​​ဒေါက်တာမာ​​ရေး​​နှင့်​​ပတ်သက်၍ မိုက်ကယ်ဂျက်ဆင်၏သက်​​တော်​​စောင့်​​က တရား​​ရုံး​​တွင် ​​လျှောက်လှဲချက်​​ပေး

alt

မိုက်ကယ်ဂျက်ဆင် ​​သေဆုံး​​မှုတွင် တာဝန်ရှိ​​ကြောင်း​​ တရား​​စွဲဆို ခံထား​​ရသည့်​​ ​​ဒေါက်တာ ကွန်း​​ရက် မာ​​ရေး​​သည် ဂျက်ဆင်​​သေဆုံး​​ချိန်တွင် မိမိအား​​ ​​ဆေး​​ဝါး​​များ​​ ကူညီဝှက်ထား​​​ပေး​​ရန် အကူအညီ ​​တောင်း​​ခံခဲ့​​​ကြောင်း​​ အဆို​​တော်၏ သက်​​တော်​​စောင့်​​က တရား​​ရုံး​​တွင် ​​လျှောက်လှဲခဲ့​​ သည်။

ကြာသပ​​တေး​​​နေ့​​ တရား​​ရုံး​​ ကြား​​နာမှုတွင် ကမ္ဘာ​​ကျော် Popဂီတ ဘုရင်ကြီး​​ အသက်မရှိဘဲ လှဲ​​လျောင်း​​​နေချိန်တွင် အဖြူ​​ရောင် ​​ နောက်​​နောက် အရည်များ​​ကို ကူညီသိမ်း​​ဆည်း​​ရန် ​​ဒေါက်တာ မာ​​ရေး​​က ​​ပြောကြား​​ခဲ့​​​ကြောင်း​​ သက်​​တော်​​စောင့်​​က ထွက်ဆိုသွား​​သည်။

လက်ရှိ စစ်​​ဆေး​​မှုများ​​အရ ၂၀၀၉ ခုနှစ်၊​ ဇွန်လ ၂၅ ရက်​​နေ့​​တွင် ကန့်​​သတ်​​ဆေး​​ဝါး​​ လွန်ကျွံရာမှ နှလုံး​​ထိခိုက် ​​သေဆုံး​​ခဲ့​​​သော ဂျက်ဆင်၏ အမှုအတွက် မာ​​ရေး​​၏ အလား​​အလာသည် အဆိုး​​ဘက် တစ်စထက်တစ်စ ဦး​​တည်လာ​​နေပြီဖြစ်သည်။

ဂျက်ဆင်၏ သက်​​တော်​​စောင့်​​ အယ်ဘာတို အယ်ဗာရက်က မာ​​ရေး​​သည် အိတ်တစ်လုံး​​ထဲမှ ​​ဆေး​​များ​​ကို ​​ဖျောက်ဖျက်ပစ်ခဲ့​​​ကြောင်း​​ အခိုင်အမာ စွပ်စွဲခဲ့​​သည်။ မာ​​ရေး​​သည် ဂျက်ဆင် ​​သေဆုံး​​မှုတွင် တာဝန်ပျက်ကွက်ခဲ့​​သဖြင့်​​ လူသတ်မှု အထ​​မြောက်​​ကြောင်း​​ စွပ်စွဲမှုနှင့်​​ ရင်ဆိုင်​​နေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here