နိုင်ငံ​ရေး​သမား​တွေ မှန်မှန်ကန်ကန် လက်​တွေ့​ကျကျ သုံး​သပ်ဖို့​ပါ

သရုပ်​ဖေါ်ပုံ © PMV

ကျွန်တော့်စာ ​တွေကို ဖတ်ဖူး​တဲ့​သူ​တွေရှိမှာပါ။ ကျွန်တော်​တွေး​မိတာကို​ရေး​ခဲ့​တယ်။ ဆဲချင်လည်း​ဆဲတယ်။

ဘာ့​ကြောင့်​ ဒီလို​ရေး​လဲဆို​တော့​ ကျွန်တော်က အစိုး​ရတစ်ခု၊​ အဖွဲ့​အစည်း​တစ်ခုရဲ့​အဖွဲ့​ဝင် (သို့​) ​ပြောခွင့်​ရပုဂ္ဂိုလ်မဟုတ်ဘူး​။ လွတ်လပ်တဲ့​လူတစ်​ယောက်ဖြစ်​တော့​ ​ရေး​ချင်တာ​ရေး​တယ်။

နာမည်ကြီး​စာ​ရေး​ဆရာလည်း​မဟုတ်​တော့​ ဘယ်သူ့​မျက်နှာမှ ​ထောက်စရာမလိုဘူး​။

အခုလည်း ​ ​တွေး​မိတာကို​ရေး​ပါတယ်။ ကြိုက်တဲ့​သူဖတ်ပါ။ မကြိုက်ရင်မဖတ်ပါနဲ့​။ တခု​တော့​ရှိတယ်၊​ ဖတ်လည်း​ဖတ်​သေး​တယ်၊​ ပြီး​ရင် စာ​ရေး​တဲ့​သူကို​ကျေး​ဇူး​မတင်တဲ့​အပြင် ​ကျေဇူး​ကန်း​တဲ့​ စကား​မျိုး​တော့​ မ​ပြောနဲ့​။ ဒီစာကို​ရေး​တဲ့​အတွက်​ကြောင့်​လည်း​ စာ​ရေး​စား​တဲ့​လူ​တွေလို ပိုက်ဆံတပြား​မှ မရဘူး​။

တွေး​မိတာက ဒီလိုပါ။

မဖြစ်နိုင်တာကိုစိတ်ကူး ​ယဉ်ပြီး​ လုပ်​နေတာကို လက်​တွေ့​မကျဘူး​လို့​ခေါ်တယ်။ ဒီလိုမျိုး​လုပ်​နေတာကို နိုင်ငံ​ရေး​မှာ ​တွေ့​နေရတယ်။ ဟိုး​တုန်း​ကကော ခု​ကော ဒီလိုအလုပ်​တွေကို စိတ်ကူး​ယဉ်ဆန်ဆန် နိုင်ငံ​ရေး​သမား​ (တနည်း​) ​တော်လှန်​ရေး​သမား​တွေ အ​ကောင်အထည်​ဖော်ကြတယ်။

ကျွန်တော်တို့ ​အဓိက စဉ်း​စား​ခဲ့​တဲ့​အရာက​တော့​ အစိုး​ကဖြုတ်ချ​ရေး​ဆိုတဲ့​ ​ခေါင်း​စဉ်ပဲ။ ဒီ​ခေါင်း​စဉ်​အောက်က​နေ အစိုး​ရဖြုတ်ချ​ရေး​လုပ်ငန်း​တွေကို အစဉ်တစိုက်လုပ်ခဲ့​ကြတယ်။ အစိုး​ရနဲ့​ပူး​ပေါင်း​ပြီး​ အ​ပြောင်း​အလဲကိုလုပ်မဲ့​နည်း​လမ်း​ကို မစဉ်း​စား​ခဲ့​တဲ့​ လူ​တွေများ​ခဲ့​တယ်။

