လက်ထပ်ပြီး​​နောက် ၁၂ နှစ်လုံး​လုံး​ လိင်ဆက်ဆံမှုမပြုသည့်​ ဖီလစ်ပိုင်လင်မယား​

alt

စင်္ကာပူနိုင်ငံမှ လင်မယား​နှစ်ဦး​သည် လက်ထပ်ပြီး​​နောက် ၁၂ နှစ်လုံး​လုံး​ လိင်မဆက်ဆံဘဲ ​နေထိုင်ခဲ့​​ကြောင်း​ သိရှိရသည်။

ခင်ပွန်း​ဖြစ်သူက လက်ထပ်ပြီး​ချိန်တွင် လိင်ဆက်ဆံရန် ကြိုး​စား​လုပ်​ဆောင်ခဲ့​​သော်လည်း​ ဇနီး​ဖြစ်သူက သူမ၏ မအင်္ဂါအတွင်း​ မခံမရပ်နိုင်​အောင် နာကျင်သည်ဟုဆိုကာ ငြင်း​ဆန်​သော​ကြောင့်​ လက်​လျှော့​ခဲ့​ရသည်။ ​နောက်ထပ်လည်း​ အကြိမ်​ပေါင်း​ အ​တော်များ​များ​ ကြိုး​စား​ခဲ့​​သော်လည်း​ အဆင်မ​ပြေသည့်​​နောက် ဆယ်စုနှစ် တစ်ခု​ကျော်ကြာ​အောင် ၎င်း​တို့​နှစ်ဦး​လုံး​ လိင်ကိစ္စနှင့်​ ကင်း​ကွာ​နေခဲ့​ရသည်။ ​နောက်ပိုင်း​တွင်မူ လင်မယား​နှစ်ဦး​လုံး​ က​လေး​လိုချင်လာသဖြင့်​ ဆရာဝန်များ​နှင့်​ တိုင်ပင်ရန် ဆုံး​ဖြတ်ခဲ့​ကြသည်။

၎င်း​တို့​ သွား​​ရောက် ​ဆွေး​​နွေး​သည့်​ ဆရာဝန်မှာ လင်မယား​နှစ်ဦး​တို့​ ၁၂ နှစ်လုံး​လုံး​ လိင်မှုကိစ္စ ကင်း​ကွာ​နေ​ကြောင်း​ သိရှိသည့်​အခါ အလွန်အံ့​ဩ မျက်လုံး​ပြူး​ခဲ့​ရသည်။ ထို့​​ နောက်တွင်မူ ဇနီး​ဖြစ်သူအား​ စစ်​ဆေး​ကြည့်​သည့်​အခါ Vaginismus​ခေါ် မအင်္ဂါ ကြွက်သား​များ​ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် ​တောင့်​တင်း​ လာတတ်သည့်​ အ​ခြေအ​နေကို ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။

အမျိုး​သမီး​များ​ လိင်စိတ်ကင်း​ကွာခြင်း​၏ ၉၀ ရာခိုင်နှုန်း​သည် စိတ်ပိုင်း​ဆိုင်ရာ​ ကြောင့်​ ဖြစ်တတ်​သော်လည်း​ ယခုကိစ္စတွင်မူ ယင်း​နှင့်​ မသက်ဆိုင်​ကြောင်း​ ​ဒေါက်တာ ဂျိုသီကူမာက ရှင်း​ပြခဲ့​သည်။ ​နောက်ပိုင်း​တွင် ဆရာဝန်များ​က အမျိုး​သမီး​၏ မအင်္ဂါအတွင်း​ လမ်း​​ကြောင့်​ချဲ့​​ပေး​​သော ကိရိယာငယ်တစ်ခုကို ထည့်​သွင်း​​ပေး​လိုက်ပြီး​​နောက် အဆင်​ပြေသွား​​ လေသည်။ သူမသည် ၄ လအကြာတွင် ကိုယ်ဝန်ရလာ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here