အဆင့်​မြင့်​နိုင်ငံ​ရေး​ခရီး​စဉ်(သို့​)​မေး​ရိုး​မရှိသူများ​နှင့်​လမ်း​လျှောက်ခြင်း​

သရုပ်ပြ ရုပ်ပုံ © PMV​

ကဗျာဆရာ​မောင်​ချောနွယ်က​ပြောတယ် သူများ​ကို လက်သီး​နဲ့​ထိုး​ဖို့​ ကိုယ့်​မှာ​မေး​ရိုး​ရှိဖို့​လိုသတဲ့​….။ ဒါ​ပေမဲ့​ ကိုယ့်​မှာ ​မေး​ရိုး​မရှိပဲ သူများ​ကို

လက်သီး​နဲ့​ထိုး​နေသူ​တွေ ဗမာပြည်မှာ အများ​သား​ပါကလား​….။ လက်​တွေ့​ကြံုခဲ့​ရတဲ့​ အဖြစ်အပျက်​လေး​တခု​ပြောပါရ​စေ။ ကျွန်​တော် အာ (ရ်)အိုင်တီ​ကျောင်း​သား​ ဘဝတုန်း​ကပါ အများ​သိတဲ့​ အတိုင်း​ပါပဲ ရန်ကုန်စက်မူတက္ကသိုလ်ဆိုတာ သမိုင်း​အစဉ်အလာကြီး​မား​ပြီး​ နိုင်ငံ​ခေါင်း​ ဆောင်၊​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ ထွက်​ပေါ်ခဲ့​တဲ့​ အစဉ်အလာရှိတဲ့​ အထင်ကရ တက္ကသိုလ်ကြီး​တစ်ခုပါ။ ဒါ​ပေမဲ့​ အဖျင်း​ အ​မှော် စုန်း​ပြုး​ ဆိုတာ ​နေရာတိုင်း​မှာ ရှိစမြဲ​လေ။

ခုနှစ်​တော့​ အတိအကျ မမှတ်မိ​တော့​ပါဘူး​။ ၁၉၈၅ခုနှစ်​လောက်ဖြစ်မယ်ထင်ပါတယ်။ စက်မှုတက္ကသိုလ်ဝင်း​ထဲက အမျိုး​သား​အ​ဆောင်မှာ ဖြစ်ခဲ့​တာပါ။ အ​ဆောင်နံပါတ် “A” က​နေ “F”ထိ စုစု​ပေါင်း​အမျိုး​သား​ဆောင် ၆​ဆောင်ရှိ​တော့​ ​ကျောင်း​သား​ဦး​ရေ ​ထောင်ဂဏန်း​လောက်ရှိတဲ့​ နေရာပါ။ အဲ့​ဒီအခင်း​မဖြစ်ပွား​ခင်က အ​ဆောင်မှာ အင်္ကျီ​လေး​တွေ ပုဆိုး​လေး​တွေကအစ၊​ နာရီ၊​ ပိုက်ဆံ စတဲ့​ ​ကျောင်း​သား​တွေရဲ့​ ကိုယ်ပိုင်ပစ္စည်း​လေး​တွေ ​ပျောက်ဆုံး​မူခဏခဏ ကြား​နေခဲ့​ရတယ်။ သူခိုး​ပူ​နေတဲ့​ အချိန်​ပေါ့​။ တစ်​နေ့​ သူခိုး​ဟေ့​၊​ လိုက်လိုက်၊​ သူခိုး​မိပြီတဲ့​ ဆိုပြီး​ ​ကျောင်း​သား​အုပ်ကြီး​ဟာ “D”​ဆောင်ဆီကို ​ပြေး​ကြတာ​တွေ့​လို့​ ကိုယ်လည်း​ လိုက်ကြည့်​မိတယ်။ ​ဒေါသမွှန်ပြီး​သွေး​ဆူ​နေတဲ့​ အဲ့​ဒီ​ ကျောင်း​သား​တွေဟာ ကြံရာပါလား​လို့​ မသင်္ကာတဲ့​ ကိုယ့်​ကိုယ်ပါ ရန်ရှာလိုတဲ့​ မျက်လုံး​တွေနဲ့​ ကြည့်​လာ​တော့​ ကိုယ်လည်း​ ​နောက်ဆုတ်​ နေခဲ့​ရတယ်။