ကျွန်တော်တို့​ဘယ်​တွေလုပ်ခဲ့​လဲဆိုတာကို​လေ့​လာကြည့်​ပါ။ ဥပမာ-

(၁)လူထုအုံကြွမှု (သို့​) ဆူပူမှု (သို့​) လမ်း​မ​ပေါ်ထွက် ဆန္ဒပြခြင်း​

(၂)လက်နက်ကိုင်​တော်လှန်​ရေး​နဲ့​အောင်ပွဲခံမည်

(၃)တွေ့​ဆုံ​ဆွေး​နွေး​နွေး​သာလျှင် တခုတည်း​သောနည်း​လမ်း​

(၄)ရွေး​ကောက်ပွဲ နှင့်​ ၂ဝဝဂ-ခုနှစ် အ​ခြေခံဥပ​ဒေဆန့်​ကျင်​ရေး​

(၅)ရွေး​ကောက်ပွဲဝင်​ရေး​

ဒီနည်း ​လမ်း​တွေထဲမှာ ​ရွေး​ကောက်ပွဲဝင်​ရေး​ဆိုတဲ့​ နည်း​လမ်း​က အစိုး​ရနဲ့​ပူး​ပေါင်း​ဆောင်ရွက်​ရေး​၊​ ဖြစ်နိုင်​ခြေရှိတဲ့​ အ​ပြောင်း​အလဲကို လက်​တွေ့​ကျကျ အ​ကောင်အထည်​ဖော်နိုင်လိမ့်​မယ်လို့​ယုံကြည်ရတယ်။ ကျန်တဲ့​နည်း​လမ်း​တွေက လုံး​ဝကို အလုပ်မဖြစ်နိုင်ဘူး​။ ဟိုတုန်း​ကတည်း​က ဒါ​တွေကို အစဉ်တစိုက်လုပ်ခဲ့​ကြတာ လူကြီး​မင်း​တို့​အား​လုံး​အသိပဲ။

ကျွန်တော်တို့ ​ပြည်သူ​တွေလိုချင်တာက ​အေး​ချမ်း​တည်ငြိမ်​ပြီး​ ထမင်း​ဝဝလင်လင်စား​နိုင်တဲ့​ ဘဝကိုလိုချင်တယ်။ ချမ်း​သာချင်ကြတယ်။ လွတ်လပ်ချင်ကြတယ်။ သူများ​နိုင်ငံနဲ့​တန်း​တူ ရင်​ဘောင်တန်း​နိုင်တဲ့​ မြန်မာပြည်အဖြစ် ကမ္ဘာ့​အလည်မှာမြင်ချင်ကြတယ်။ ဒါက လူတိုင်း​လိုချင်တဲ့​အရာလို့​ထင်တယ်။ ဒါ​တွေကို ရနိုင်ဖို့​မြန်မာပြည်သူတိုင်း​ ကျတဲ့​အခန်း​က​နေ ကျိုး​စား​လုပ်​ဆောင်ကြတယ်။ လူကြီး​ဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ကိုယ်​နေရာက​နေ ကိုယ်တက်နိုင်သ​လောက်​ပေး​ဆပ်ကြတယ်။ ဒီလို​ပေး​ဆပ်တဲ့​နေရာမှာ ဘယ်သူက​တော့​ပေး​ဆပ်မှုကြီး​တယ်။ ဘယ်သူက​တော့​သေး​တယ်ဆိုတဲ့​ အယူအဆမရှိသင့်​ဘူး​။ ​ခေါင်း​ဆောင်လည်း​ ​ခေါင်း​ဆောင်အခန်း​က​နေ တာဝန်ယူကြတယ်။ ရဲ​ဘော်ကလည်း​ သူ့​တာဝန်ရှိတဲ့​အခန်း​က​နေ နိုင်သ​လောက်လုပ်​ပေး​တယ်။ စစ်အစိုး​ရလည်း​ သူ​ကောင်း​မယ်ထင်တာကို သူဖန်တီး​တယ်။ အတိုက်အခံ နဲ့​ သူပုန်ကလည်း​ သူတို့​ကောင်း​မယ်ထင်တဲ့​ လမ်း​ကို​ရွေး​တယ်။ အား​လုံး​သော မြန်မာပြည်သူတိုင်း​ဟာ မြန်မာနိုင်ငံနဲ့​ မြန်မာပြည်သူ​တွေကို ​ကောင်း​စား​ချင်တဲ့​စိတ်ရှိတယ်။ ဘယ်မြန်မာနိုင်ငံသား​မှ မြန်မာပြည်ကြီး​ ပျက်စီး​ပါ​စေဆိုတဲ့​ ရည်ရွယ်ရှိမှာမဟုတ်ဘူး​။

