လူမှန်ဖြစ်ဖို့လိုတယ်

သရုပ်​ဖေါ်ပုံ © PMV

လက်နက်အား​ကိုး​နဲ့​ ဗမာပြည်ကို အနိုင်ကျင့်​ ဗိုလ်ကျခဲ့​ကြတဲ့​ စစ်အာဏာရှင် အဆက်ဆက်ဟာ လက်​တွေ့​မပါတဲ့​ ပျား​ရည်စိမ်စကား​လုံး​လှလှ​လေး​​တွေကို

သုံး​ပြီး​ ပြည်သူလူထုကို ဟုတ်လိမ့်​နိုး​နိုး​ဖြစ်​အောင် ​မျှော်လင့်​ချက်အတု​တွေ​ပေး​ပြီး​ လိမ်ညာတတ်ပြတယ်။ စစ်သား​လူထွက် သမ္မတဦး​သိန်း​စိန်က​တော့​ ဗမာပြည်သူ​တွေရဲ့​ ဆန္ဒကို မျက်ကွယ်ပြုပြီး​ ဇွတ်ဖွဲ့​ယူခဲ့​တဲ့​ သူရဲ့​အစိုး​ရကို သန့်​ရှင်း​တဲ့​ အုပ်စိုး​မှု့​ပုံစံတရပ်နဲ့​သွား​လိုတယ်လို့​ မစား​ရဝန်း​ခမန်း​ ​ပြောပြန်ပါပြီ။ သူ့​မတိုင်ခင် ဗိုက်ချုပ်​ရွှေမန်း​က​တော့​ ဥပ​ဒေအထက်မှာ ဘယ်သူမှမရှိ​စေရလို့​ဆိုခဲ့​​ပေမဲ့​ နအဖတဖွဲ့​လုံး​ ဥပ​ဒေအထက်မှာရှိ​နေခဲ့​တာ လူတိုင်း​အသိပါ။

သူတို့ ​ကို ​မွေး​ထုတ်လိုက်တဲ့​ စစ်အာဏာရှင်တို့​ရဲ့​ လက်ဦး​ဆရာ ဗိုလ်​နေဝင်း​တုန်း​ကလည်း​ ​ပြောဘူး​တယ်။ လူ​တော်လူ​ကောင်း​မလိုချင်ဘူး​တဲ့​ ။ လူ​ကောင်း​လူ​တော်ဘဲလိုချင်ပါသတဲ့​။ သူတိုချင်တဲ့​သ​ဘောက လူ​ကောင်း​သူ​ကောင်း​​တွေကို ​နေရာ​ပေး​လိုတဲ့​သ​ဘော ​ရှေ့​တန်း​မှာ ရှိ​စေလိုတဲ့​သ​ဘော​ပေါ့​။ မျိုး​မမှန် သ​န္ဓေမမှန်၊ ​စေတနာမမှန်ဘဲ တည်​ထောင်ခဲ့​တဲ့​ မြန်မာ့​ဆိုရှယ်လစ်လမ်း​စဉ်ပါတီမှာ အများ​စုက လူဆိုး​သူခိုး​​တွေဘဲ လုယက်​နေရာယူ​နေခဲ့​ပုံရပါတယ်။ ဒါမှမဟုတ် သူ​ပြောတဲ့​ လူ​ကောင်း​ဆိုတာ သူနဲ့​သူ့​ပါတီအ​ပေါ် ​ကောင်း​မဲ့​၊ သစ္စာရှိမဲ့​သူ​တွေကိုပဲ ဆိုလိုချင်သလား​မသိပါဘူး​။