သူခိုး​လေး​က အသက်(၂၀)​တောင်ပြည့်​ပုံမရ​သေး​ပါဘူး​။ တစ်​ယောက်တစ်ချက် ဝိုင်း​ရိုက်တဲ့​ ဒဏ်မခံနိုင်လွန်း​လို့​ နာကျင်လွန်း​လို့​ ထင်ပါရဲ့​ “D”​ ဆောင်ရဲ့​ တတိယထပ်က​နေ ခုန်ချခဲ့​တယ်။ ဒုတိယထပ်က​နေလည်း​ ရိုက်ပြီး​ ဘုတ်ဆိုတဲ့​ အသံကြီး​နဲ့​ ​မြေ​ပေါ်ပြုတ်ကျ​နေတဲ့​ သူခိုး​၊​ နံရိုး​ကျိုး​ပြီး​ မထနိုင်တဲ့​ သူခိုး​လေး​ကို အ​ပေါ်ထပ်က​နေ ​ကျောင်း​သား​တစ်ဦး​က ​သေး​နဲ့​လှမ်း​ပန်း​သေး​တယ်။ ​နောက်​တော့​ ဆရာတချို့​ ​ရောက်လာပြီး​ သူခိုး​လေး​ကို ​ကျောင်း​သား​ရေး​ရာ ရုံး​ခန်း​ထဲ ​ခေါ်သွား​တယ်။ ​ဒေါသအရှိန်မ​ပြေ​သေး​တဲ့​ ​ကျောင်း​သား​တချို့​ကို နှစ်သိမ့်​ဖို့​ ဆရာတဦး​က​နေ ဒါဏ်ရာရ​နေတဲ့​ သူခိုး​လေး​ကို ​ကျောင်း​သား​နှစ်​ယောက် သုံး​ယောက်ကို ဝင်ရိုက်ခွင့်​ပေး​လိုက်​သေး​တယ်။ ဒီ​နေရာမှာ ထူး​ခြား​ချက်ရှိတာက သူခိုး​လေး​ကို အား​တက်သ​ရော ဝင်ရိုက်တဲ့​ ​ကျောင်း​သား​တစ်ချို့​ဟာ ​ကျောင်း​ပြီး​တော့​ OTSတက်ပြီး​ စစ်ထဲဝင်သွား​ခဲ့​ကြတယ်။ သူခိုး​လေး​ကို သနား​စိတ်နဲ့​ဝင်​ရောက် ကာကွယ်​ပေး​ကြတဲ့​သူ​တွေထဲက တဦး​ဟာလဲ စစ်ထဲဝင်သွား​ခဲ့​တယ် ဆိုတဲ့​အချက်ပဲ။ ဒါ​တွေ​ရေး​ပြတာဟာ ​ကျောင်း​ သား​တွေကို သိက္ခါချချင်လို့​မဟုတ်ဘူး​။ အဓိက ​ပြောချင်တာက သူခိုး​လေး​နဲ့​ကျောင်း​သား​တွေဟာ အာဏာရှင်​ခေတ်ရဲ့​သား​ကောင်​ တွေဘဲဆိုတာကိုပါ။ အ​ထွေ​ထွေအသိတရား​နှိမ့်​ကျမှု့​တွေနဲ့​ ဘဝထွက်​ပေါက်အမှား​တွေ ကျူး​လွန်ခဲ့​ကြသူ​တွေပါ။

