Apple ကုမ္ပဏီ ပူး​တွဲတည်​ထောင်သူ စတိဗ်​ဂျော့​လ် ကွယ်လွန်

alt

Appleကုမ္ပဏီ၏ ပူး​တွဲတည်​ထောင်သူ၊​ လက်ရှိဥက္ကဋ္ဌနှင့်​ အမှု​ဆောင်ချုပ်​ဟောင်း​ စတိဗ်​ဂျော့​ဘ်သည် ယခုအခါ ကွယ်လွန်သွား​ပြီဖြစ်သည်။

iPhone၊​ iPadနှင့်​ Macကွန်ပျူတာတို့​၏ ဖခင်ကြီး​အဖြစ် တင်စား​ခံရသူ ​ဂျော့​ဘ်သည် ၎င်း ၈ နှစ်ကြာ ရင်ဆိုင်တိုက်ပွဲဝင်​နေရသည့်​ ပင်ကရိယ ကင်ဆာဖြင့်​ပင် ​အောက်တိုဘာ ၅ ရက်​နေ့​က အသက် ၅၆ နှစ်အရွယ်တွင် ကွယ်လွန်သွား​ရှာခဲ့​သည်။ မိသား​စုက ​ဂျော့​ဘ်သည် ငြိမ်း​ငြိမ်း​ချမ်း​ ချမ်း​ပင် ​နောက်ဆုံး​ထွက်သက်ကို စွန့်​ခွာသွား​ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ Appleကုမ္ပဏီသည် ​ဂျော့​ဘ်ကွယ်လွန်ပြီး​နောက် ကုမ္ပဏီပိုင် ဝက်ဘ်ဆိုက် Homepageတွင် ၎င်း၏ပုံကို လွှင့်​တင်ကာ ဝမ်း​နည်း​ကြောင်း​ ဆန္ဒထုတ်​ဖော် ပြသခဲ့​သည်။

Appleအတွက် နည်း​ပညာ​လောကတွင် ​ရှေ့​ဆောင်​ခေတ်တစ်ခုကို ဖန်တီး​ထူ​ထောင်ခဲ့​သော ​ဂျော့​ဘ်သည် ဩဂုတ်လကုန်ပိုင်း​က ကျန်း​မာ​ရေး​ အ​ခြေအ​နေ​ကြောင့်​ အမှု​ဆောင်ချုပ် ရာထူး​မှ နှုတ်ထွက်ကာ ဥက္ကဋ္ဌအဖြစ်သာ ဆက်ရှိ​နေခဲ့​သည်။ Appleသည် ​အောက်တိုဘာ ၄ ရက်​နေ့​က ပဥ္စမ​မြောက် iPhoneမျိုး​ဆက်ဖြစ်သည့်​ iPhone 4Sကို စတင်မိတ်ဆက် ပြသခဲ့​ပြီး​ ​နောက်တစ်​နေ့​တွင်ပင် ​ဂျော့​ဘ်ကွယ်လွန်သည့်​ ​ကြေကွဲစရာ အ​တွေ့​အကြံုနှင့်​ ရင်ဆိုင်ခဲ့​ရခြင်း​ ဖြစ်သည်။ ​

ဂျော့​ဘ်ကွယ်လွန်ပြီး​နောက် အ​မေရိကန် သမ္မတ ဘာရတ်အိုဘား​မား​၊​ နည်း​ပညာ​လောက ​ရှေ့​ဆောင်များ​ဖြစ်သည့်​ ဘီလ်ဂိတ်၊​ မတ်ဇူကာဘက်တို့​က ဝမ်း​နည်း​စကား​များ​ အသီး​သီး​ အမှတ်တရ ​ပြောကြား​ခဲ့​သည်။ Apple၏ ကယ်လီဖိုး​နီး​ယား​ ဌာနချုပ်​ရှေ့​တွင် အ​ မေရိကန်နိုင်ငံအလံ၊​ ကယ်လီဖိုး​နီး​ယား​ ပြည်နယ်အလံနှင့်​ Appleကုမ္ပဏီ အလံ ၃ ခုတို့​ကို တိုင်တစ်ဝက် လွှင့်​တင်ကာ ဝမ်း​နည်း​ကြောင်း​ ပြသခဲ့​သည်။ Appleသည် ​ဂျော့​ဘ်၏ လက်ထက်တွင် ကမ္ဘာ့​တန်ဖိုး​ အမြင့်​မား​ဆုံး​ နည်း​ပညာ လုပ်ငန်း​စုကြီး​ ဖြစ်လာသည်အထိ ​ အောင်မြင်မှုများ​ ရရှိခဲ့​သည်။ ကုမ္ပဏီ၏ လက်ရှိတန်ဖိုး​သည် ​ဒေါ်လာ ၃၅၁ ဘီလျံမျှ ရှိ​နေပြီဖြစ်သည်။ ​ဂျော့​ဘ်ကွယ်လွန်ချိန်တွင် ဇနီး​ဖြစ်သူ ​ လော်ရင်း​နှင့်​ သား​သမီး​ ၄ ဦး​ ကျန်​နေခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here