ်ဦး​သည် ကိုယ်တုံး​လုံး​ကျွတ်ဖြင့်​ တိုက်​ပေါ်မှ ခုန်ချသဖြင့်​ ရုတ်ရုတ်သည်း​သည်း​ ဖြစ်သွား​ခဲ့​ရသည်။

နန်ဂျင်း​တွင် အမျိုး​သမီး​တစ်ဦး​သည် အိမ်အနီး​ရှိ ဟိုတယ်တစ်ခုတွင် သူမ၏ ခင်ပွန်း​နှင့်​ အခြား​အမျိုး​ သမီး​တစ်ဦး​ အတူရှိ​နေ​ကြောင်း​ သိရပြီး​​နောက် ထိုဟိုတယ်သို့​ သွား​​ရောက်ခဲ့​သည်။ မယား​ကြီး​ ​ရောက်ရှိလာသည်ကို သိရှိသွား​ပြီး​​နောက် သူမ၏ အမျက်​ဒေါသကို ​ကြောက်လန့်​​သော တိတ်တိတ်ပုန်း​ ဇနီး​သည် ဟိုတယ်၏ ဒုတိယထပ် ပြူတင်း​​ပေါက်မှ ကိုယ်တုံး​လုံး​ကျွတ် ခုန်ချခဲ့​ ခြင်း​ဖြစ်သည်။

သူမနှင့်​ ဇာတ်လမ်း​ရှုပ်​နေ​သော အမျိုး​သား​သည် ​နောက်မှ လိုက်ဆင်း​လာကာ သူမကို Taxiတစ်စင်း​ဖြင့်​ ​ခေါ်ထုတ်သွား​ခဲ့​သည်။ ​အောက်တိုဘာ ၁၆ ရက်​နေ့​ ဖြစ်စဥ်ကို လူအများ​က တအံ့​တဩ ဝိုင်း​ဝန်း​ ကြည့်​ရှုကြသလို အချို့​ကလည်း​ ဗီဒီယို ရိုက်ယူခဲ့​ကြသည်။

ထို့​​ နောက်တွင်​တော့​ အဆိုပါ ဖြစ်စဥ်သည် တရုတ်ရှိ အင်တာနက် သုံး​စွဲသူများ​ကြား​ ​ရေပန်း​စား​​သော ဖြန့်​​ဝေစရာတစ်ခု ဖြစ်လာသည်။ ရဲတပ်ဖွဲ့​သည် အမျိုး​သမီး​တစ်ဦး​ တိုက်ခန်း​မှ ခုန်ချ​ကြောင်း​ သတင်း​ရသဖြင့်​ သွား​​ရောက်ခဲ့​ရာ ဟိုတယ် ပြူတင်း​​ပေါက်မှ ​ဒေါသတကြီး​ ​ အော်ဟစ်​နေ​သော မယား​ကြီး​ကိုသာ ​တွေ့​ရှိခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here