သဝန်တို အချစ်ကြီးသည့် ထိုင်ဝမ်အမျိုးသမီး ခင်ပွန်း၏လိင်အင်္ဂါအား ကတ်ကြေးဖြင့်ဖြတ်တောက်ပစ်

alt

ထိုင်ဝမ်မှ အမျိုးသမီး တစ်ဦးသည် ခင်ပွန်းဖြစ်သူအား အခြားသော အမျိုးသမီး တစ်ဦးနှင့် ဖောက်ပြန်နေကြောင်း စွပ်စွဲကာ လိင်အင်္ဂင်္ါကို ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်ခဲ့ကြောင်း သိရှိရသည်။

အသက် ၃၀ အရွယ် အမျိုးသမီးက ခင်ပွန်းဖြစ်သူသည် သစ္စာမရှိသလို သူမအပေါ်တွင်လည်း ကိုယ်ထိလက်ရောက် စော်ကားရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ထိုင်ပေမြို့ တောင်ဘက်ရှိ တိုင်နန်းတွင်ရှိသော နေအိမ်တွင် သူမသည် ခင်ပွန်းအား ဒဏ်ခတ်ရန် ဆုံးဖြတ်ခဲ့ပြီး ယခုလို စီရင်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲများက ပြောကြားသွားသည်။ ပန်ဟုသာ အအမည်ဖော်ပြသော ဗီယက်နမ်ဖွား အမျိုးသမီးသည် ခင်ပွန်းအား အိပ်ဆေးများ ညာတိုက်ပြီးနောက် ၎င်းအိပ်ပျော်နေချိန်တွင် ယခုကဲ့သို့ ရက်စက်စွာ ပြုမူခဲ့ခြင်းဟု သိရသည်။

သူမသည် ဆေးဝါးများကြောင့် ထိုင်းမှိုင်းနေသည့် ခင်ပွန်းဖြစ်သူ၏ လိင်အင်္ဂါကို အနီးရှိ မြစ်ထဲသို့ လွှင့်ပစ်ခဲ့ကြာင်းလည်း ပြောကြားသွားသည်။ ထိုင်ဝမ် ရဲတပ်ဖွဲ့က ယခုအခါ သူမအား အကြမ်းဖက် တိုက်ခိုက်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here