အာဏာပိုင်များ​​ ဖမ်း​​ဆီး​​ခံရမည်စိုး​​၍ ၆ လအရွယ်သား​​ငယ်အား​​ မိခင်က ပင်လယ်ထဲလွှင့်​​ပစ်

alt

အိမ်​​ခြေရာမဲ့​​ နှိမ်နင်း​​တိုက်ဖျက်​​ရေး​​ အာဏာပိုင်များ​​၏ ဖမ်း​​ဆီး​​မှုကို မခံလို​​သော မ​​လေး​​ရှား​​နိုင်ငံမှ ​​တောင်း​​ရမ်း​​စား​​​သောက်သူ အမျိုး​​သမီး​​ တစ်ဦး​​သည် သူမ၏ ၆ လအရွယ် သား​​ငယ်ကို ပင်လယ်ထဲ လွှင့်​​ပစ်ခဲ့​​​ကြောင်း​​ သိရှိရသည်။ ​​

အောက်တိုဘာ ၅ ရက်​​နေ့​​က ဆာဘား​​ရှိ တာဝူတွင် ​​နေထိုင်​​သော အမျိုး​​သမီး​​၏ လွှင့်​​ပစ်ခြင်း​​ကို ခံရ​​သော က​​လေး​​ငယ်အား​​ တာဝန်ရှိသူများ​​က ကယ်တင်နိုင်ခဲ့​​သည်။

အိမ်​​ခြေရာမဲ့​​ တိုက်ဖျက်​​ရေး​​အတွက် ၂ နာရီကြာ Operationကို ဦး​​​ဆောင်ခဲ့​​သူ အက်စ်နာကက်ဆင်း​​က “​​တောင်း​​ရမ်း​​စား​​​သောက်သူ​​တွေ ထား​​ခဲ့​​ပြီး​​ ထွက်​​ပြေး​​သွား​​လို့​​ ကျန်​​နေတဲ့​​ က​​လေး​​ ၃ ​​ယောက်ကိုလည်း​​ ကျွန်မတို့​​ ထိန်း​​သိမ်း​​ထား​​ရပါတယ်”ဟု သတင်း​​​ထောက်များ​​အား​​ ​​ပြောကြား​​ခဲ့​​သည်။

အက်စ်နာက ယခုOperationသည် ​​တောင်း​​ရမ်း​​စား​​​သောက်သူများ​​၏ ဘဝမြှင့်​​တင်​​ရေး​​အတွက် ရည်ရွယ်ခြင်း​​ဖြစ်ပြီး​​ အဆိုပါ လူတန်း​​စား​​အ​​ပေါ် ဆန့်​​ကျင်သည့်​​ လူထုအမြင်များ​​ ရှိ​​နေ​​ကြောင်း​​လည်း​​ ​​ပြောကြား​​သွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here