၃ ရက်အတွင်း​ Apple iPhone 4S အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ချခဲ့​ရ

alt

Appleကုမ္ပဏီသည် ၃ ရက်အတွင်း​ ၎င်း​တို့​၏ ​နောက်ဆုံး​ထုတ် iPhone 4S အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ချနိုင်ခဲ့​​ကြောင်း​ သိရှိရသည်။

​ အောက်တိုဘာ ၁၄ ရက်​နေ့​က စတင်၍ ဂျပန်၊ ဩစ​တြေး​လျ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ က​နေဒါနှင့်​ အ​မေရိကန်တို့​ရှိ Appleအ​ရောင်း​ဆိုင်များ​ တွင် စ​ရောင်း​ခဲ့​​သော iPhoneမှာ ​အောက်တိုဘာ ၁၆ ရက်​နေ့​ အပြီး​တွင် အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ထွက်ခဲ့​ပြီး​ဖြစ်သည်။

Appleသည် မိုဘိုင်း​လ်ဖုန်း​သစ် စ​ရောင်း​ပြီး​ ၂၄ နာရီအတွင်း​ Onlineမှ အမှာစာ ၁ သန်း​​ကျော်ကိုလည်း​ လက်ခံရရှိခဲ့​​ကြောင်း​ သိရသည်။ iPhone 4Sအား​ ​ ရောင်း​ချမှုသည် ၃ ရက်အတွင်း​ နှိုင်း​ယှဥ်မှုအရ iPhone 4ကို ​ရောင်း​ချစဥ်ကထက် အလုံး​​ရေ ​ခြောက်သိန်း​​ကျော် ပိုများ​​ကြောင်း​လည်း​ သတင်း​ များ​က ​ဖော်ပြခဲ့​သည်။

iPhone 4Sကို တီထွင်ထုတ်လုပ်ရာတွင် ပဲ့​ကိုင်ရှင် ဖြစ်​သော စတိဗ်​ဂျော့​ဘ် ကွယ်လွန်ခဲ့​ပြီး​မှ စတင်​ရောင်း​ချ​သော ဖုန်း​သည် Siriကဲ့​သို့​ ဖန်တီး​မှုများ​​ကြောင့်​ ​အောင်မြင်ခဲ့​ခြင်း​လည်း​ ဖြစ်သည်။ Siriသည် အသံကို လက်ခံနား​​ထောင်နိုင်​သော Softwareတစ်ခု ဖြစ်ပြီး​ ​မေး​ခွန်း​များ​ကို တုံ့​ပြန် ​ဖြေကြား​နိုင်ရန် Appleက ဖန်တီး​ထည့်​သွင်း​​ပေး​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here