ဖရီဒါပင်တိုအား​​ အသား​​ဖြူ​​အောင် မိတ်ကပ်ဖြင့်​​ပြုပြင်ဖန်တီး​​ခဲ့​​သည်ဆိုမှုအား​​ L’Oreal ငြင်း​​ဆို

alt

ပြင်သစ်နာမည်​​ကျော် အလှကုန်ပစ္စည်း​​ လုပ်ငန်း​​ကြီး​​ L’Orealက ၎င်း​တို့​​၏ ​​ကြော်ငြာမယ်ဖြစ်​​သော ရုပ်ရှင်မင်း​​သမီး​​ ဖရီဒါ ပင်တိုအား​​ အသား​​ဖြူ​​အောင် မိတ်ကပ်ပြုပြင်မှုများ​​ ပြုလုပ်ခဲ့​​​ကြောင်း​​ စွပ်စွဲမှုများ​​ကို ငြင်း​​ဆန်ခဲ့​​သည်။

Rise of the Planet of the Apesဇာတ်ကား​​မှ မင်း​​သမီး​​သည် L’ Oreal၏ ​​ကြော်ငြာအတွက် အလှဓာတ်ပုံ အရိုက်ခံထား​​ရာ သူမ၏ အသား​​အ​​ရေကို ရှိရင်း​​စွဲထက်ဖြူ​​အောင် ဖန်တီး​​ပြုပြင်မှုများ​​ ရှိ​​နေ​​ကြောင်း​​ စွပ်စွဲမှုများ​​ ထွက်​​ပေါ်လာခဲ့​​သည်။ ယင်း​​အတွက် L’Orealက အခိုင်အမာ ငြင်း​​ဆို​​ဖြေရှင်း​​သွား​​ခဲ့​​သည်။

“​​ကြော်ငြာဓာတ်ပုံရဲ့​​ ရည်ရွယ်ချက်ကိုက ဖရီဒါရဲ့​​ အသား​​အ​​ရောင်အတွက် ဘယ်လိုမိတ်ကပ် ခြယ်သမလဲဆိုတာကို ဦး​​တည်ထား​​တာ မဟုတ်ပါဘူး​​။ သူ့​​ရဲ့​​မျက်လုံး​​နဲ့​​ နှုတ်ခမ်း​​မှာ ခြယ်သထား​​တာကိုပဲ မီး​​​မောင်း​​ထိုး​​ပြချင်တာပါ”ဟု ကုမ္ပဏီ၏ ​​ကြော်ငြာတာဝန်ခံ ဌာနက ​​ကြေညာခဲ့​​သည်။ L’Oreal အလှကုန် လုပ်ငန်း​​အ​​နေနှင့်​​ အိန္ဒိယဖွား​​ မင်း​​သမီး​​ တစ်ဦး​​အား​​ ​​ကြော်ငြာမယ်အဖြစ် အသုံး​​ပြုခြင်း​​​ကြောင့်​​ ​​ဖြေရှင်း​​ရသည်မှာ ယခုတစ်ကြိမ် ပထမဆုံး​​ မဟုတ်​​ပေ။

ယခင်ကလည်း​​ အစ်ရှာဝါရီ ရိုင်ဘတ်ချန်၏ ဓာတ်ပုံကို အသား​​ဖြူ​​အောင် ပြုပြင်ဖန်တီး​​ကာ ​​ကြော်ငြာအတွက် အသုံး​​ပြုခဲ့​​​ကြောင်း​​ အစွပ်စွဲ ခံခဲ့​​ရဖူး​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here