ခင်ပွန်း​အား​ သတ်ဖြတ်စား​သောက်ခဲ့​သည့်​ အမျိုး​သမီး​၏ ​လျှော့​ရက်​လျှောက်ထား​မှုအား​ တရား​ရုံး​ကငြင်း​ဆန်

alt

ခင်ပွန်း​ဖြစ်သူအား​ သတ်ဖြတ်စား​သောက်မှုဖြင့်​ ​ထောင်ကျ​နေ​သော အမျိုး​သမီး​အတွက် ​လျှော့​ရက် ​လျှောက်ထား​ခွင့်​ကို တရား​ရုံး​က ငြင်း​ ဆန်လိုက်သည်။

အ​မေရိကန်နိုင်ငံ၊​ ကယ်လီဖိုး​နီး​ယား​တွင် ​နေထိုင်​သော အိုမိုင်မာ နယ်လဆင်သည် ၁၉၉၁ ခုနှစ်က ပူပူ​နွေး​နွေး​ ခင်ပွန်း​သည်ကို သတ်ဖြတ်ကာ ခုတ်ထစ်လှီး​ဖြတ်ပြီး​ ချက်ပြုတ် စား​သောက်ခဲ့​သူ ဖြစ်သည်။ သူမအား​ ​ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ထား​ပြီး​ ယခုအခါ လွတ်ငြိမ်း​ချမ်း​သာခွင့်​အတွက် အဆိုပြု ​တောင်း​ခံမှုကို ကယ်လီဖိုး​နီယား​ အမျိုး​သမီး​ အကျဉ်း​ထောင်တွင် ၅ နာရီခွဲကြာ ​ဆွေး​နွေး​ပြီး​နောက် ပယ်ချလိုက်ခြင်း​ဖြစ်သည်။

ထိုအချိန်က ၂၃ နှစ်သာ ရှိ​သေး​သော နယ်လဆင်သည် ယခုအခါ အသက် ၄၃ နှစ် ရှိ​နေပြီဖြစ်သည်။ သူမက ယခုအခါ လူသစ်၊​ စိတ်သစ် ​ပြောင်း​လဲခဲ့​ပြီ ဖြစ်​သော​ကြောင့်​ ​လျှော့​ပေါ့​ပြစ်ဒဏ်အတွက် စဉ်း​စား​ပေး​သင့်​ကြောင်း​ ​တောင်း​ဆိုခဲ့​သော်လည်း​ ငြင်း​ပယ်ခြင်း​ ခံခဲ့​ရသည်။

စစ်​ဆေး​သော ​ကော်မရှင်အဖွဲ့​က အီဂျစ်နွယ်ဖွား​ ​မော်ဒယ်​ဟောင်း​ နယ်လဆင်၏ ​တောင်း​ဆိုမှုမှာ လက်ခံနိုင်​ လောက်​အောင် မခိုင်လုံ​ကြောင်း​ ဆုံး​ဖြတ်ကာ ပယ်ချခဲ့​ခြင်း​ဖြစ်သည်။ အထူး​သဖြင့်​ နယ်လဆင်သည် အကျဉ်း​ထောင် ပြင်ပတွင် လူ့​ ဘောင်အဖွဲ့​အစည်း​အတွက် အန္တရာယ် ​ပေး​နိုင်​ခြေရှိ​ကြောင်း​ ဆုံး​ဖြတ်ကာ ယခုလို ငြင်း​ဆန်ခဲ့​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here