တရုတ်နိုင်ငံမှ ကမ္ဘာ​ကျော် မဟာတံတိုင်း​ကြီး​တွင် အက်ကွဲမှုများ​ဖြစ်​ပေါ်

alt

ကမ္ဘာ့​​ရှေး​​ဟောင်း​ အ​မွေအနှစ်တစ်ခုအဖြစ် တန်ဖိုး​ထား​ ထိန်း​သိမ်း​လာ​သော မဟာတံတိုင်း​ကြီး​တွင် အက်ကွဲမှုများ​ ဖြစ်​ပေါ်​နေ​ကြောင်း​ သိရသည်။

တရုတ်နိုင်ငံ၏ ဂုဏ်​ဆောင် ​ရှေး​​ဟောင်း​အုတ်တံတိုင်း​ကြီး​သည် တရား​မဝင် မိုင်း​တွင်း​လုပ်ငန်း​များ​​ကြောင့်​ ထိခိုက်မှုများ​ ခံစား​​နေရသည်။ ဟီ​ဘေရှိ လူအ​ရောက်အ​ပေါက်နည်း​​သော လိုင်ယွမ်ကဲ့​သို့​ ​ဒေသများ​တွင် ညပိုင်း​ မိုင်း​တူး​သူများ​​ကြောင့်​ မဟာတံတိုင်း​ကြီး​တွင် ယိုယွင်း​မှုများ​ ဖြစ်​နေရသည်။

သံ၊ ​ကြေး​နီ၊ နီကယ်စသည့်​ သတ္တုများ​သည် ကီလိုမီတာ ၁၅၀ ရှည်လျား​သည့်​ တံတိုင်း​ကြီး​၏ အ​ခြေပိုင်း​တွင် တည်ရှိ​နေတတ်ရာ ယင်း​တို့​ကို ခိုး​ယူတူး​​ဖော်ရန် ကြိုး​စား​ကြခြင်း​ဖြစ်သည်။ ​လေ့​လာမှု တစ်ခုအရ ဟီ​ဘေရှိ တံတိုင်း​အပိုင်း​၏ ၈၀ ရာခိုင်နှုန်း​သည် ယိုယွင်း​မှုများ​ ရှိ​နေ​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။

ယင်း​မှာ ကမ္ဘာလှည့်​ ခရီး​သည်များ​​ကြောင့်​လည်း​ ဖြစ်နိုင်​သော်လည်း​ အဓိကအကျဆုံး​သည် တရား​မဝင် မိုင်း​လုပ်ငန်း​များ​​ကြောင့်​ဟု ဟီဘိုင်​ဒေသ ​ရှေး​​ဟောင်း​ အ​ဆောက်အအုံ ထိန်း​သိမ်း​​ရေး​ဌာန အင်ဂျင်နီယာ ဂွီဂျင်​ယောင်း​ကဆိုသည်။ မဟာတံတိုင်း​ကြီး​၏ ​ဝေး​လံသီ​ခေါင်​သော ​နေရာများ​ကို အစဥ်အမြဲ ထိန်း​သိမ်း​ရန်မှာ မလွယ်ကူ​ကြောင်း​၊ ယင်း​အတွက် ​ဒေသခံ အုပ်ချုပ်​ရေး​ဌာနများ​၏ ပူး​​ပေါင်း​ပါ၀င်မှု လိုအပ်​ကြောင်း​ ဂွီက ရှင်း​ပြခဲ့​သည်။ ထို့​အပြင် မဟာတံတိုင်း​ကြီး​ ​စောင့်​ကြည့်​ ထိန်း​သိမ်း​​ရေး​အတွက် ဘဏ္ဍာ​ငွေ ပိုမိုသုံး​စွဲသင့်​​ကြောင်း​လည်း​ ၎င်း​က အကြံပြုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here