ဒီလို မြန်မာ​တွေ​ကောင်း​စား​ဖို့​အတွက် အတိုက်အခံ​တွေ​ရွေး​တဲ့​လမ်း​ကို ကျွန်တော်နား​လည်သ​လောက်တင်ပြချင်တယ်။ အစိုး​ရဘက်​တော့​ အား​လုံး​သိတဲ့​အတိုင်း​ သူတို့​လိုချင်တဲ့​ပုံစံအတိုင်း​လျှောက်ပါ။ ဒါက သူတို့လိုချင်တဲ့​အရာ။ သူတို့​ဖြစ်​စေချင်တဲ့​အရာ။ ကျွန်တော်က အတိုက်အခံထဲက လူတစ်​ယောက်ဖြစ်တဲ့​အတွက် အတိုက်အခံ​တွေအ​နေနဲ့​ရွေး​ချယ်သင့်​တဲ့​ လမ်း​ကြောင်း​ကို ဉာဏ်မှီသ​လောက်တင်ပြချင်တယ်။

(၁) လူထုအုံကြွမှု (သို့​) ဆူပူမှု (သို့​) လမ်း​မ​ပေါ်ထွက် ဆန္ဒပြခြင်း

ပြည်တွင်း ​၊​ ပြည်ပက အတိုက်အခံ​တွေထဲက လိုချင်တဲ့​အရာဖြစ်တယ်။ ဒီနည်း​လမ်း​ကသာလျှင် အစိုး​ရကိုအ​ပြောင်း​အလဲဖြစ်​စေနိုင်တယ်လို့​ဆိုတယ်။ ဒီလုပ်ငန်း​စဉ်ဖြစ်လာ​အောင် နိုင်ငံခြား​က​ပေး​တဲ့​ ​ငွေအကူအညီနဲ့​ လူထုအုံကြွလာ​အောင် ​မြှောက်​ပေး​တယ်။ နည်း​လမ်း​ပေး​တယ်။ အကူအညီ​ပေး​တယ်။ ချုပ်​ပြောရရင် ပြည်တွင်း​၊​ ပြည်ပက လူတစ်ချို့​အဖွဲ့​အစည်း​တချို့​က လူထု​တွေလမ်း​ပေါ်တက်လာ​အောင် ဆွ​ပေး​ကြတယ်။

ဒီ ​နေရာမှာ အဓိက​မေး​ရမှာက… တကယ်လို့​ကျွန်တော်တို့​လူထု​တွေ လမ်း​ပေါ်တက်ပြီး​ ဆန္ဒပြပြီပဲထား​။ အစိုး​ရပြုတ်ပြီပဲထား​။ ဘယ်သူက အာဏာယူမှာလဲ။ ​နောက်ပြီး​ ဘယ်​တော့​မှ လူထု​တွေအာဏာရမှာလဲ။ ၈၈-ခုနှစ်မှာ ဖြစ်တဲ့​ဖြစ်ရပ်၊​ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​လို့​ခေါ်တဲ့​ ဘုန်း​ကြီး​တွေလမ်း​ပေါ်ထွက်တဲ့​ဖြစ်ရပ်မှာ အာဏာရခဲ့​လား​။ ဒါ​တွေကိုကြည့်​ရင် လူထု​တွေလမ်း​ပေါ်ထွက်တဲ့​နည်း​လမ်း​က အလုပ်ဖြစ်ပါရဲ့​ လား​။ ကျွန်တော်အမြင်က​တော့​ အလုပ်မဖြစ်ဘူး​။