နောက်ထပ်အ​ရေး​ကြီး​တဲ့​ မက်​ဆေ့​ချ်​ပေး​လိုတာက သူခိုး​လေး​ကို သူခိုး​ကြီး​လောင်း​လျာ​တွေက ဝိုင်း​ရိုက်တယ်ဆိုတာပါပဲ။ အဲ့​ဒီတုန်း​က သူရဲ​ ကောင်း​တွေလို သူခိုး​လေး​ကို ဝိုင်း​ပြီး​အညှာတာမဲ့​ ရိုက်နှက်ထိုး​ကျိတ်ခဲ့​တဲ့​ ​ကျောင်း​သား​တချို့​ဟာ အခုဆိုရင် တိုင်း​ပြည်ဘဏ္ဍာခိုး​ဝှက်​နေကြတဲ့​ အာဏာကိုအလွဲသုံး​စား​ပြု​နေကြတဲ့​ သူခိုး​ဓား​ပြအကြီး​စား​တွေ ဖြစ်​နေပြီဆိုတာပါပဲ။ တကယ်​တော့​ သူခိုး​ကြီး​တွေဟာ ​မေး​ရိုး​မရှိသူ​တွေပါ။ ကိုယ့်​မှာ​မေး​ရိုး​မရှိဘဲ သူတစ်ပါး​ကို ထိုး​ချင်ကျိတ်ချင်သူ​တွေပါ။ တနည်း​အား​ဖြင့်​ပြောရရင် ဥပ​ဒေအထက်မှာ ​နေကြသူ​တွေဘဲဖြစ်ပါတယ်။ ကိုယ်ဆုံး​ရှံုး​ရမှာ ကျွန်​တော်တို့​နိုင်ငံရဲ့​ အုပ်ချုပ်​ရေး​၊​ စီး​ပွား​ရေး​၊​ နိုင်ငံ​ရေး​စတဲ့​ နယ်ပယ်​တွေရဲ့​ ထိပ်ပိုင်း​နေရာ​တွေမှာ အဲ့​ဒီလို ​မေး​ရိုး​မရှိသူ​တွေများ​စွာရှိ​နေပါတယ်။ ယ္ခုလက်ရှိ ဦး​သိန်း​စိန်အစိုး​ရအဖွဲ့​တွင်း​မှာ​ကော၊​ ဒီမိုက​ရေစီး​အင်အား​စု​ တွေထဲမှာပါ ကျယ်ကျယ်ပြန့်​ပြန့်​ရှိ​နေပါတယ်။ ထိုနည်း​အတူဘဲ ကိုယ်ပိုင်ကြံ့​ခိုင်တဲ့​မေး​ရိုး​တွေ ပိုင်ဆိုင်တဲ့​သူ​တွေလည်း​ စစ်အစိုး​ရဖက်မှာ​ကော၊​ ပြည်သူလူထုဖက်မှာပါ ရှိ​နေတာ တိုင်း​ပြည်အတွက် အား​တက်စရာပါ။ အထူး​သဖြင့်​ ပြည်သူလူထုနဲ့​ ဒီမိုက​ရေစီအင်အား​စု​တွေဖက်မှာ ​မေး​ရိုး​ ခိုင်ခိုင်နဲ့​ အများ​ကိုယ်စား​အထုအ​ထောင်း​ အထိုး​အကျိတ်ခံပြီး​ မား​မား​မတ်မတ် နှစ်​ပေါင်း​များ​စွာ ရပ်တည်​နေတဲ့​ သူရဲ​ကောင်း​တွေ ဒုနဲ့​ဒေး​ရှိ​ နေပါတယ်။

လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် ဒီက​နေ့​အ​ကောင်အထည်​ဖော်လုပ်​ဆောင်​နေတဲ့​ အ​ရေး​ကြီး​ဆုံး​ အလုပ်တစ်ခုက​တော့​ အဲ့​ဒီ​မေး​ ရိုး​မရှိတဲ့​ လူကြီး​မင်း​များ​ကို ​မေး​ရိုး​တပ်ဆင်​နေတဲ့​အလုပ်ပါ။ ဒီအတွက်သူမဟာ ​နေပြည်​တော်နဲ့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေလည်း​ တက်ခဲ့​တယ်။ တက်သစ်စ ခရိုနီ မက်(စ်)​ဇော်​ဇော်တို့​နဲ့​ အာဆီယံလူငယ်​ဘောလုံး​ပွဲလည်း​ကြည့်​ခဲ့​တယ်။ လိုအပ်လာရင် ဗိုလ်ချုပ်​တွေရဲ့​ ​ဂေါ(ဖ်)ပြိုင်ပွဲလည်း​ ကြည့်​ကောင်း​ကြည့်​နိုင်တယ်။ ​ဒေါ်ကြိုင်ကြိုင်တို့​ရဲ့​ ညစာစား​ပွဲလည်း​ တက်​ကောင်း​တက်လိမ့်​မယ်။ နား​မလည်နိုင်တဲ့​ လူဗြိန်း​နိုင်ငံ​ရေး​အမြင်နဲ့​ ​ ပြောရမယ်ဆိုရင် ​ဒေါ်​အောင်ဆန်း​စုကြည်တစ်​ယောက် နိုင်ငံ​ရေး​ဖောက်ပြန်သွား​ပြီ၊​ လူထုအ​ပေါ်သစ္စာ​ဖောက်သွား​ပြီ​ပေါ့​ အမှန်တကယ်​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အဲ့​ဒီကြိုး​ပမ်း​မူ့​ဟာ သူမရဲ့​အဆင့်​မြင့်​နိုင်ငံ​ရေး​ခရီး​စဉ်နဲ့​ ​ဗွေ​ဆော်ဦး​ခြေလှမ်း​ဖြစ်ပါတယ်။ အခက်အခဲဆုံး​ အသိမ်​ မွေ့​ဆုံး​နိုင်ငံ​ရေး​ပုစ္ဆာကို ​ဖြေရှင်း​ဖို့​ကြိုး​စား​နေတာပါ။ အဲ့​ဒီရည်မှန်း​ချက်သာ ​အောင်မြင်ခဲ့​ရင် ဦး​သိန်း​စိန်အစိုး​ရနဲ့​ မြန်မာပြည်သူတရပ်လုံး​ အကျိုး​ရှိ​စေယုံသာမကဘဲ ကမ္ဘာ့​သမိုင်း​ရဲ့​ စံပြုစရာစရာ အချိုး​အ​ကွေ့​အမှတ်တိုင်ဖြစ်သွား​တော့​မှာပါ။

ဒီ​နေရာမှာ ​မေး​ရိုး​မရှိသူ​တွေကို ​မေး​ရိုး​ဘယ်လိုဆင်​ပေး​မှာလဲ ဆိုတဲ့​ ​မေး​ခွန်း​ရှိလာပါတယ်။ ကျွန်​တော့်​အမြင်က​တော့​ အဲ့​ဒီလူကြီး​မင်း​တွေ ​ မေး​ရိုး​ရှိချင်လာ​အောင် သူတို့​ဝန်း​ကျင်ကို ​မေး​ရိုး​ရှိတဲ့​ ဝန်း​ကျင်ဖြစ်​အောင် ဖန်တီး​ဖို့​ပါပဲ။ ဒီ​နေရာမှာ တစ်ချို့​က​ပြောပြမယ် ဘုရား​ တောင်ချွတ်လို့​မကျွတ်သူ​တွေရှိကြတယ်။ ဒီလူ​တွေ​ပြောင်း​လဲမှာ မဟုတ်ပါဘူး​လို့​။ သူတို့​အား​လုံး​ လိုလိုချင်ချင်နဲ့​ ​မေး​ရိုး​ရှိလာဖို့​ မ​မျှော်လင့်​ ပါဘူး​။ ​မေး​ရိုး​ရှိတဲ့​ ဝန်း​ကျင်အား​ကောင်း​လာခဲ့​ရင် အများ​စုဟာ သူတို့​ပြောင်း​ချင်ချင် မ​ပြောင်း​ချင်ချင် ​မေး​ရိုး​လိုချင်ချင် မလိုချင်ချင် မဖြစ်မ​နေ သူတို့​မေး​ရိုး​ရှိလာပါလိ့​မ်မယ်။

သူခိုး​လေး​ကို ဝိုင်း​ရိုက်တဲ့​ ​ကျောင်း​သား​တွေမှာ ဘာ​ကြောင့်​ ​မေး​ရိုး​မရှိရသလဲဆိုတာကို ဆန်း​စစ်​တော့​ အဲ့​ဒီ​ခေတ် (မ ဆ လ ပါတီ)ဟာ ​မေး​ ရိုး​မရှိတဲ့​ ဝန်း​ကျင်ဖြစ်​နေလို့​ပါ။ အမှန်တရား​အတွက် ရပ်တည်မဲ့​သူ​တွေ နည်း​နေတယ်​လေ။ သူခိုး​ကို ရဲလက်သွား​အပ်လဲ ပိုက်ဆံယူပြီး​ ပြန်လွှတ်​ပေး​လိုက်မှာ သိ​နေတာကိုး​။ ကိုယ့်​ဝန်း​ကျင်မှာ ​မေး​ရိုး​မရှိတဲ့​ သူများ​တော့​ ကိုယ့်​မေ့​ရိုး​လဲ အလိုလို ​ပျောက်သွား​တော့​တာ​ပေါ့​။

