အလုပ်များ​​သည့်​​ ပြင်သစ်အမျိုး​​သမီး​​များ​​ က​​လေး​​အ​​ရေအတွက်ပိုများ​​

alt

ပြင်သစ်တွင် ပျမ်း​​မျှအား​​ဖြင့်​​ အလုပ်များ​​​သော အမျိုး​​သမီး​​များ​​သည် က​​လေး​​အ​​ရေအတွက် ပိုများ​​တတ်​​ကြောင်း​​ သိရှိရသည်။

အိမ်​​ထောင်သည် အမျိုး​​သမီး​​များ​​သည် ညပိုင်း​​ အလုပ်ပြန်ချိန် ​​နောက်ကျမှ အိမ်​​ရောက်လာပြီး​​​နောက် ခင်ပွန်း​​ဖြစ်သူအား​​ က​​လေး​​ယူရန် တိုက်တွန်း​​​တောင်း​​ဆို​​လေ့​​ရှိ​​ကြောင်း​​ ​​လေ့​​လာမှု စစ်တမ်း​​တစ်ခုက ​​ဖော်ပြခဲ့​​သည်။ အမျိုး​​သမီး​​များ​​ အလုပ်များ​​​လေ​​လေ၊​ က​​လေး​​များ​​​လေ​​လေဟု အဆိုပါ စစ်တမ်း​​ကဆိုသည်။

ပြင်သစ် သတင်း​​စာ Les Echoesက အလုပ်များ​​​သော အမျိုး​​သမီး​​များ​​သည် ဝင်​​ငွေကိစ္စကို အာရုံစိုက် လုံး​​ပမ်း​​​နေသဖြင့်​​ က​​လေး​​များ​​အတွက် အချိန်​​ပေး​​မှု နည်း​​ပါး​​တတ်​​ကြောင်း​​လည်း​​ ယင်း​​စစ်တမ်း​​အတွင်း​​ ထည့်​​သွင်း​​​ဖော်ပြခဲ့​​သည်။ အမျိုး​​သမီး​​များ​​သည် ကိုယ်ဝန်​​ဆောင်ချိန်နှင့်​​ မီး​​ဖွား​​ချိန်များ​​တွင် ခွင့်​​ရက်ရှည် ရ​​သော​​ကြောင့်​​လည်း​​ အလုပ်များ​​​သော အမျိုး​​သမီး​​များ​​က ယခုလို က​​လေး​​ယူရန် ပိုအား​​သန်ခြင်း​​ ဖြစ်နိုင်​​ကြောင်း​​လည်း​​ သိရသည်။

ပြင်သစ်တွင် အမျိုး​​သမီး​​များ​​၏ ပျမ်း​​မျှ သား​​ဖွား​​နှုန်း​​မှာ ၂.၁ ဖြစ်သည်။ ပြင်သစ်​​လောက် က​​လေး​​​စောင့်​​​ရှောက်မှုစနစ် မ​​ကောင်း​​​သော ဂျာမနီတွင်မူ အမျိုး​​သမီး​​ တစ်ဦး​​၏ ပျမ်း​​မျှ က​​လေး​​ယူနှုန်း​​သည် ၁.၄ မျှသာ ရှိ​​နေသည်။ ယခုစစ်တမ်း​​ကို ပြုစုသည့်​​ အိန်ဂျယ်လာ လူဆီနှင့်​​ အိုလီဗီယာ သီဗန်နွန်တို့​​က အချမ်း​​သာဆုံး​​ နိုင်ငံများ​​တွင် ဝင်​​ငွေမြင့်​​ပြီး​​ တာဝန်ယူရမှုများ​​​သော အမျိုး​​သမီး​​များ​​နှင့်​​ က​​လေး​​​မွေး​​ဖွား​​မှုနှုန်း​​တို့​​ ကြား​​တွင် ကြီး​​ကျယ်​​သော ဆက်စပ်မှုများ​​ ရှိ​​နေ​​ကြောင်း​​ ​​ဖော်ပြသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here