(၂) လက်နက်ကိုင်​တော်လှန်း​ရေး​နဲ့​အောင်ပွဲခံမည်

သူပုန် ​တွေက ​ပြောတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့​အောင်ပွဲခံမယ်တဲ့​။ ဗကပဆိုရင် ပိုဆိုး​သေး​တယ်။ လက်နက်​တောင်မရှိ​တော့​တဲ့​အချိန်မှာ လက်နက်ကိုင်တိုက်ပွဲနဲ့​လူထုတိုက်ပွဲကို​ပေါင်း​စပ်ကြ၊​ ဘာညာဆိုပြီး​ ​ဘေး​က​နေ အခြား​အဖွဲ့​အစည်း​တွေကို ကြပ်​ပေး​တယ်။ ​နောက်ပြီး​ တိုင်း​ရင်း​သား​သူပုန်​တွေကလည်း​ အစိုး​ရစစ်တပ်ကို နိုင်​အောင်မတိုက်နိုင်ဘူး​။ ဒီလိုမျိုး​တိုက်လာတာ နှစ်​ပေါင်း​ငါး​ဆယ်​ကျော်​နေပြီ။ ဒါလား​ လက်နက်ကိုင်တိုက်ပွဲနဲ့​အောင်ပွဲခံခဲ့​တာ။ အစိုး​ရစစ်တပ်ရဲ့​အင်အား​ကိုကြည့်​အုံး​။ နည်းတဲ့​အင်အား​မဟုတ်ဘူး​။ ကိုယ့်​အင်အား​နဲ့​ဆိုရင် ဆိတ်နဲ့​ဂေါ်ဇီလာ​လောက်ရှိတယ်။ ဒါနဲ့​များ​ စိတ်ကူး​ယဉ်ချင်​သေး​တယ်။

(၃) ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​သာလျှင် တခုတည်း​သောနည်း​လမ်း​

​ ဒေါ်​အောင်ဆန်း​စုကြည်အမြဲ​ပြော​နေတဲ့​စကား​။ သူ့​ရဲ့​နည်း​လမ်း​။ နှစ်​ပေါင်း​ ၂၀-​ကျော်​နေပြီ။ အခုထက်ထိအလုပ်မဖြစ်​သေး​ဘူး​။ ​တွေ့​တော့​တွေ့​ပါရဲ့​။ ဒါ​ပေမဲ့​ ဒုံရင်း​ကဒုံရင်း​ပဲ။ ဒီလိုဖြစ်​နေတဲ့​အ​နေအထား​မှာ အခြား​နည်း​လမ်း​ပြောင်း​ဖို့​မစဉ်း​စား​တာက စိတ်ကူး​ယဉ်တယ်လို့​ပြောနိုင်တယ်။

(၄)၂၀၁၀ ​ရွေး​ကောက်ပွဲ နှင့်​ ၂ဝဝဂ-ခုနှစ် အ​ခြေခံဥပ​ဒေဆန့်​ကျင်​ရေး​
၂၀၀၈-ခုနှစ်အ ​ခြေခံဥပ​ဒေနဲ့​ ၂၀၁၀-​ရွေး​ကောက်ပွဲကို ဆန့်​ကျင်ရင်း​နဲ့​ပဲ ကြံ့​ဖွံ့​ပါတီက အစိုး​ရဖြစ်သွား​ခဲ့​တယ်။ ပြည်ပက အဖွဲ့​အစည်း​တချို့​ဒီ​ခေါင်း​စဉ်​အောက်က​နေ ပရိုပိုဆယ်​တောင်း​တာပဲ အဖတ်တင်တယ်။ တကယ်တမ်း​တော့​ အလုပ်မဖြစ်ခဲ့​ဘူး​။ တကယ်လို့​များ​ ၂၀၁၀-​ရွေး​ကောက်ပွဲနဲ့​၂၀၀၈-ခုနှစ်အ​ခြေခံဥပ​ဒေကို ဆန့်​ကျင်လို့​နိုင်တယ်ထား​အုံး​….ပြီး​ရင်ဆန့်​ကျင်တဲ့​လူ​တွေအ​နေနဲ့​ ဘာများ​လုပ်ကြမလဲမသိဘူး​။ ဆန့်​ကျင်ဖို့​လောက်ပဲ ​ခေါင်း​ထဲမှာရှိကြတယ်ထင်တယ်။

