Angry Birds ဂိမ်း​​ပရိသတ် သန်း​​ ၄၀ ​​ကျော်ရှိပြီဖြစ်

alt

ကမ္ဘာ​​ပေါ်တွင် လူကြိုက်အများ​​ဆုံး​​ ကွန်ပျူတာ ဂိမ်း​​ငယ်​​လေး​​တစ်ခုအဖြစ် သတ်မှတ်ခြင်း​​ ခံထား​​ရ​​သော Angry Birdsသည် ယခုအခါ အား​​​ပေး​​သူ အခိုင်အမာပရိသတ် သန်း​​ ၄၀ ​​ကျော် ရှိ​​နေပြီဟု သိရှိရသည်။

တရုတ်နိုင်ငံ၊​ အန်ဟိုင်မှ ရုပ်မြင်သံကြား​​ဌာန အလုပ်သမား​​ တစ်ဦး​​ဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဇန်ယီမင်း​​နှင့်​​ ၃၁ နှစ်အရွယ် သမီး​​တို့​​သည် Angry Birdsကို အရူး​​အမူး​​ အား​​​ပေး​​သူများ​​ဖြစ်သည်။ မိမိသည် တစ်ခါ ကစား​​ရုံမျှဖြင့်​​ ဝက်က​​လေး​​များ​​ကို ငှက်က​​လေး​​များ​​ဖြင့်​​ ပစ်ခတ်တိုက်ခိုက်ရသည့်​​ ဂိမ်း​​ကို စွဲလမ်း​​သွား​​မိ​​ကြောင်း​​ ဇန်ကဆိုသည်။ “ကျွန်​​တော့်​​ ၃ နှစ်အရွယ် ​​မြေး​​​လေး​​က ခဏခဏ iPadကိုယူပြီး​​ အဲဒီဂိမ်း​​ကို ကစား​​​တော့​​တာပဲ။ ကျွန်​​တော့်​​လက်ထဲမှာ iPadမြင်တာနဲ့​​ သူလာလုပြီ”ဟု ဇန်ကဆိုသည်။

ကမ္ဘာ​​ပေါ်တွင် ဇန်ကဲ့​​သို့​​ပင် Angry Birdsကို နှစ်နှစ်ခြိုက်ခြိုက် အား​​​ပေး​​​နေသူ အ​​ရေအတွက်သည် ယခုနှစ်ပိုင်း​​အတွင်း​​ တစ်စထက်တစ်စ တိုး​​လာပြီး​​​နောက် သန်း​​ ၄၀ ​​ကျော် ရှိသွား​​ပြီဟု ဖင်လန်အ​​ခြေစိုက် Rovio Mobile၏ ​​ဈေး​​ကွက်မြှင့်​​တင်​​ရေး​​ဌာန အရာရှိ ပီတာ ဗက်စ်တာဘက်ကာက ​​ပြောကြား​​ခဲ့​​သည်။

“ဒီ​​နေ့​​ဆိုရင် ကမ္ဘာ​​ပေါ်မှာ လူသန်း​​ ၃၀၀ ​​လောက်က ​​နေ့​​တိုင်း​​ Angry Birdsကို ကစား​​​နေတယ်လို့​​ ယုံကြည်ရပါတယ်။ ဂိမ်း​​ရဲ့​​ ပုံစံက အသက်အရွယ်တိုင်း​​နဲ့​​ သင့်​​​တော်ပါတယ်”ဟု ရှင်း​​ပြခဲ့​​သည်။ Rovio Mobileသည် ၂၀၀၃ ခုနှစ်တွင် စတင် တည်​​ထောင်ပြီး​​ ၂၀၀၉ ခုနှစ်တွင် Angry Birds​​ကြောင့်​​ ကမ္ဘာသိ ကုမ္ပဏီ တစ်ခုအဖြစ် ထင်ရှား​​လာခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here