အာတိတ်​​ဒေသ​​ပေါ်တွင် အိုဇုန်း​​လွှာ​​ပေါက်ပြဲ​​နေမှုအား​​ ပညာရှင်များ​​ အတည်ပြု​​တွေ့​​ရှိ

alt

အာတိတ်စက်ဝိုင်း​​​ဒေသ​​ပေါ်တွင် အိုဇုန်း​​လွှာ ​​ပေါက်ပြဲမှု တစ်ခုကို ပညာရှင်များ​​က အတည်ပြု ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ သိရှိရသည်။

အဆိုပါ ဖြစ်စဉ်မျိုး​​သည် ကမ္ဘာ့​​​တောင်ဘက်ခြမ်း​​ အန္တာတိတ်စက်ဝိုင်း​​ ​​ဒေသတွင်လည်း​​ ​​ပေါ်​​ပေါက်လျက်ရှိသည်။ ပညာရှင်များ​​၏ အဆိုအရ ကမ္ဘာ့​​​ မြောက်ခြမ်း​​ရှိ အာတိတ်စက်ဝိုင်း​​​ဒေသ ​​မြေလွှာအထက် ၁၃ မိုင် အကွာတွင် အိုဇုန်း​​ပမာဏသည် သာမန်ထက် ၈၀ ရာခိုင်နှုန်း​​ ​​လျော့​​နည်း​​​နေ​​ ကြောင်း​​ သိရှိရသည်။

ထို့​​​ကြောင့်​​ အဆိုပါ ​​ဒေသတွင် ​​နေမှ တိုက်ရိုက်ကျလာ​​သော ​​ရောင်ခြည်များ​​၏ ထိ​​တွေ့​​မှုကို ပိုမိုခံစား​​ရမည်ဖြစ်သည်။ ခရမ်း​​လွန်​​ရောင်ခြည် Bအမျိုး​​အစား​​သည် အိုဇုန်း​​လွှာ ​​ပေါက်ပြဲမှုမှ ပိုမိုထိခိုက်ပြင်း​​ထန်မှု ဖြစ်လာ​​စေနိုင်ပြီး​​ အိုဇုန်း​​လွှာ အ​​ပေါက်နှင့်​​ ဆက်စပ်​​ နေသည့်​​ နိုင်ငံများ​​ကိုပါ သက်​​ရောက်လာ​​စေဖွယ် ရှိ​​နေ​​ကြောင်း​​ ပညာရှင်များ​​က သတိ​​ပေး​​ထား​​သည်။

အဆိုပါ ဓာတ်​​ရောင်ခြည် အမျိုး​​အစား​​ သည် ​​နေ​​လောင်မှုနှင့်​​ အ​​ရေပြား​​ ကင်ဆာများ​​ကို ဖြစ်​​ပေး​​လာ​​စေတတ်သည်။ Natureသိပ္ပံဂျာနယ်က ကမ္ဘာ့​​​မြောက်ခြမ်း​​တွင် အိုဇုန်း​​ကို ပျက်စီး​​​စေသည့်​​ ဓာတ်ပစ္စည်း​​များ​​ ပိုမိုများ​​ပြား​​​နေခြင်း​​ကလည်း​​ အိုဇုန်း​​လွှာ ​​ပေါက်ပြဲမှုကို ပိုမိုဆိုး​​ရွား​​​စေ​​ကြောင်း​​ ​​ဖော်ပြခဲ့​​သည်။ သိပ္ပံပညာရှင်များ​​က အာတိတ်စက်ဝိုင်း​​ ​​ဒေသ၏ အပူချိန်သည် မူလခန့်​​မှန်း​​သည်ထက် ပိုများ​​​နေခြင်း​​ကလည်း​​ အိုဇုန်း​​လွှာ ​​ပေါက်ပြဲမှုနှင့်​​ ဆက်စပ်​​နေ​​ကြောင်း​​ ​​ပြောကြား​​ထား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here