(၅) ​ရွေး​ကောက်ပွဲဝင်​ရေး​

​ ရွေး​ကောက်ပွဲဝင်ပြိုင်တဲ့​ ကိစ္စက​တော့​ လက်ရှိနိုင်ငံ​ရေး​ကာလမှာ အ​ကောင်း​ဆုံး​နည်း​လမ်း​ဖြစ်တယ်လို့​ပြောချင်တယ်။ ဘာ့​ကြောင့်​လဲဆို​တော့​ အရင်တုန်း​က နည်း​လမ်း​တွေက လက်​တွေ့​မှာ ​အောင်ပွဲမရခဲ့​တော့​ ဒီနည်း​လမ်း​ကသာလျှင် တစ်ခုတည်း​သော ထွက်​ပေါက်ဖြစ်​နေပြီ။ ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီလမ်း​ပဲရှိ​တော့​တယ်။ နည်း​လမ်း​ဟောင်း​တွေကို ဆက်သုံး​ချင်ရင်လည်း​သုံး​လို့​ရပါတယ်။ အ​မှောင်ထဲမှာလမ်း​လျှောက်သလို စမ်း​တဝါး​ဝါး​နဲ့​ ဖြစ်​နေတာကို​တော့​ သတိထား​ဖို့​လိုတယ်။ ​ရွေး​ကောက်ပွဲမှာ မဲလိမ်မဲခိုး​၊​ မသာမာမှု​တွေ​တော့​ရှိမှာပဲ။ မြန်မာပြည်က ခိုး​တဲ့​လိမ်တဲ့​နေရာမှာ သူများ​နိုင်ငံနဲ့​မတူ အရမ်း​တော်​တော့​ ဖြစ်မှာပဲ။ တဖြည်း​ဖြည်း​ နည်းနိုင်သမျှနဲ​အောင် လုပ်ဖို့​ကလွဲရင် ကျန်တဲ့​လမ်း​မရှိဘူး​။

အထက်ကနည်း ​လမ်း​တွေကို ဘယ်သူ​တွေက ဖန်တီး​တာလဲဆို​တော့​ ​ခေါင်း​ဆောင်​တွေပဲ ဖန်တီး​ပါတယ်။ ပြည်သူ​တွေ နဲ့​အောက်​ခြေက အဖွဲ့​ဝင်​တွေရဲ့​သ​ဘောတူညီချက်​တွေ၊​ အိုင်ဒီယာ​တွေလုံး​ဝမပါဘူး​။ ​ခေါင်း​ဆောင်ပိုင်း​ကလည်း​ ​အောက်​ခြေကို မတိုင်ပင်ဘူး​။ အတိုက်အခံ​တွေ ​ပေါ်လစီချတိုင်း​ ​အောက်​ခြေထုကို ဘယ်နှစ်ခါတိုင်ပင်ခဲ့​ဘူး​လဲ။ ပြည်သူဆိုရင်ပိုဆိုး​ပေါ့​။

ဒါ့ ​ကြောင့်​မြန်မာ့​နိုင်ငံ​ရေး​လောကမှာ မြင်​တွေ့​နေရတဲ့​ပေါ်လစီ​တွေ၊​ မှုဝါဒ​တွေ၊​ ​တောင်း​ဆိုချက်​တွေဟာ ​အောက်​ခြေက​နေ မလာပဲ အထက်ကလာတာ​ကြောင့်​ အလုပ်မဖြစ်ခဲ့​ဘူး​လို့​သုံး​သပ်ချင်တယ်။ လူ​တွေရဲ့​အား​တက်သ​ရောပူး​ပေါင်း​ဆောင်ရွက်မှု မရှိခဲ့​တာ​ကြောင့်​ နိုင်ငံ​ရေး​အ​ပြောင်း​အလဲမဖြစ်ခဲ့​ဘူး​။ ဒီလိုပုံစံကို ယ​နေ့​ကာလမှာပြင်သင့်​နေပြီ။ မြန်မာ့​ယဉ်​ကျေး​မှုမှာ အဆိုး​ဆုံး​က ဒီနည်လမ်း​ပဲ။ ငါ​ပြောတာကိုနာခံဆိုတဲ့​ အာဏာရှင်စိတ်ဓာတ်က ​နေရာတိုင်း​မှာရှိတယ်။ အခု​တော့​ နှစ်ဘက်စလုံး​က တင်း​ခံ​နေ​တော့​ ကြား​ထဲက တိုင်း​ပြည်နဲ့​ပြည်သူကပဲ နစ်နာရတယ်။ တကယ်တမ်း​ အကျိုး​ရှိမဲ့​ဟာကို စဉ်း​စား​ကြရင် ဘယ်​လောက်​ကောင်း​မလဲ။ ဒါက​တော့​ ​လျှော့​ ဖို့​လိုတယ်။

