Spider Man သေဆုံးသွားခြင်းအား Marvel အယ်ဒီတာချုပ် မှတ်ချက်ပြုပြောကြား

alt

Spider Man၏ သေခြင်းတရားသည် အချိန်ကာလ လျော်ညီစွာ ဖြစ်လာခြင်းဟု Marvelက မှတ်ချက်ပြုခဲ့သည်။

ကမ္ဘာကျော် ကောမစ်ဇာတ်လမ်း လုပ်ငန်းကြီးက ပီတာပါကား (သို့မဟုတ်) သိပ္ပံလူစွမ်းကောင်း Spider Manကို ၎င်းတို့၏ ၁၆၀ ခုမြောက် Sipder Manဇာတ်လမ်းအတွင်း သေဆုံးစေလိုက်ပြီဖြစ်သည်။ ရန်သူတော် Green Goblin၏ လက်ချက်ကြောင့် Spider Man ဇာတ်သိမ်းသွားသည့်အတွက် ၎င်းဇာတ်ကောင်ကို နှစ်ရှည်လများ အားပေးချစ်ခင်လာသည့် ပရိသတ်များက အထူးကြေကွဲနေကြသည်။

သို့သော်လည်း Marvelက ပရိသတ်များအား ယခုအချိန်သည် ပါကားကို အဆုံးသတ်ပေးရန် အကောင်းဆုံးကာလဟာ မိမိတို့ ယုံကြည်သဖြင့် ယခုလို လုပ်ခဲ့ခြင်းဟု အသိပေး ကြေညာခဲ့သည်။ “ကျွန်တော်တို့ ပါကားကို လွယ်လွယ်လေး သတ်ပစ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အလေးအနက် စဥ်းစားခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ Spider Manရဲ့ သေခြင်းတရားဟာ ပါကားရဲ့ ဘဝကို ပြီးပြည့်စုံစေတဲ့ ဇာတ်လမ်းဖြစ်မယ်လို့ ယုံကြည်ခဲ့ပါတယ်”ဟု Marvel၏ အယ်ဒီတာချုပ် အဲလက်စ် အလွန်ဆိုက ပြောကြားခဲ့သည်။ ၎င်းက သူရဲကောင်းသစ်တစ်ဦး မွေးဖွားရန် အချိန်ကျရောက်လာပြီး မိုင်းလ်စ် မိုရာလက်စ်သည် Spider Man နေရာအတွက် ကိုယ်ပိုင်စွန့်စားမှုများ ပြုလုပ်လာမည်ဟု ပြောဆိုသွားသည်။ “အရောင်တစ်ခု ပြောင်းလိုက်တာမျိုးပါ။ မိုရာလက်စ်ရဲ့ ပါကားဇာတ်ရုပ်အပေါ် လွှမ်းမိုးနိုင်ဖို့ အားပြိုင်မှုဟာ စိတ်ဝင်စားစရာ ဖြစ်လာမှာပါ”ဟု အလွန်ဆိုက မှတ်ချက်ပြုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here