နှင်း​လူများ​အား​ ရှာ​ဖွေရန် နိုင်ငံတကာ သိပ္ပံပညာရှင်များ​ ပူး​ပေါင်း​ဆောင်ရွက်

alt

နှင်း​လူများ​နှင့်​ ပတ်သက်ပြီး​ ပ​ဟေဠိဆန်​သော ရှာ​ဖွေမှုများ​တွင် နိုင်ငံတကာ သိပ္ပံပညာရှင်များ​ ပူး​ပေါင်း​လုပ်ကိုင်​နေ​ကြောင်း​ သိရှိရသည်။

ရုရှား​နိုင်ငံ၊​ ဆိုက်​ဘေး​ရီး​ယား​ ကီမာရိုဗာ ​ဒေသတွင် လျှို့​ဝှက်ဆန်း​ကျယ်​သော အဆိုပါ သတ္တဝါများ​ကို လိုက်လံ ​ခြေရာခံ ​ထောက်လှမ်း​ နေခြင်း​ဖြစ်သည်။ ထူး​ခြား​လျှို့​ဝှက်​သော အဆိုပါ သတ္တဝါများ​ကို ​တွေ့​ရှိ​ရေး​ ကြိုး​ပမ်း​မှုတွင် ရုရှား​၊​ အ​မေရိကန်၊​ က​နေဒါ၊​ ဆွီဒင်၊​ အက်စ်တိုး​ နီး​ယား​၊​ မွန်ဂိုး​လီး​ယား​နှင့်​ တရုတ်မှ သု​တေသီများ​ ပူး​ပေါင်း​လုပ်​ဆောင်​နေ​ကြောင်း​ သိရှိရသည်။ နှင်း​လူများ​သည် ကမ္ဘာ​ပေါ်တွင် ရှင်သန် ​ နေထိုင်​နေသည်ဟု ယုံကြည်ရ​သော်လည်း​ မည်သည့်​အခါကမျှ လက်​တွေ့​ သက်​သေပြနိုင်ခြင်း​ မရှိခဲ့​ချေ။

သို့​သော်လည်း​ ကီမာရိုဗိုနှင့်​ အနီး​ရှိ အယ်တိုင်း​ဒေသများ​တွင် လွန်ခဲ့​သော နှစ် ၂၀ အတွင်း​ နှင်း​လူရှိ​ကြောင်း​ အထောက်အထား​ ၃ ကြိမ်မျှ ​တွေ့​ရှိခဲ့​ခြင်း​ကြောင့်​ ပညာရှင်များ​က ​ လေ့​လာမှုများ​ ပြုလုပ်​နေခြင်း​ဖြစ်သည်။ ​

မော်စကိုအ​ခြေစိုက် နိုင်ငံတကာ ပရိုင်း​မိတ် ​လေ့​လာ​ရေး​စင်တာမှ သိပ္ပံပညရှင် အီ​ဂေါ်ဘတ်ဆက်ဗ်က ​ရှေး​ခေတ်ကတည်း​က အသက်ရှင်​နေခဲ့​သည့်​ လူတူသတ္တဝါ မျိုး​စိတ်များ​သည် အ​အေး​ဓာတ် ဖုံး​လွှမ်း​ပြီး​ လူသူအ​ရောက်အ​ပေါက် နည်း​ပါး​သော ​ဒေသများ​တွင် ဆက်လက်ရှင်သန်​နေသည်ဟု ယုံကြည်ရ​ကြောင်း​ ​ပြောကြား​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here