 ဒီ ​နေရာမှာ ​မေး​ခွန်း​တစ်ခုရှိလာခဲ့​ပါတယ်။ တိုင်း​ပြည်ကို ​ရှေ့​​ဆောင်​ရှေ့​ရွက်ပြုမဲ့​သူ​တွေ၊ တိုင်း​ပြည်ရဲ့​ အနာဂါတ်ကို ထုဆစ်မဲ့​လူငယ်​တွေဟာ လူ​ကောင်း​၊ လူ​တော်ဖြစ်ရင် လုံ​လောက်ပြီလား​ဆိုတာပါဘဲ။ အဲ့​ဒီ​မေး​ခွန်း​အ​ပေါ် စိတ်ပညာပါ​မောက္ခ​ဟောင်း​ဆရာကြီး​တစ်ဦး​ရဲ့​ အမြင်နဲ့​​ဆွေး​​နွေး​ချက်ကို ​အောက်ပါအတိုင်း​မှတ်သား​ခဲ့​ရဘူး​တယ်။ တိုင်း​ပြည်တစ်ခုတိုး​တယ်ဖို့​ရာ နိုင်ငံသူ/သား​​တွေ လူမှန်ဖြစ်ဖို့​လိုပါသတဲ့​။ လူ​တော်တိုင်း​ဟာ လူမှန်မဟုတ်သလို၊ လူ​ကောင်း​တိုင်း​လည်း​ လူမှန်မဖြစ်နိုင်ဘူး​တဲ့​။ ဒါ​ပေမဲ့​ လူမှန်ဖြစ်တဲ့​သူဟာ လူ​ကောင်း​လဲဖြစ်ပြီး​သား​ လူ​တော်စာရင်း​လဲဝင်ပြီး​သား​ဖြစ်ပါသတဲ့​။

မိတ် ​ဆွေစဉ်း​စား​ကြည့်​လိုက်ပါ။ ကျွန်​တော်တို့​ဝန်း​ကျင်မှာ စစ်အာဏာရှင် ယန္တရား​ကြီး​ထဲမှာ လူ​တော်များ​စွာ ခေတ်ပညာတတ်များ​စွာရှိပါတယ်။ ဒါ​ပေမဲ့​ သူတို့​ဟာ လူဆိုး​ လူယုတ်မာ​တွေဖြစ်​နေတာ၊ အတ္တကြီး​တဲ့​ လူ့​အမိုက်​တွေဖြစ်​နေတာ​တွေ့​ဘူး​ပါလိမ့်​မယ်။ ဘယ်သူ​သေ​သေ င​တေမာပြီး​​ရောဆိုတဲ့​ လူ​တော်​တွေ၊ စစ်အာဏာရှင်စနစ်ကို ပခုံး​ထမ်း​ ထောက်ကူ​နေကြတဲ့​ လူ​တော်​တွေဒုနဲ့​​ဒေး​ပါ။ သူတို့​ဟာ လူမှန်​တွေ မဟုတ်ကြဘူး​။ မှား​တဲ့​ ဖက်မှာရပ်​နေကြတဲ့​ လူ​တော် လူ​ရှော်​တွေဘဲ။

နောက် လူရိုး​ လူ​ကောင်း​​တွေလည်း​ ပြည်သူ့​ဖက်မှာ​ရော စစ်အာဏာရှင်ဖက်မှာပါ အများ​ကြီး​ရှိပါတယ်။ ကျွန်​တော့်​မှာ သူငယ်ချင်း​တစ်​ယောက်ရှိဘူး​တယ်။ လူမှု့​​ရေး​အရ အလွန်ခင်စရာ​ကောင်း​တဲ့​ သူငယ်ချင်း​ပါ။ လူ​ကောင်း​တစ်​ယောက်ပါ။ ဒါ​ပေမဲ့​ သူစစ်တပ်ထဲ​ရောက်သွား​တယ်။ စိတ်ရင်း​​ကောင်း​ရှိ​ပေမဲ့​ စစ်အာဏာရှင်ရဲ့​ အသုံး​ချတာခံရတယ်။ တနည်း​အား​ဖြင့်​​ပြောရင် အဆိပ်ပင်ကြီး​က အဆိပ်သီး​တလုံး​ဖြစ်သွား​တာဘဲ။ မှန်တဲ့​ဘက်က မရပ်တည်နိုင်ခဲ့​ရင် လူအများ​အကျိုး​စီး​ပွား​ကို မသယ်​ဆောင်နိုင်ခဲ့​ရင် ခပ်ညံ့​ညံ့​ လူ​ကောင်း​ဖြစ်သွား​​တော့​တာ​ပေါ့​။

