တရုတ်ဇိမ်ခံသ​င်္ဘော ​ရောင်း​ချပြီး​​နောက် မကြာမီပင် နစ်မြုပ်သွား​

alt

တရုတ်နိုင်ငံတွင် ဇိမ်ခံသ​င်္ဘောကြီး​ တစ်စင်း​ကို စတင်​ရောင်း​ချပြီး​​နောက် မကြာမီတွင်ပင် နစ်မြုပ်သွား​မှုနှင့်​ ကြံုခဲ့​၇​ကြောင်း​ သိရှိရသည်။

လန်ဇူး​တွင် မြစ်ဝါမြစ်အတွင်း​ ​ရေချလိုက်ပြီး​​နောက် ယွမ်​ငွေ ၁၇ သန်း​တန် သ​င်္ဘောကြီး​သည် ချက်ချင်း​လိုလို နစ်မြုပ်သွား​ခဲ့​ခြင်း​ဖြစ်သည်။ စက်တင်ဘာ ၂၉ ရက်​နေ့​က ဖြစ်စဥ်ကို ယခုအခါတွင်မှ Nanfang Daily သတင်း​စာက ​ဖော်ပြခဲ့​ပြီး​ မည်သူတစ်ဦး​တစ်​ယောက်မျှ ထိခိုက်မှု မရှိဟုဆိုသည်။

သ​င်္ဘောကို ပြန်လည် ဆယ်ယူရန်မူ ၃ ရက်လုံး​လုံး​ အချိန်ယူခဲ့​ရသည်။ အင်တာနက်​ပေါ်တွင် ​ရေထဲတစ်ဝက်တစ်ပျက် နစ်မြုပ်​ နေပြီး​ တစ်ခြမ်း​​စောင်း​​နေသည့်​ ဇိမ်ခံသ​င်္ဘောကြီး​၏ ဓာတ်ပုံများ​ကို လွှင့်​တင်ထား​သည်။ အဆိုပါ သ​င်္ဘောသည် ၃၂.၄ မီတာရှည်ကာ လူ ၈၀ ကို တင်​ဆောင်နိုင်ပြီး​ တစ်နာရီ ၂၂ ကီလိုမီတာထိ ခုတ်​မောင်း​နိုင်ရန် ဒီဇိုင်း​ထုတ် ဖန်တီး​ထား​သည်။

ဂျီဂန်ဟု အမည်​ပေး​ထား​​သော သ​ င်္ဘောကို လန်ဇူး​ ပို့​​ဆောင်​ရေး​ ဗျူရိုက ဦး​​ဆောင်ကာ ဆီချွမ်ရှိ ကုမ္ပဏီတစ်ခုကို တည်​ဆောက်​စေခဲ့​ခြင်း​ဟု သိရသည်။ အချို့​ သတင်း​များ​က ယင်း​သ​င်္ဘောကို ဂိုလန်​ဒေသတွင် တည်​ဆောက်ခြင်း​ဟု ​ဖော်ပြ​နေသည်။ ကွင်း​ဆင်း​စစ်​သေး​သူများ​က သ​င်္ဘော​ရေချချိန်တွင် မြစ်ဝါမြစ်၏ ​ ရေပြင်အ​နေအထား​ကို ​ပေါ့​​လျော့​မှား​ယွင်း​စွာ တွက်ချက်မိခြင်း​​ကြောင့်​ ယခုလို ဖြစ်သွား​ခြင်း​ဟု ​ပြောကြား​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here