​​တောင်အာဖရိကတွင် ငါး​​မန်း​​ကိုက်ခံရသည့်​​ ဗြိတိန်သား​​မှာ ငါး​​မန်း​​များ​​နှင့်​​​ရေကူး​​ခြင်း​​ကို နှစ်သက်သူဖြစ်

alt

ပြီး​​ခဲ့​​သည့်​​ လကုန်ပိုင်း​​က ​​တောင်အာဖရိကတွင် ငါး​​မန်း​​ကိုက်ခံရသဖြင့်​​ သတင်း​​များ​​တွင် အုတ်​​အော်​​သောင်း​​နင်း​​ ​​ဖော်ပြခြင်း​​ ခံခဲ့​​ရ​​သော ဗြိတိန်နိုင်ငံသား​​သည် ပင်ကိုယ် သဘာဝအရ ငါး​​မန်း​​များ​​နှင့်​​ ​​ရေကူး​​ရခြင်း​​ကို ခုံမင်စွဲလန်း​​သူ တစ်ဦး​​ဖြစ်​​ကြောင်း​​ သိရသည်။

အသက် ၄၂ နှစ်အရွယ် မိုက်ကယ်ကိုဟင်တစ်​​ယောက် ​​တောင်အာဖရိက ကမ်း​​​ခြေတစ်ခုတွင် ငါး​​မန်း​​ကိုက်ခံရစဉ်က ​​ရေပြင်တွင် ​​သွေး​​ပွက်ပွက်ထ​​နေ​​သော မြင်ကွင်း​​ကို အနား​​ယူ အပမ်း​​​ဖြေသူများ​​က မည်သည့်​​အကူအညီမျှ မ​​ပေး​​နိုင်ဘဲ ကြည့်​​​နေခဲ့​​ရသည်။ ထိုဖြစ်စဉ်အတွင်း​​ ငါး​​မန်း​​ဖြူကြီး​​တစ်​​ ကောင်၏ ကိုက်ခဲမှု​​ကြောင့်​​ ကိုဟင်၏ ​​ခြေ​​ထောက် နှစ်ဖက်လုံး​​ ဆုံး​​ရှံုး​​ခဲ့​​ရသည်။

ယခုအခါ သတင်း​​များ​​က ကိုဟင်၏ ​​နောက်​​ကြောင်း​​ကို စုံစမ်း​​ ပြီး​​​နောက် ၎င်း​သည် ယခင်ကတည်း​​က ငါး​​မန်း​​များ​​ ရှိ​​နေ​​သော ​​ရေပြင်တွင် ​​ရေကူး​​ရသည်ကို စွဲလန်း​​​နေတတ်သူဖြစ်​​ကြောင်း​​ ​​ဖော်ထုတ်​​တွေ့​​ ရှိလာခဲ့​​သည်။ ​​ရေပြင်တွင် ငါး​​မန်း​​များ​​ ​​တွေ့​​မြင်ရ​​ကြောင်း​​ သတိ​​ပေး​​ချက် ထုတ်ပြန်ထား​​သည့်​​ အခါတိုင်း​​ ကိုဟင်က ယင်း​​ကို လျစ်လျူရှုကာ တမင်တကာ ​​ရေး​​သွား​​ကူး​​​လေ့​​ရှိ​​ကြောင်း​​ သိရသည်။ ကိုဟင်အား​​ ကယ်ဆယ်သူများ​​သည် ငါး​​မန်း​​ကြီး​​က မိမိ၏ သား​​​ကောင်ကို တိုက်ခိုက်​​နေဆဲ အ​​ခြေအ​​နေတွင် စွန့်​​စား​​​မောင်း​​ထုတ်ကာ ကမ်း​​​ပေါ်​​ရောက်​​အောင် ဆွဲတင်ခဲ့​​ရခြင်း​​ဖြစ်သည်။

ကိုဟင်အား​​ အသက်လု ကုသ​​နေရချိန်တွင် ဆရာဝန်များ​​သည် ၎င်း​အား​​ ​​သွေး​​ ၁၄ ပုလင်း​​သွင်း​​​ပေး​​ခဲ့​​ရ​​ကြောင်း​​လည်း​​ သိရသည်။ ကိပ်​​တောင်း​​အနီး​​ရှိ ​​ရေပြင်သည် သဘာဝအရ အမြင်လှပ​​ သော်လည်း​​ လူသား​​စား​​ ငါး​​မန်း​​ဖြူကြီး​​များ​​ နယ်​​ကျော်ကျက် စား​​လာ​​လေ့​​ရှိသည့်​​ အစဉ်အလာများ​​ ယခင်ကတည်း​​က ရှိ​​နေခဲ့​​သည်။ ပြီး​​ခဲ့​​သည့်​​ နှစ်ပိုင်း​​များ​​အတွင်း​​ အဆိုပါ ​​ဒေသများ​​တွင် ပျမ်း​​မျှ တစ်နှစ်လျင် ငါး​​မန်း​​တိုက်ခိုက်မှု ၆ ကြိမ်မျှ ဖြစ်​​ပေါ်​​နေပြီး​​ ဖြစ်စဉ် ၁၀ ခုတိုင်း​​တွင် ၁ ခုသည် အ​​သေအ​​ပျောက် ရှိ​​နေ​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here