ကန်ပိန်း​နိုင်ငံ​ရေး​

ကန်ပိန်း ​အမျိုး​မျိုး​ကို လူကြီး​မင်း​တို့​သတိထား​မိမှာပါ။ ဒီထဲက​နေ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ကန်ပိန်း​ဆိုတဲ့​ကိစ္စနဲ့​ပက်သက်ပြီး​နဲနဲ​ပြောချင်တယ်။ လက်မှတ်​တွေ ထိုး​ကြ။ ကုလသမဂ္ဂကိုတင်ကြနဲ့​ အလုပ်​တွေရှုပ်ကြတယ်။ ​နောက်ဆုံး​ ဘာရလဲဆို​တော့​ ဘာမှမရခဲ့​ဘူး​။  နိုင်ငံ ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ဆိုတဲ့​ကိစ္စက တကယ်တမ်း​ပြောရရင် ဦး​စား​ပေး​သင့်​တဲ့​အရာမဟုတ်ဘူး​။ ဦး​ဝင်း​တင်​တောင် တခါတုန်း​က ​ရေဒီယိုမှာ ဒီကိစ္စက အ​ရေး​မကြီး​ပါဘူး​လို့​ပြောလိုက်တာကြား​ရတယ်။ ဆို​တော့​ ပြည်ပကလူ​တွေဘာ့​ကြောင့်​များ​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​အိတ်ရှုး​ကို အရမ်း​စွပ်တင်ကြရတာလဲမသိဘူး​။ သူတို့​အား​လုံး​လွှတ်တာနဲ့​ တိုင်း​ပြည်ငြိမ်း​ချမ်း​ရေး​ရရင်​တော့​ ​ကောင်း​တာ​ပေါ့​။

​ ထောင်ထဲမှာရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဦး​ရေက ၂၀၀၀-​ကျော်ပဲ ရှိတယ်ဆိုပါစို့​။ ဒီလူဦး​ရေက တတိုင်း​ပြည်လုံး​ အ​ရေး​နဲ့​ယှဉ်ရင်​သေး​သေး​လေး​ပဲ။ ဒါ​တွေကို စစ်ပွဲတစ်ပွဲမှာ နိုင်ဖို့​အတွက် ရင်း​ရတဲ့​ စစ်သား​တွေအ​နေနဲ့​ရင်း​လိုက်ပါ။ ဥပမာ-အစိုး​ရက သူတို့​ကိုလွှတ်​ပေး​မယ်။ ​ဒေါ်စုက သူတို့​နဲ့​ပက်သက်ပြီး​ အာမခံ​ပေး​လိုက်ပါလို့​ပြောတယ်။ အာမခံ​ပေး​လိုက်ပါ။ အဓိက သူတို့​လွှတ်ဖို့​အ​ရေး​ကြီး​တယ်။ လွတ်ရင် အနည်းဆုံး​ခိုး​ကြောင်ခိုး​ဝှက်နဲ့​နိုင်ငံ​ရေး​လုပ်လို့​ရတယ်။ လူ​တွေနဲ့​ပြန်​တွေ့​နိုင်တယ်။ အပြင်​လောက ဗဟုသုတကိုဆည်း​ပူး​နိုင်မယ်။ နိုင်ငံ​ရေး​နဲ့​အဆက်မပြတ်​တော့​တဲ့​အတွက်​ကြောင့်​မှန်မှန်ကန်ကန် သုံး​သပ်နိုင်မယ်။ ဒီအတိုင်း​အာမ မခံပဲထား​ရင် သူတို့​ဘယ်​တော့​မှ အပြင်ကို​ရောက်မှာမဟုတ်​တော့​ဘူး​။ မ​ရောက်လဲ​နေကွာဆိုတဲ့​ ​ကြောင်​တောင်​တောင်စကား​မျိုး​မ​ပြောနဲ့​။

