သမီး​​ဖြစ်သူကို လိင်​​ကျေး​​ကျွန်အဖြစ် မိခင်က ​​စေခိုင်း​​မှု ဩစ​​တြေး​​လျရဲတပ်ဖွဲ့​​​ဖော်ထုတ်

alt

ဩစ​​တြေး​​လျနိုင်ငံ၊​ ဘရစ္စဘိန်း​​တွင် မိခင်တစ်ဦး​​သည် သမီး​​ကို လိင်​​ကျေး​​ကျွန်အဖြစ် အတင်း​​ပုံသွင်း​​ ​​စေခိုင်း​​မှုတစ်ခုကို ရဲများ​​က ​​ဖော်ထုတ်နိုင်ခဲ့​​သည်။

ယခုမှ အသက် ၁၆ နှစ်သာ ရှိ​​သေး​​သည့်​​ မိန်း​​က​​လေး​​သည် လွန်ခဲ့​​​သော ၅ နှစ်ကတည်း​​က ပြည့်​​တန်ဆာအလုပ်ကို လုပ်ကိုင်ခဲ့​​ရ​​ကြောင်း​​ သိရသည်။ မိန်း​​က​​လေး​​၏ မိခင်က အိမ်တွင်ပင် သမီး​​ဖြစ်သူအား​​ ယင်း​​ကဲ့​​သို့​​ အလုပ်မျိုး​​ ​​စေခိုင်း​​ခဲ့​​ခြင်း​​ဟု ဘရစ္စဘိန်း​​ ရဲတပ်ဖွဲ့​​မှ ဖီယိုနာ ပီဒါဆန်က ​​ပြောကြား​​ခဲ့​​သည်။

မိန်း​​က​​လေး​​သည် မိခင်၏ ဖိစီး​​နှိပ်စက်မှု​​ကြောင့်​​ ထွက်​​ပြေး​​လာကာ ဖြစ်စဉ်ကို သူငယ်ချင်း​​များ​​ထံ ရင်ဖွင့်​​ရာမှ ရဲများ​​က သိရှိလာခြင်း​​ဟု သတင်း​​များ​​ကဆိုသည်။ “သူက အိမ်မှာ လိင်​​ကျေး​​ကျွန် အ​​နေနဲ့​​ပဲ ​​နေရရှာတာပါ။ သူ့​​အ​​မေက ဒါကို အပြည့်​​အဝ အသုံး​​ချ ထိန်း​​ချုပ်ထား​​တယ်”ဟု ပီဒါဆန်က ရှင်း​​ပြခဲ့​​သည်။ မိန်း​​က​​လေး​​နှင့်​​ သူမ၏ ​​မောင်ငယ်နှစ်ဦး​​၏ အဝတ်မပါ​​သော ဓာတ်ပုံများ​​ကိုလည်း​​ ဘရစ္စဘိန်း​​​တောင်ပိုင်း​​ရှိ ​​နေအိမ်တွင် ရဲများ​​က ရှာ​​ဖွေ​​တွေ့​​ရှိခဲ့​​သည်။

ထိုအိမ်တွင် မိန်း​​က​​လေး​​၏ မိခင်နှင့်​​ သူမ၏ အသက် ၆၀ အရွယ် ချစ်သူတို့​​ ​​နေထိုင်လျက်ရှိသည်။ ယင်း​​စုံတွဲ၏ မီး​​ခံ​​သေတ္တာထဲတွင် က​​လေး​​များ​​၏ ပြည့်​​တန်ဆာ လုပ်ငန်း​​မှ ရရှိသည်ဟု ယူဆရ​​သော ဩစး​​​တြေလျ​​ဒေါ်လာ နှစ်သိန်း​​ကိုလည်း​​ ရဲများ​​က ​​တွေ့​​ရှိခဲ့​​သည်။ ယခုအခါ ရဲများ​​က အသက် ၄၀ အရွယ် မိခင်ဖြစ်သူကို စွဲချက် ၁၅ ခုဖြင့်​​ ရုံး​​တင်တရား​​စွဲဆိုထား​​သည်။ ထို့​​အပြင် သူမ၏ ချစ်သူမှာလည်း​​ ရုံး​​တင်စစ်​​ဆေး​​မှု ခံယူထား​​ရ​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here