ကြယ်တံခွန်တစ်ခု​​ပေါ်တွင် ကြီး​​မား​​​သော ​​ရေပြင်အား​​ သိပ္ပံပညာရှင်များ​​ ရှာ​​ဖွေ​​တွေ့​​ရှိ

alt

သိပ္ပံပညာရှင်များ​​သည် ကြယ်တံခွန် တစ်ခု​​ပေါ်တွင် ကြီး​​မား​​ကျယ်ပြန့်​​​သော ​​ရေပြင်တစ်ခုအား​​ ရှာ​​ဖွေ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ အတည်ပြု ​​ပြောကြား​​ခဲ့​​သည်။

Hartley 2 ကြယ်တံခွန်​​ပေါ်တွင် ကမ္ဘာ​​ပေါ်ရှိ သမုဒ္ဒရာ ​​ရေပြင်ထက် ပိုမိုကြီး​​မား​​​သော ​​ရေထုတစ်ခု ရှိ​​နေ​​ကြောင်း​​ Natureသိပ္ပံဂျာနယ်တွင် ထည့်​​သွင်း​​​ဖော်ပြခဲ့​​သည်။ Deuteriumဟု​​ခေါ်သည့်​​ ရှား​​ပါး​​​သော Hydrogenဓာတ်​​ငွေ့​​ တစ်ခု တည်ရှိ​​နေခြင်း​​​ကြောင့်​​ ယခုလို ​​ရေပြင်ကျယ် ​​ပေါ်​​ပေါက်လာခြင်း​​ဟု ပညာရှင်များ​​က ယုံကြည်​​နေသည်။ ပညာရှင်များ​​က ယခု​​တွေ့​​ရှိမှု​​ကြောင့်​​ တစ်ချိန်က ကမ္ဘာ​​ပေါ်တွင် ​​ရေလုံး​​ဝ မရှိခဲ့​​ဘဲ ကြယ်တံခွန်များ​​ ဝင်တိုက်ရာမှ ​​ရေများ​​ ပျံ့​​နှံ့​​​ရောက်ရှိလာသည်ဟူ​​သော အယူအဆသစ်ကို ​​လေ့​​လာစဉ်း​​စား​​​နေပြီဖြစ်သည်။

ကမ္ဘာ​​မြေ၏ ဓာတုဖွဲ့​​စည်း​​ပုံအရ ဥက္ကာခဲနှင့်​​ ကြယ်တံခွန်များ​​တွင် ပါဝင်​​နေ​​သော Deuterium ဖွဲ့​​စည်း​​ပုံသည် ပိုမိုလျင်မြန်စွာ အ​​ခြေကျတည်ရှိသွား​​နိုင်မည်ဟု သိရသည်။ သတ္တုဆန်​​သော ဒြပ်များ​​ ပါဝင်​​သော ပစ္စည်း​​များ​​သည်လည်း​​ ကမ္ဘာ​​ပေါ်သို့​​ ဥက္ကာခဲများ​​ ကျ​​ရောက်ချိန်တွင် ပိုမိုပျံ့​​နှံ့​​တည်ရှိလာခြင်း​​ဟု ပညာရှင်များ​​က ယုံကြည်ထား​​သည်။

Hartley 2သည် Dueteriumတည်ရှိမှုဆိုင်ရာ ​​လေ့​​လာဆန်း​​စစ်မှုများ​​ကို ကျယ်ကျယ်ပြန့်​​ပြန့်​​ လုပ်​​ဆောင်နိုင်ခဲ့​​သည့်​​ ပထမဆုံး​​ ကြယ်တံခွန်လည်း​​ ဖြစ်လာ​​ကြောင်း​​ သိရှိရသည်။ အဆိုပါ ​​လေ့​​လာမှု စစ်တမ်း​​ကို အ​​မေရိကန်နိုင်ငံ၊​ မစ်ချီဂန် တက္ကသိုလ်မှ သု​​တေသန ပညာရှင် တက်ဘာဂျင်က ဦး​​​ဆောင်ခဲ့​​ခြင်း​​ဟုလည်း​​ Natureက ​​ဖော်ပြသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here