ရင်သား​ခွဲစိတ်မှုခံယူကာ ဆီလီကွန်ထည့်​သွင်း​ခြင်း​မှာ ကျန်း​မာ​ရေး​ကိုထိခိုက်​စေနိုင်

alt

အမျိုး​သမီး​များ​ အလှအပအတွက် ရင်သား​ခွဲစိတ်မှု ခံယူကာ ဆီလီကွန်များ​ ထည့်​သွင်း​ခြင်း​သည် ကျန်း​မာ​ရေး​ကို ထိခိုက်​စေနိုင်​ကြောင်း​ ယုံကြည်မှုအချို့​ ရှိ​နေသည်။

သို့​သော်လည်း​ ရုရှား​မှ အမျိုး​သမီး​ တစ်ဦး​မှာမူ ရင်သား​အတွင်း​ ဆီလီကွန် ထည့်​သွင်း​ထား​သဖြင့်​ အသက်​ဘေး​မှပင် ကင်း​ဝေး​ခဲ့​ရသည်။ အသက် ၄၀ အရွယ်ရှိ အဆိုပါ အမျိုး​သမီး​သည် ခင်ပွန်း​ဖြစ်သူနှင့်​ စကား​များ​ ရန်ဖြစ်ပြီး​နောက် ခင်ပွန်း​သည်က ဓား​ဖြင့်​ ထိုး​ခြင်း​ကို ခံခဲ့​ရသည်။

ရင်ဘတ်တွင် တိုက်ရိုက်ထိုး​သွင်း​ခံရ​သော ဒဏ်ရာသည် ​သေ​လောက်​သော အ​ခြေအ​နေမျိုး​ ဖြစ်လာ​သော်လည်း​ ဓား​သွား​သည် သူမ၏ နှလုံး​သား​ကို စိုက်မသွား​ခဲ့​ချေ။ အဘယ်​ကြောင့်​ဆို​သော် ရင်သား​အတွင်း​ ထည့်​သွင်း​ထား​သည့်​ ဆီလီကွန်များ​က ဓား​ဖျား​၏ စူး​နစ်မှုကို ဟန့်​တား​ထား​ခြင်း​ကြောင့်​ ဖြစ်သည်။

ရဲများ​က အမည်​ဖော်မပြ​သော အမျိုး​သမီး​သည် ခင်ပွန်း​ဖြစ်သူ၏ တိုက်တွန်း​မှု​ကြောင့်​ လွန်ခဲ့​သော ၅ နှစ်က ရင်သား​ကြီး​ထွား​အောင် ခွဲစိတ်မှု ခံယူထား​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ သူမသည် ခင်ပွန်း​သည်၏ ဓား​နှင့်​ထိုး​မှုကို ခံရပြီး​နောက် ရင်သား​တုကို ပြန်လည်အစား​ထိုး​ခဲ့​ရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here