အ​မေရိကန်ဆယ်​ကျော်သက်များ​ ကွန်ဒုံး​သုံး​စွဲမှုမြင့်​တက်လာ

alt

အ​မေရိကန်နိုင်ငံမှ ဆယ်​ကျော်သက် လူငယ်များ​ကြား​ ကွန်ဒုံး​ သုံး​စွဲမှု အ​ရေအတွက် သိသိသာသာ မြင့်​တက်လာ​ကြောင်း​ သိရှိရသည်။

အ​ မေရိကန် ​ရောဂါကာကွယ်​ရေး​နှင့်​ ထိန်း​ချုပ်​ရေး​ ဗဟိုဌာန (CDC)က ဆယ်​ကျောက်သက်များ​ကြား​ လုံခြံု​သော လိင်ဆက်ဆံမှုကို ဦး​စား​​ပေး​မှု မြင့်​တက်လာ​သော်လည်း​ လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှား​သည့်​ အ​ခြေအ​နေမှာမူ အ​ပြောင်း​အလဲ မရှိ​သေး​​ကြောင်း​ Reutersသို့​ ​ပြောကြား​ခဲ့​ သည်။

CDCက အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား​ ​ယောက်ျား​​လေး​ ၁၀ ဦး​တွင် ၈ ဦး​သည် ၎င်း​တို့​၏ ပထမဆုံး​ လိင်အ​တွေ့​အကြံုတွင် ကွန်ဒုံး​ကို သုံး​ခဲ့​​ကြောင်း​ ​ဖော်ပြခဲ့​သည်။ ထို့​​ကြောင့်​ ပထမဆုံး​ လိင်အ​တွေ့​အကြံုတွင် ဆယ်​ကျော်သက်များ​ ကွန်ဒုံး​သုံး​စွဲမှု မြင့်​မား​လာသည်ကို ​ ဖော်ထုတ်နိုင်ခဲ့​​ကြောင်း​ သိရသည်။

လက်ရှိတွင် ဆယ်​ကျော်သက်များ​၏ ကွန်ဒုံး​သုံး​စွဲမှုသည် ပျမ်း​မျှ ၈၀ ရာခိုင်နှုန်း​ ဝန်း​ကျင်မျှ ရှိလာရာ ၂၀၀၂ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း​မျှ တိုး​တက်လာခြင်း​ဖြစ်​ကြောင်း​ CDCက အတည်ပြု ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here