ငါး​များ​ဖြင့်​ ​ခြေ​ထောက်ပြုပြင်ခြင်း​​ကြောင့်​ HIV နှင့်​ အသည်း​​ရောင် အသား​ဝါ C ပိုး​ ကူး​စက်နိုင်

alt

ငါး​များ​ဖြင့်​ ​ခြေ​ထောက် ပြုပြင်ခြင်း​သည် HIVနှင့်​ အသည်း​​ရောင် အသား​ဝါ Cပိုး​များ​ ကူး​စက်မှုကို ပိုမို ဖြစ်နိုင်​စေ​ကြောင်း​ ဗြိတိန် ကျန်း​မာ​ရေး​ ကာကွယ်​စောင့်​​ရှောက်မှု ​အေဂျင်စီက ​ပြောကြား​လိုက်သည်။

ငါး​​လေး​များ​က ​ခြေ​ထောက်ကို တွတ်​စေကာ အညစ်အ​ကြေး​များ​ ကင်း​စင်​စေပြီး​ ​ခြေ​ထောက်ကို ပိုမို နုနယ်လှပ​စေ​သော ကုထုံး​သည် ရည်ရွယ်ချက်အရ အာနိသင် အမှန်တကယ် ပြည့်​၀​သော်လည်း​ ​ရောဂါပိုး​ရှိသူ တစ်ဦး​ အသုံး​ပြုထား​​သော ​ရေကို မလဲလှယ်ဘဲ ​နောက်တစ်ဦး​တွင် ဆက်သုံး​ပါက ကူး​စက်မှု ဖြစ်ပွား​နိုင်​ကြောင်း​ သိရသည်။

ဗြိတိန်တွင် ​ရေပန်း​စား​ လာ​သော အဆိုပါ အ​လေ့​အထတွင် ​ခြေ​ထောက်မှ ​သွေး​ထွက်​သော ဒဏ်ရာအနည်း​ငယ်မျှ ရှိခဲ့​ပါက ​ရောဂါကူး​စက်နိုင်​ကြောင်း​ ပညာရှင်များ​က ​ဖော်ထုတ်နိုင်ခဲ့​သည်။ ထို့​​ကြောင့်​ အ​မေရိကန်နှင့်​ က​နေဒါတို့​ရှိ အချို့​​သော ​ဒေသများ​တွင် ယင်း​ကို ပိတ်ပင်ထား​သည်။

ဗြိတိန် ကျန်း​မာ​ရေး​ ကာကွယ်​စောင့်​​ရှောက်မှု ​အေဂျင်စီက မိမိတို့​သည် ​ရေထဲတွင် ပိုး​သတ်​ဆေး​ ထည့်​သွင်း​ စမ်း​သပ်မှုကိုမူ ငါး​များ​ကို ထိခိုက်နိုင်သဖြင့်​ မပြုလုပ်ခဲ့​​ ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဗြိတိန်တွင် အလှပြုပြင်​ရေး​ ဆိုင်အများ​စုသည် အဆိုပါ နည်း​လမ်း​ဖြင့်​ ​ခြေ​ထောက်အလှပြုပြင်မှုကို ပြုလုပ်​ပေး​​နေ​ ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here