ဒီ​ဆောင်း​ပါး​ကို နိဂုံး​ချုပ်ရရင် စစ်မှန်တဲ့​ ဒီမိုက​ရေစီစနစ်ကို ​ရောက်ဖို့​ပြည်သူ​တွေဖက်မှာတင်မက လက်ရှိအစိုး​ရဖက်မှာပါ ​မေး​ရိုး​ရှိသူ​တွေ အများ​ကြီး​လိုပါတယ်။ ဒီအတွက် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အ​မျှော်အမြင်ကြီး​မား​စွာနဲ့​ တိုင်း​ပြည်အကျိုး​၊​ လူထုအကျိုး​ကို ရည်သန်ပြီး​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​ ရည်မှန်း​ချက်ကို အုတ်မြစ်ချဖို့​ လှုပ်ရှား​နေချိန်ဖြစ်တယ်။ ပံသူကူရှင်ငယ်(ဥတ္တရဒီပ)​ဆောင်း​ပါး​ထဲက ​ ပြောတဲ့​ ရန်သူကို မိတ်​ဆွေဖြစ်​အောင် လုပ်နည်း​လိုဘဲဆိုဆို win win theory လို့​ပဲ သုံး​သုံး​ ​သေချာတာက​တော့​ မြန်မာပြည်သူ​တွေနဲ့​ ​ဒေါ်​ အောင်ဆန်း​စုကြည်ရဲ့​ အဆင့်​မြင့်​ဆုံး​ နိုင်ငံ​ရေး​စခန်း​ထောက်တစ်ခုကို ​ရောက်လို့​နေပါပြီ။ နိုင်ငံချစ်သူတိုင်း​၊​ ဒီမိုက​ရေစီနဲ့​ လူ့​အခွင့်​အ​ရေး​ကို မြတ်နိုး​သူတိုင်း​ဟာ လူထု​ခေါင်း​ဆောင်ရဲ့​ မှန်ကုန်တဲ့​ ဦး​ဆောင်မှု့​နောက် ထပ်ချပ်မကွာလိုက်ဖို့​လိုသလို ကိုယ်နိုင်ရာ တာဝန်ထမ်း​ပြီး​ ပံ့​ပိုး​ဖို့​လိုပါတယ်။ ဆိုချင်တဲ့​သ​ဘောက ဒို့​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် ညှိး​နှိုင်း​နေပြီဘဲ အစိုး​ရကို ဘာတစ်ခုမှ မဆန့်​ကျင်ဘဲထိုင်​စောင့်​ဖို့​ပြောတာ မဟုတ်ပါဘူး​။ အစိုး​ရရဲ့​ မှား​ယွင်း​တဲ့​ လုပ်ရပ်မှန်သမျှ အမြဲ​ ထောက်ပြကန့်​ကွက်​နေရမှာဘဲ။

​ခေါင်း​ဆောင်​ကောင်း​နဲ့​ ​နောက်လိုက်​ကောင်း​ဟန်ချက်ညီမှ ​မေး​ရိုး​ရှိတဲ့​သူ​တွေများ​လာမှ ​ရေစိမ်ခံ၊​ ဥတုသုံး​ပါး​ခံနိုင်တဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နဲ့​ ဒီမိုက​ရေစီ​ရေး​တွေ အချိန်တိုတိုအတွင်း​ရနိုင်ဖို့​ အ​ကြောင်း​ရှိတယ်ဆိုတာ လူတိုင်း​ နှလုံး​သွင်း​နိုင်ကြဖို့​ တိုက်တွန်း​ရင်း​ ဒီ​ဆောင်း​ပါး​ကို အဆုံး​ သတ်လိုက်ပါတယ်။

မင်း​ကောင်း​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here