လူမှန်တစ် ​ယောက်ဖြစ်ဖို့​ဆိုတာ လူ​ကောင်း​နဲ့​လူ​တော်​တွေမှာ ရှိတဲ့​ အရည်အချင်း​​တွေသာမက ​အောက်မှာ​ရေး​ပြမဲ့​ သူ​တော်​ကောင်း​ တရား​ (၇)ပါး​နဲ့​ ပြည့်​စုံဖို့​လိုတယ်မဟုတ်လား​။

(၁) အကြား​အမြင်(သုတ)များ​ခြင်း​

(၂) အမှား​အမှန်ခွဲခြား​စီစစ်နိုင်​သော ဉာဏ်(ပညာ)ရှိခြင်း​

(၃) အမှန်တရား​အ​ပေါ် ယုံကြည်မှု့​(သဒ္ဒါ)ရှိခြင်း

(၄) မှန်မှန်ကန်ကန် ရပ်တည်၍ ကိုယ်ကျင့်​(သီလ)​ကောင်း​ခြင်း​

(၅) အများ​အတွက် စွန့်​လွှတ်အနစ်နာခံလိုစိတ်(စာဂ)ရှိခြင်း​

(၆) မ​ကောင်း​မှု့​လုပ်ရမှာ ရှက်စိတ် (ဟီရိ)ရှိခြင်း

(၇)မ​ကောင်း​မှု့​လုပ်ရမှာ ​ကြောက်စိတ်(ဩတ္တပ္ပ)ရှိခြင်း​

စစ်အာဏာရှင် ​ခေတ်မှာ လူမှန်ဖြစ်ဖို့​ဆိုတာ ပိုပြီး​​တော့​​တောင် ခက်​သေး​တယ်။ စိတ်သတ္တိရှိဖို့​လိုတယ်။ ဇွဲလုံ့​လကြီး​ဖို့​လိုတယ် အထုအ​ထောင်း​ခံနိုင်ဖို့​လိုတယ်မဟုတ်လား​။

​ နောက်တစ်ချက်က ပြည်သူ့​ဘက်က ရပ်တည်ရုံ ဒီမိုက​ရေစီဘက်​တော်သား​ဖြစ်ရုံနဲ့​ လူမှန်ဖြစ်သလား​ဆိုတာဘဲ။ အား​လုံး​သိကြတဲ့​အတိုင်း​ဘဲ ကျွန်​တော်တို့​နိုင်ငံရဲ့​ အလိုအပ်ဆုံး​အရာဟာ ညီညွတ်​ရေး​နဲ့​ငြိမ်း​ချမ်း​​ရေး​ဘဲ။ လူဆယ်​ယောက်ရှိရင်အဖွဲ့​ဆယ်ဖွဲ့​ကွဲတယ်ဆိုတာ ရှက်စရာပါ။ ကိုယ်ဘာသာ ဒီမိုက​ရေစီဘက်​တော်သား​ပါလို့​ ခံယူပြီး​ ဒီမိုက​ရေစီ​ရေး​အတွက် အဟန့်​အတား​ဖြစ်​စေတဲ့​ ညီညွတ်​ရေး​ပျက်ပြား​​စေတဲ့​ အ​ပြောအဆို အကြံအစည်နဲ့​လုပ်ရပ်​တွေမလုပ်မိ​စေဘို့​ လုပ်မိခဲ့​ရင်လည်း​ အချိန်မှီပြုပြင်ဖို့​ အလွန်အ​ရေး​ကြီး​ပါတယ်

လူမှန်များ ​များ​ရှိမှ ဒီမိုက​ရေစီ မြန်မြန်ရမှာမို့​ အတိုက်အခံနိုင်ငံ​ရေး​အင်အား​စု​တွေသာမက စစ်အစိုး​ရနဲ့​ ဘက်​တော်သား​​တွေ အပါအဝင် နိုင်ငံသား​အား​လုံး​ အမှန်တရား​ကို ​စောင့်​ကြပါ​စေလို့​ ဆန္ဒပြုလိုက်ပါတယ်။

 

မင်း​​ကောင်း​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here