ဗြိတိန်မာရသွန်ပြိုင်ပွဲတွင် ဆုရခဲ့​သည့်​ အ​ပြေး​သမား​ ဘတ်စ်ကား​ခိုး​စီး​ခဲ့​​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိ

alt

ဗြိတိန်နိုင်ငံတွင် မာရသွန် အ​ပြေး​ပြိုင်ပွဲ ပါ၀င်ယှဥ်ပြိုင်သူ တစ်ဦး​သည် ဆုရပြီး​မှ ဘတ်စ်ကား​စီး​ခဲ့​​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိသည့်​အတွက် အရှက်ကွဲခဲ့​​ကြောင်း​ သိရသည်။

သတင်း​များ​က လူပျင်း​တစ်ဦး​အဖြစ် ​လှောင်​ပြောင် ​ရေး​သား​​နေသည့်​ အသက် ၃၁ နှစ်အရွယ် ​ရော့​ ဆလိုအန်သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်က ခီလဒါ မာရသွန် ပြိုင်ပွဲတွင် တာထွက်ပြီး​​နောက် မိုင် ၂၀ မျှ ​နေရာသို့​ ​ရောက်ရှိ​အောင် ဘတ်စ်ကား​ စီး​ခဲ့​ခြင်း​ဖြစ်သည်။

ထို့​​နောက် ပုန်း​​နေကာ ​ပြေး​လမ်း​​ပေါ် ပြန်လည်ဝင်​ရောက်ပြီး​ တတိယ ​နေရာမှ ပန်း​၀င်နိုင်ခဲ့​သည်။ သို့​​ သော်လည်း​ ​နောက်ပိုင်း​တွင် ဖြစ်ရပ်မှန် ​ပေါ်​ပေါက်လာရာ ဆလိုအန်က မိမိသည် ၂၆.၂ မိုင်ရှည်လျား​​သော ပြိုင်ပွဲတစ်ခုလုံး​ကို ​ပြေး​လွှား​ခဲ့​​ ကြောင်း​ ​ပြောဆိုခဲ့​သည်။ မည်သို့​ပင်ဖြစ်​စေ ဆလိုအန်သည် ဘတ်စ်ကား​တစ်စင်း​ ခိုး​စီး​လာသည်ကို မျက်မြင် အ​မြောက်အမြား​ ရှိ​နေသည့်​ အတွက် ​နောက်ဆုံး​တွင် ဝန်ခံခဲ့​ရသည်။

ဆလိုအန်၏ ပြိုင်ဘက် အ​တော်များ​များ​က ၎င်း​တို့​ကို ဆလိုအန်က ဖြတ်​ကျော်တက်သွား​သည်ကို မ​ တွေ့​မိပါဟု ​ပြောဆိုကြပြီး​​နောက် အဆိုပါ ဖြစ်စဥ်ကို စစ်​ဆေး​ခဲ့​ခြင်း​ဖြစ်သည်။ မာရသွန်ပြိုင်ပွဲ ကျင်း​ပ​ရေး​ ​ကောင်မတီက ဆန်း​ဒါး​လန်း​မှ လာ​ ရောက်ယှဥ်ပြိုင်​သော ဆလိုအန်သည် ပြိုင်ပွဲမှ ထွက်ခွာကာ မိုင် ၂၀ မျှ ခရီး​တာကို မ​လျော်ကန်သည့်​ နည်း​လမ်း​ဖြင့်​ ဖြတ်​ကျော်ပြီး​​နောက် တတိယဆု ရယူခဲ့​​ကြောင်း​ ​ဖော်ထုတ်နိုင်သဖြင့်​ ၎င်း​၏ ဆုတံဆိပ်ကို သိမ်း​ယူပြီး​ စတုတ္ထ​နေရာမှ ကီတင်ဗင်ကိန်း​အား​ လွှဲအပ်​ပေး​​ကြောင်း​ အတည်ပြု ​ကြေညာခဲ့​သည်။

စစ်တပ် စက်မှုကျွမ်း​ကျင်သူ​ဟောင်း​ တစ်ဦး​ဖြစ်သူ ဆလိုအန်သည် လွန်ခဲ့​​သော လအနည်း​ငယ်ကမှ အ​ပြေး​ကလပ် အသင်း​၀င် ဖြစ်လာသူဟုလည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here