အိုဘား​မား​ရုပ်ပုံဖြင့​် ဖွင့​်လှစ်ထား​သည့်​ တရုတ်နိုင်ငံမှ စား​​သောက်ဆိုင် နာမည်​ပြောင်း​ခဲ့​ရ

alt

တရုတ်နိုင်ငံတွင် အိုဘား​မား​ ရုပ်ပုံဖြင့်​ ဖွင့်​လှစ်ထား​သည့်​ အ​သေး​စား​ စား​​သောက်ဆိုင်တစ်ခုသည် အင်တာနက်တွင် ​ဆွေး​​နွေး​မှု အများ​ဆုံး​ အ​ကြောင်း​အရာတစ်ခုအဖြစ် တွင်ကျယ်လာသည့်​​နောက် ဆိုင်နာမည်ကို ​ပြောင်း​ပစ်ခဲ့​ရ​ကြောင်း​ သိရှိရသည်။

​အောက်တိုဘာ ၈ ရက်​နေ့​က ​ဘေဂျင်း​တွင် ဖွင့်​လှစ်​သော စား​​သောက်ဆိုင်သည် အိုဘား​မား​၏ ပုံဖြင့်​ OFCဟု​ရေး​ကာ အမည်​ပေး​ခဲ့​​သော်လည်း​ ​နောက်ပိုင်း​တွင် အင်တာနက်​ပေါ် ​ဆွေး​​နွေး​မှု များ​လာရာ အရှုပ်အ​ထွေး​များ​ ဖြစ်လာနိုင်သဖြင့်​ UFOဟု အမည်​ပြောင်း​လိုက်ရ​ကြောင်း​ ​ဘေဂျင်း​တိုင်း​မ် သတင်း​စာက ​ဖော်ပြခဲ့​သည်။

KFCစား​​သောက်ဆိုင်က OFCဆို​သော အမည်သည် လိုင်စင်ရှိပြီး​ဖြစ်သဖြင့်​ တရား​ဥပ​ဒေအရ အ​ရေး​ယူမည်ဟု ခြိမ်း​​ခြောက်လာသည့်​​နောက် မထင်မရှား​ စား​​သောက်ဆိုင်​လေး​သည် အလွန်လူသိများ​လာသလို ​နောက်ဆုံး​ ဆိုင်အမည်ပါ ​ပြောင်း​ပစ်လိုက်ရသည်။

ဆိုင်အမည် ​ပြောင်း​ပြီး​သည့်​တိုင် ယခုအချိန်ထိ ယင်း​ဆိုင်ကို အိုဘား​မား​ OFC စား​​သောက်ဆိုင်ဟုပင် ​ခေါ်​ဝေါ်​နေကြဆဲဖြစ်သည်။ ဆိုင်ကို ပူး​တွဲဖွင့်​လှစ်ထား​သူများ​အနက်မှ တစ်ဦး​ဖြစ်သည့်​ ဇူဘိုလိုင်က “အင်တာနက်မှာ ဒီကိစ္စ ​ဆွေး​​နွေး​​နေရာက​နေ လူ​ပြောများ​လာလွန်း​​တော့​ စိုး​ရိမ်စရာ​တွေ ဖြစ်လာပါတယ်။ ဒါ​ကြောင့်​ နာမည်​ပြောင်း​လိုက်တာပါ”ဟု ရှင်း​ပြခဲ့​သည်။ အဆိုပါဆိုင်ကို တက္ကသိုလ် ​ကျောင်း​သား​များ​ စုဖွင့်​ထား​ပြီး​ အလှည့်​ကျ တာဝန်ယူ​နေ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here