မိမိ၏ Online Game Account ခိုး​​ယူသူအား​​ တရုတ်လူငယ်တစ်ဦး​​က ဓား​​ဖြင့်​​ထိုး​​သတ်

alt

မိမိ၏ ဂိမ်း​​ကစား​​​သော Online Accountကို ခိုး​​ခဲ့​​သည့်​​အတွက် ဆိုင်ဘာက​​ဖေး​​ မန်​​နေဂျာ တစ်ဦး​​အား​​ လူတစ်ဦး​​က ဓား​​ဖြင့်​​ထိုး​​သတ်ခဲ့​​​ကြောင်း​​ သိရသည်။ ​​

ဆေး​​ဘက်ဆိုင်ရာ ဘွဲ့​​ရ တစ်ဦး​​က ယခုလို ဓား​​ထိုး​​မှု ကျူး​​လွန်ခဲ့​​ခြင်း​​ဖြစ်သည်။ ဂွိုင်ယန်း​​ တက္ကသိုလ်မှ ဘွဲ့​​ရထား​​ပြီး​​ လက်ရှိတွင် အလုပ်မရ​​သေး​​​သော ဝမ်အမည်ရှိ လူငယ်က ယင်း​​ကိစ္စအတွက် ​​ရှေ့​​​နေမငှား​​ဘဲ မိမိကိုယ်တိုင် ​​လျှောက်လှဲမည်ဟု တရုတ်ပြည်သူ့​​ တရား​​ရုံး​​သို့​​ ​​ပြောကြား​​ခဲ့​​သည်။

၂၀၀၉ ခုနှစ်၊​ ​​ဖေ​​ဖော်ဝါရီလကတည်း​​က မိမိ၏ World of Warcraft ဂိမ်း​​Accountကို ဆိုင်မန်​​နေဂျာက ခိုး​​ယူ အသုံး​​ပြု​​နေ​​ကြောင်း​​ ဝမ်က စွပ်စွဲခဲ့​​သည်။ ၎င်း​က မိမိ၏ Accountကို ခိုး​​ယူခံရ​​ကြောင်း​​ သိရှိလာပြီး​​​နောက် မသင်္ကာစရာ လူကို ရှာ​​ဖွေရာတွင် လျူဟုသာ အမည်​​ဖော်ပြ​​သော ​​သေဆုံး​​သူကို ​​ခြေရာခံ ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

တစ်​​နေ့​​တွင်မူ ၎င်း​သည် ဆိုင်ထဲသို့​​ ဓား​​တစ်​​ချောင်း​​ ယူလာက လျူအား​​ ထိုး​​သတ်လိုက်​​လေ​​တော့​​သည်။ ထိုသို့​​ လူသတ်မှု ကျူး​​လွန်ပြီး​​​နောက် ဝမ်သည် ​​ခေတ္တမျှ ​​ရှောင်ရှား​​​နေခဲ့​​​သေး​​​သော်လည်း​​ ​​နောက်ပိုင်း​​တွင် ရဲတပ်ဖွဲ့​​ထံ အဖမ်း​​ခံခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here