မ​​လေး​​ရှား​​ရှိ ပြည့်​​တန်ဆာလုပ်ငန်း​​အဖွဲ့​​က မြန်မာအမျိုး​​သမီး​​များ​​ကိုပါ အသုံး​​ချ​​နေ

alt

မ​​လေး​​ရှား​​တွင် ​​နေ့​​လယ်စာစား​​ချိန်တွင် လိင်ဝန်​​ဆောင်မှု​​ပေး​​​သော လျှို့​​ဝှက်အဖွဲ့​​ တစ်ခုက မြန်မာ အမျိုး​​သမီး​​များ​​ကိုပါ အသုံး​​ချ​​နေ​​ကြောင်း​​ သိရှိရသည်။

ပြည့်​​တန်ဆာ လုပ်ငန်း​​ အဖွဲ့​​တစ်ခုသည် အလုပ်အလွန်များ​​သူများ​​ အ​​နေနှင့်​​ ​​နေ့​​လယ်စာစား​​ရန် နား​​​နေချိန်တွင် အ​​ ပျော်ရှာရန်အတွက် ထူး​​ထူး​​ခြား​​ခြား​​ စီမံ​​ပေး​​လျက်ရှိသည်။ ၎င်း​တို့​​သည် ​​ဖောက်သည်များ​​ထံသို့​​ ပြည့်​​တန်ဆာများ​​နှင့်​​ ပတ်သက်ပြီး​​ အစား​​အ​​သောက် အမည်များ​​ကို Codeအဖြစ် သတ်မှတ်ကာ SMS​​ပေး​​ပို့​​ပြီး​​ ဆက်သွယ်အ​​ကြောင်း​​ကြား​​​လေ့​​ရှိသည်။

ဥပမာအား​​ဖြင့်​​ အိမ်ထမင်း​​၊​ အိမ်ဟင်း​​ဆိုပါက မ​​လေး​​ရှား​​ အမျိုး​​သမီး​​များ​​ကို ဆိုလိုပြီး​​ ရင်း​​ဂစ်​​ငွေ ၂၀၀ ကျသင့်​​သည်။ နိုင်ငံတကာ အစား​​အစာ ဆိုပါက နိုင်ငံခြား​​ အမျိုး​​သမီး​​များ​​ဖြစ်ပြီး​​ ရင်း​​ဂစ် ၁၇၀ ​​ပေး​​​ချေရမည်ဖြစ်သည်။ မြန်မာ အမျိုး​​သမီး​​များ​​သည်လည်း​​ ဟင်း​​လျာစာရင်း​​တွင် ပါဝင်​​နေပြီး​​ မြန်မာ့​​ ပဲငရုတ် အသား​​ဟင်း​​ဟု လျှို့​​ဝှက်နာမည် ​​ပေး​​ထား​​သည်။အခြား​​​သော ဟင်း​​လျာများ​​အဖြစ် ယူကရိန်း​​ ဟင်း​​သီး​​ဟင်း​​ရွက် စွတ်ပြုတ်၊​ ထိုင်း​​တုံယမ်း​​ ဟင်း​​ချို၊​ ကန်တုံ​​ခေါက်ဆွဲ​​ကြော်၊​ အင်ဒိုနီး​​ရှား​​ ပုစွန်ငရုတ်စပ်တို့​​ ပါဝင်လျက်ရှိ​​ကြောင်း​​ သိရသည်။

ထိုပြည့်​​တန်ဆာ အဖွဲ့​​ကို SMSဖြင့်​​ ဆက်သွယ်ချိတ်ဆက်နိုင်ပြီး​​ ​​ဖောက်သည်များ​​အ​​နေနှင့်​​ ၄၅ မိနစ်ကြာ အရသာခံ မြည်း​​စမ်း​​ခွင့်​​ ရရှိမည်ဟု အဆိုပါ အဖွဲ့​​က ​​ကြေညာထား​​သည်။ ယင်း​​တို့​​​ရေး​​သား​​ထား​​သည့်​​ SMS ညွှန်း​​ဆိုမှုအရ ​​အော်ဒါရရချင်း​​ အမျိုး​​သမီး​​များ​​ကို ပို့​​​ဆောင်​​ပေး​​မည်ဖြစ်ပြီး​​ အမျိုး​​သမီး​​ အများ​​စုသည် အသက် ၂၅ နှစ်​​အောက်သာဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here