​ နောက်တစ်ခု​ပြောချင်တာက ​အေ​အေပီပီ​ပြောတိုင်း​မယုံနဲ့​။ ​ထောင်ထဲက ကိုမင်း​ကိုနိုင်တို့​အုပ်စုက သူတို့​ကိုလွှတ်​ပေး​ရေး​ ဝိုင်း​ပြီး​တောင်း​ဆိုကြလို့​ ဘယ်တုန်း​ကမှ မ​ပြောခဲ့​ဘူး​။ သူတို့​ဘာ့​ကြောင့်​ထောင်ထဲ ဝင်ရလဲဆိုတာကို သူတို့​သိတယ်။ ​ထောင်က သူတို့​အိမ်ဖြစ်​နေပြီ။

ဒါ့​ကြောင် နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ကိစ္စကို အရမ်း​ဦး​စား​ပေး​အဆင့်​မှာ မထား​ကြပါနဲ့​။

​ ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ​ထောင်ထဲက ကိုမင်း​ကိုနိုင်တို့​အုပ်စုကို ​ထောင်ဝင်စာ​တွေ့​သင့်​တယ်။ စကား​ပြောသင့်​တယ်။ ဒီလိုမျိုး​တခါမှ ​ဒေါ်စုမလုပ်​သေး​ဘူး​။ ​နောက်ပြီး​ ပြည်ပမှာရှိ​နေတဲ့​ ၈၈-အဖွဲ့​တွေနဲ့​လည်း​ တိုင်း​ပင်ညှိနှိုင်း​သင့်​တယ်။ ဒါမှ အသံတူပြီး​ ကိုယ်ဖြစ်ချင်တာကို ဖြစ်လိမ့်​မယ်။ ညှိနှိုင်း​မှုမရှိပဲ သွား​နေရင် အသံ​တွေ တစ်​ယောက်တစ်မျိုး​နဲ့​ အခုသွား​နေတဲ့​လမ်း​ကြောင်း​မှာ အ​နှောင့်​အယှက်ဖြစ်နိုင်တယ်။ ဒါ​တွေကို အခုလည်း​မြင်​နေရပြီ။

နိုင်ငံ​ရေး​မှာဆန့်​ကျင်ရတာက လွယ်တယ်။ ခက်တာက ဖြစ်နိုင်​ခြေရှိတဲ့​အ​ဖြေကို ရှာရခြင်း​ပဲ။

ယ ​နေ့​အထိ ပြည်ပက နိုင်ငံ​ရေး​အဖွဲ့​အစည်း​တွေနဲ့​ပြည်တွင်း​က လူတစ်ချို့​ ဆန့်​ကျင်ဖို့​၊​ ဖြုတ်ချဖို့​လောက်ပဲစဉ်း​စား​နေရင် နိုင်ငံ​ရေး​က ဒိထက်ပိုပြီး​ရှည်သွား​နိုင်တယ်။ ဘယ်​တော့​မှ ပြီး​မှာမဟုတ်ဘူး​။ ကိုယ်လည်း​ နိုင်​အောင်မတိုက်နိုင်ဘူး​၊​ အရည်အချင်း​ရှိရှိ၊​ သတ္တိရှိရှိနဲ့​လည်း​ ပြည်တွင်း​ကိုပြန်ပြီး​ မလုပ်နိုင်ဘူး​ဆိုရင် ပြည်ပက​နေ ပြည်သူ့​အတွက် အကျိုး​ရှိမဲ့​ ဗဟုသုတကိုသာ ရှယ်​ပေး​ကြပါ။ အစိုး​ရရဲ့​ပေါ်လစီအမှား​တွေကို ​ထောက်ပြကြပါ။ ကိုယ့်​မှာရှိတဲ့​ အသိပညာကို ပြည်တွင်း​မှာသုံး​နိုင်​အောင်ရှယ်​ပေး​ပါ။ အမြဲတမ်း​ လူထုအုံကြွမှုကို​ဖော်​ဆောင်ကြ၊​ နအဖကို ဆန့်​ကျင်ကြ၊​ အ​ရေး​တော်ပုံ​အောင်ရမည်၊​ ဒီမိုက​ရေစီမုချ ရရမည် ဆိုတဲ့​ ​ခေတ်မရှိ​တော့​ကြောင်း​ လူကြီး​မင်း​တို့​ကို အသိ​ပေး​အပ်ပါသည်။

ဘုန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here