အယူသီး​​​သော ဖခင်​​ကြောင့်​​ အသက် ၁၃ နှစ်အရွယ် သမီး​​ဖြစ်သူ​​သေဆုံး​​

alt

ဂျပန်နိုင်ငံတွင် မ​​ကောင်း​​ဆိုး​​ရွား​​နှင်းရန် ကြိုး​​ပမ်း​​သည့်​​ အယူသီး​​​သော ဖခင်​​ကြောင့်​​ ၁၃ နှစ်အရွယ် သမီး​​ဖြစ်သူ ​​သေဆုံး​​သွား​​​ကြောင်း​​ သိရသည်။

AFP သတင်း​​ဌာနက အသက် ၅၀ အရွယ် ဖခင်ဖြစ်သူ အက်ဆူရှီ မိုင်ရှီဂီသည် အသက် ၅၆ နှစ်အရွယ် ဘုန်း​​​တော်ကြီး​​ ကာဇူမီ ကီနိုရှီတာနှင့်​​အတူ သမီး​​ဖြစ်သူ၏ ခန္ဓာကိုယ်ထဲတွင် စွဲကပ်​​နေ​​သော မ​​ကောင်း​​ဆိုး​​ရွား​​ကို နှင်ထုတ်ရန် ကြိုး​​ပမ်း​​ခဲ့​​​ကြောင်း​​ ​​ဒေသခံ ရဲတပ်ဖွဲ့​​က ​​ပြောကြား​​ခဲ့​​သည်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး​​သည် ယခုအခါ တိုမိုမီ မိုင်ရှီဂီအား​​ ​​သေဆုံး​​​စေမှုဖြင့်​​ နိုင်ငံ​​တောင်ပိုင်း​​၊​ ကူမမ်မိုတို ရဲစခန်း​​တွင် အဖမ်း​​ခံထား​​ရသည်။

မိန်း​​က​​လေး​​၏ မျက်နှာကို ​​ရေများ​​ဖြင့်​​ ပက်ပြီး​​ မ​​ကောင်း​​ဆိုး​​ရွား​​ကို နှင်ထုတ်ခဲ့​​​သော်လည်း​​ မိန်း​​က​​လေး​​မှာ ​​ရေမွန်း​​ပြီး​​ ​​သေဆုံး​​သွား​​ခြင်း​​ဖြစ်သည်။ သနား​​စရာ မိန်း​​က​​လေး​​ကို ကုလား​​ထိုင်​​ပေါ်တွင် ခါး​​ပတ်များ​​ဖြင့်​​ ချည်​​နှောင်ကာ ​​ရေဖြင့်​​ပက်ခဲ့​​ခြင်း​​ဟု သိရသည်။

မိန်း​​က​​လေး​​၏ မိခင်ဖြစ်သူက ​​နောက်တစ်ရက်တွင် သမီး​​ဖြစ်သူ သတိမလည်​​တော့​​သည်ကို ​​တွေ့​​ရှိပြီး​​​နောက် ​​ဆေး​​ရုံသို့​​ ချက်ချင်း​​ အ​​ကြောင်း​​ကြား​​ခဲ့​​​သော်လည်း​​ ​​ဆေး​​ရုံအ​​ရောက်တွင် မိန်း​​က​​လေး​​မှာ ​​သေဆုံး​​​နေပြီဟု ဆရာဝန်များ​​က အတည်ပြု ​​ကြေညာခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here